ကျန်းမာစေဖို့လက်လျှောက်စို့

in #msu5 years ago

image
မျက်မှောက်ကာလတွင် နည်းပညာများဆန်းသစ်လာမှုကြောင့် လူတို့သည် သွားလာလှုပ်ရှားခြင်းမှစ၍ လုပ်ငန်းခွင်အလုပ်လုပ်ဆောင်ခြင်းများတွင် စက်ပစ္စည်းများကိုအသုံးပြုမှုများလာကြသည်။ ထိုသို့ စက်ပစ္စည်းများကို အသုံးပြုမှုများလာခြင်းကြောင့် အလုပ်တွင်ကျယ်ကာ လူသက်သာသော်လည်း ကျန်းမာရေးရှုထောင့်ကကြည့်လျှင် လူတို့၏ကိုယ်ကာယလှုပ်ရှားမှုနည်းပါးလာသည်ကို တွေ့မြင်နေရသည်။
ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေးသည် အပြန်အလှန် အမှီသဟဲပြုနေသည်ဖြစ်ရာ ရောဂါဘယဖြစ်ပွားမှုများခြင်းနှင့် လူ့သက်တမ်းတိုရခြင်းအကြောင်းအရင်းများတွင် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းသည်လည်း တစ်ခုအပါအဝင်ပင်ဖြစ်သည်။
သွေးတိုး နှလုံး ဆီးချို လေးဖက်နာ အရိုးပွရောဂါနှင့် အဝလွန်ရောဂါတို့ဖြစ်ပွားရခြင်းမှာလည်း ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် နည်းပါးခြင်းကြောင့် ခန္ဓာကိုယ်တွင်အဆီတက်ပြီး ကိုလက်စထရောများဖိစီးလာ၍ဖြစ်ပွားခြင်းဖြစ်ကြောင်း ကျန်းမာရေးစာစောင်အချို့တွင် ဖော်ပြထားသည်ကို လေ့လာသိရှိရသည်။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏မှတ်တမ်းများတွင်လည်း ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် နည်းပါးခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် လူဦးရေနှစ်သန်းခန့်ခန္ဓာကိုယ်မသန်စွမ်းဖြစ်ခြင်း ရောဂါဘယထူပြော၍သေဆုံးခြင်းများ နှစ်စဉ်ကြုံတွေနေရကြောင်း ဖော်ပြထားသည်။ ထို့ကြာင့် လူတိုင်းအသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားမှုရှိရန် အားကစားတစ်ခုခုကို ပုံမှန်စွဲမြဲစွာပြုလုပ်သင့်သည်။
MSU-007