သူငယ်​ချင်းနဲ့လက်​ဖက်​ရည်​ဆိုင်

in #myanmar6 years ago (edited)

ချမ်း​အေးတဲ့​ဆောင်းမနက်​ခင်း တခုမှာ
လက်​ဖက်​ရည်​ဆိုင်​​လေးထဲ လှမ်းဝင်​လိုက်​တယ်​ဆိုရင်​ဘဲ။ စားပွဲထိုး​လေးက လှမ်း​မေးလိုက်​တယ်​ " အကို ဘာ​သောက်​မလည်း" ကျွန်​​တော်​လည်းသူ့ကိုကြည့်​ပြီး အပြုံး​လေးနဲ့မှာလိုက်​တယ်
်​ "​အေးညီ ပုံမှန်​တခွက်​ကွာ" "မုန့်​စားအုန်းမလားအကို"တဲ့ "​တော်​ပြီ မစား​တော့ပါဘူး"ကို့အိပ်​ကပ်​ထဲက ပိုက်​ဆံအ​ခြေ​နေကိုသိတယ်​​လေ § § § စားပွဲထိုး​လေးထွက်​သွားပြီး ​မကြာပါဘူး ကျွန်​​တော်​သူငယ်​ချင်း
ပြောမနာဆိုမနာ​ကောင်​​ရောက်​လာပါ​ရော
မျက်​နှာက စပ်​ဖြီးဖြီး နဲ့ လွတ်​​နေတဲ့ခုံကို ဆွဲယူထိုင်​ပြီးကျွန်​​တော်​ကိုလှမ်း​ပြောတယ်
"လက်​ဖက်​ရည်​တိုက်​အုန်း ​ဘောစိ" တဲ့ဗျာ
သိတယ်​​လေ ငယ်​​ပေါင်းသူငယ်​ချင်းအရင်းကြီးဟာ ဒီ​ကောင့်​​အ​ကြောင်းမသိရှိပာ့မလား သူ့မှာပိုက်​ဆံပါလည်း အာ့လို​ပြော​နေကျ
ကျွန်​​တော်​လည်းခပ်​တည်​တည်​ဘဲ ​ပြောလိုက်​တယ်​ "မှာ​လေကွာ" ကျွန်​​တော်​တို့စကား​ပြော​နေတုန်းမှာဘဲ ကျွန်​​တော်​မှာထားတဲလက်​ဖက်​ရည်​ လာချတယ်​ § § § ကျွန်​​တော်​သူငယ်​ချင်းကထပ်​မှာတယ်​ "ညီ​လေး ဖန်​ချို တခွက်​​လောက်​"စားပွဲထိုး​လေးက "ဟုတ်"​ဆိုပြီး မကြာပါဘူး လာချ​ပေးတယ်
ကျွန်​​တော်​လည်း လက်​ဖက်​ရည်​​သောက်​ရင်း အလုပ်​သွားရမည့်​ ခရီးကို စဉ်းစားရင်းစိတ်​​မော မိတယ်​ § § § ဟုတ်​တယ်​​လေ မ​မောရှိ​ရောလား ပုသိမ်​ကြီးက​နေ စစ်​ကိုင်းကို ​နေ့ချင်းပြန်​ အလုပ်​ဆင်းရတာ ဆိုင်​ကယ်​နဲ့အမြန်​​မောင်းရင်​​တောင်​ ၁ နာရီ​ကျော်​တယ်
ဘေးကသူငယ်​ချင်းက ကျွန်​​တော်​ကိုကြည့်​ပြီး ​မေးလိုက်​တယ်​ "​ဟေ့​ကောင်​ ဘာ​တွေစဉ်းစား​နေတာလည်းဟ" ကျွန်​​တော်​လည်း ပြန်​​ဖြေလိုက်​တယ်​"​အေးကွာ အလုပ်​သွားရမယ့်​ လမ်းအ​ကြောင်း စဉ်းစား​နေတာ"အဲ့​ကောင်​​ဇော်​ထွန်းပြန်​​ပြောတာလည်းကြည့်​လိုက်​အုန်း"သူ​တောင်းစား စဉ်းစားမ​နေနဲ့ မြန်​မြန်​​သောက်​၈နာရီ ​ကျော်​​နေပီတဲ့"​ပြောမနာဆိုမနာသူငယ်​ချင်း​တွေဆို​တော့ သူ​တောင်းစား​ပြောခံရတာ​တောင်​ နာရမှန်းလည်း ကျွန်​​တော်​တို့​တွေမသိကြ​တော့ပါဘူး ကျွန်​​တော်​အကူညီလိုရင်​ သူကူညီ​ပေးသလို သူအကူညီလိုရင်​လည်း ကျွန်​​တော်​​ပေးလိုက်​တာပါဘဲ​လေ § § § ကျွန်​​တော်​လည်းဆိုင်​က ချိတ်​ထားတဲ့ နာရီကို လှည်းကြည့်​မိတယ်
ဟုတ်​တယ်​ဗျ ၈နာရီ​ကျော်​​နေပီ
စားပွဲထိုး​လေး ကိုလှမ်း​ခေါ်လိုက်​တယ်
"ပိုက်​ဆံရှင်းမယ်​ ညီ" သူပိုက်​ဆံတွက်​တယ်​ လက်​ဖက်​ရည်​၂ခွက်​က ၅၀၀ ကွမ်း ၅၀၀ ဖိုးနဲ့ ၁၀၀၀ ကျတယ်​ § § § ကျွန်​​တော်​လည်း​ဇော်​ထွန်းကိုလှည်းကြည့်​ပြီး ​ပြောလိုက်​တယ်
"၁၀၀၀ ကျတယ်​တဲ့ မင်းရှင်းလိုက်​"သူ့ထုံးစံ အတိုင်း ​မေတ္တာ ပို့ပါ​လေ​ရော အိပ်​ကပ်​ထဲနှိုကြ်​ပီး ၁၀၀၀တန်​​လေး ထုတ်​ရှင်းလိုက်​တယ်
ကို့ထမင်းချိုင့်​​လေး​တွေကိုယ်​ယူပြီး ဆိုင်​ကယ်​ စုတ်​​လေး​ပေါ်တက်​ခါ ကျွန်​​တော်​တို့ရဲ့ တ​နေ့တာအတွက်​ လုပ်​ငန်းသွားရပါ​တော့တယ်
ကျွန်​​တော်​တို့ရဲ့မနက်​ခင်း လက်​ဖက်​ရည်​ ဆိုင်​ထိုင်​တဲ့ပုံစံ​လေးပါ

ရေးသူ @aunggyi
MSc no 179
Steemit မှသူငယ်​ချင်းမိတ်​​ဆွေများအားလုံး
သာယာချမ်း​မြေ့​သော​နေ့​လေးဖြစ်​ပါ​စေIMG_20171224_112302.jpgU5drxtvNo7CaYvMdBsUWVWrgYTtu9QY_70x80.png

Sort:  

စာရေးသားတဲ့နေရာမှာ၊ တယ်၊ ကွဲ့၊ ရဲ့၊ နဲ့၊ ဟုသောအသုံးအနှုံးများကို တိုက်ရိုက်ပြောစကားများနေရာတွင် မျက်တောင်အဖွင့်အပိတ်နှင့်သာ သုံးသင့်ပါသည်။ အသုံးအနှုံးများကိုဂရုစိုက်စေချင်ပါသည်။
https://steemit.com/myanmar/@tinhlaingoo/ellamwttha-sundefinedyatham-nnysannsundefined-tin-hlaing-oo ကိုဖတ်ရှု့စေလိုပါသည်။

ဟုတ်​ဆရာ ဖတ်​လည်းကြည့်​ပါ့မယ်
ဂရုလည်းစိုက်​ပါမယ်​ဆရာ ​ကျေးဇူးတင်​ပါတယ်​ ဆရာ

အကို ရေ ပုသိမ် ကြီး ကနေ စစ်ကိုင်းဘက်ကို သွားတဲ့ လမ်းမှ ရူခင်းလှလှလေးတွေ ရှိ ရင် post လေးမှ ထည့်ပေးပါလား အကို ကျွန်တော် မရောက်ဘူးလို့ ပါ စစ်ကိုင်းက ရူခင်းလေးတွေ လှတယ်လို့ ရောက်ဘူးတဲ့ လူတွေ ပြောတော့ မြင်ချင်လို့ ပါ။

ဟုတ်​ အကို

မနက်​မိုးလင်းတာနဲ့ တာဝန်​ဆိုတာကြီးက​ခေါင်းထဲ​ရောက်​​ရောက်​လာတယ်

တာဝန်​သိတာကိုက ​လေးစားစရာပါ

တစ်ခန်းစာ ဇာတ်ကွက်လေးပေါ့နော်

ဟုတ်​ thank bro

upvoted you with 100 power,, @yousafharoonkhan

Thank you

fallow me if you not

Ok i follow