အိပ်တန်းပြန်ငှက်ကလေးများ၏ မြည်ကြွေးသံနှင့်အတူ အမိပျောက်နွားပေါက်ကလေးတို့၏ အော်မြည်သံများက လယ်ပြင်ယာတော၌ ဆူညံ၍နေကြပေပြီ။တနေဝင်ပြန်ပါကောလေ။
နေ့တဓူဝ ရုန်းကန်လှုပ်ရှား၍ ပင်ပန်း နွမ်းနယ်သမျှ အပန်းဖြေ အနားယူကြရသည့်အခါပေတကား။တနေ့သစ်ရင် အားသစ်တွေနဲ့ လုပ်ငန်းခွင်ဝင်နိုင်ဖို့ အရေး ခပ်စောစောအိပ်ရာဝင်တတ်သည့်သဘာဝက တောင်သူလယ်သမားတို့၏ အလေ့အထ တစ်ခုပါပေ။ထက်ကောင်းကင် အမှောင်ကြားမှ တစ်ချက် ၊တစ်ချက် လင်းလက်လာသည့် လျှပ်စီးအရောင်များနှင့် သည်းမည်းစွာ ရွာတော့မည့်ပမာ ဒေါသတကြီး ဟိန်းလိုက်သည့် မိုးချိန်းသံများကလည်း တေးဆိုသိပ်သည့်ပမာ။ထိုရွာကလေး အိပ်မောကျနေချေပြီ။
ဇွန်လ၏ မိုးဦးကား ပြောစမှတ်တင်လောက်အောင် သည်းမဲစွာ ရွာချလျှက်ရှိပေသည်။အာရုဏ်ကျင်း၍ လင်းလုပြီ။အရှိန်ကောင်းကောင်းနဲ့ရွာချနေသော မိုးကြောင့် လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေကြသော လယ်သမားတသိုက် ခမောက်လေးများကိုယ်စီ ဖြင့် နွားဆွဲသူဆွဲ၊ ထမ်းပိုးထမ်းသူထမ်းဖြင့် မစဲနိုင်သေးသည့်မိုးကို အံတု့ရင်း အလုပ်ရှုပ်နေကြပေသည်။
ပျိုးထောင်သည့်ကာလဖြစ်သည့်နှင့်အညီ ရာသီမီ စိုက်ပျိုးနိုင်ဖို့အရေး သူ့ထက်ငါ အပြိုင်ကြိုးစားရင်း မိသားစုဝမ်းရေးအတွက် သူတို့ ရုန်းကန် နေကြရှာပြီလေ။နေပူနဲ့ မိုးရွာ ဘယ်အရာမှ မမှုနိုင်ရှာပါဘူး။သည်မြေမှာ စပါးစိုက်ပြီးမှ ရလာသည့် ဆန်စပါးကို သူတို့ စားနိုင်လှူ နိုင်တော့မှာပေါ့။စိတ်ကူး နှင့်အိပ်မက် လက်တွေ့များဖြစ်ခဲ့လျှင် သူတို့ ဘယ်လောက်များဝမ်းသာကြရှာမလဲ။အိပ်မက်ဆိုတာ လူသားတိုင်းရဲ့ မျှော်လင့်ရာ ပန်းတိုင်လေးပဲ မဟုတ်လား။
တသွင်သွင် စီးဆင်းနေသော ချောင်းကလေးသည် သည်းမဲစွာ ရွာသော မိုးကြောင့်ထင်။ ဒိုက် ပုံ သစ်စများ မျောပါလျှက် နှောက်ပျစ်သော ရေနှင့်အတူ တရိပ်ရိပ်တက်၍ လာချေပြီ။ချောင်းနံဘေး ဝဲယာရှိ လယ်သမားများကား ထယ်ရေးနား၍ မိုးတိမ်ကို မော့ကြည့်ရင်း ရင်တမမဖြင့် နေကြရရှာလေပြီ။ကုန်းမြင့်ကြောမှ လယ်သမားတသိုက်တော့ ကျွဲနွားများအား ဆဲဆိုသံ၊ကြိမ်းမောင်းသံများ၊ တေးသီဆိုအော်မြည်သံများ စုံလင်စွာဖြင့် ထယ်ရေးနှင်နေကြဆဲ။ကိုယ်စီဘဝတွေမို့ သူတို့ကတော့ ပျော်နေကြသည်တကား။
တောင်ကျရေနှင့်အတူ တောင်သူတွေထံ သယ်ဆောင်လာတတ်တာက သူတို့လုပ်ငန်းအတွက် အခက်ကြုံစေသည့် ကျွဲနွား ခွာနာလျှာနာ ရောဂါပင်။အပူအအေး မညီမျှသည့် ဖောက်ပြန်သောရာသီဥတုကြောင့် ဤရောဂါသည် သူတို့လို တောင်သူတွေအတွက် အနီးကပ်ဆုံးရန်သူ။ကူးစက်ရောဂါတမျိုးမို့ ၎င်းရောဂါဖြစ်လျှင် သူတို့တောင်သူတွေ ဒုက္ခရောက်ကြစမြဲ။သေစေနိုင်သော ရောဂါမဟုတ်ပေမဲ့ အနည်းဆုံး ရက်သတ္တတစ်ပတ်ကျော်ပင်လျှင် လုပ်ငန်းနား၍ နေကြရမည် ဖြစ်သဖြင့် ထိုရောဂါဆိုးအား သူတို့ကြောက်တတ်ကြသည်။
မိုးစဲသွားခဲ့ပြီမို့ လုပ်ငန်းခွင် အသီးသီး ဝင်ရောက်နေကြပြန်လေပြီ။ပျိုးကြဲရန်ပြင်ဆင်နေကြသော လယ်သမားများကလည်း မိမိတို့၏ ပျိုးခင်းအား ကျွဲနွားများ ဝင်ရောက် မဖျက်စီးနိုင်စေရန် တုံး၊ဝါး ခြံများဖြင့် ကာရံနေကြလေသည်။မိုးစဲသည်နှင့် တပြိုင်နက် စူးရဲထွက်ပေါ်လာသော သူရိန်နေမင်းကား အစွမ်းကုန်ပူပြင်း၍ လာခဲ့ချေပြီ။နေမွန်းတည့်တော့မည်။မနက်ကစိုစွက်နေခဲ့သော အဝတ်အစားများပင် ကိုယ်အပူရှိန်ကြောင့်လား၊ ရှင်နေမင်း၏ အပူရှိန်ကြောင့်လားမသိ သွေ့ခြောက်၍ သွားခဲ့ချေပြီ။လုပ်ငန်းသိမ်းဖို့ အချိန်တန်ပြီလေ။နေမင်းကသာ ဝမ်းကဟာသမို့ အိမ်သူချက်၍ ပို့သည့် ထမင်းဟင်းက မကောင်းရင်တောင် စားမြိန်ဦးတော့မည် မဟုတ်ပါလား။
ကြိုးစားပါဦးမည်။
@aungmyowin
Images from google
@aungmyowin got you a $1.46 @minnowbooster upgoat, nice! (Image: pixabay.com)
Want a boost? Click here to read more!
Congratulations @aungmyowin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
အရန်းကောင်းတဲ့ ဘဝသရုပ်ဖော်လေးပါ အားပေးနေပါမယ်
vote ခ
ကျေးဇူး
မိုးရွာမရှောင်၊ နေပူမရှောင် ဝမ်းရေးအတွက်ကြိုးစားအားထုတ်နေရတဲ့ တောင်သူဦးကြီးတွေရဲ့ ဘဝကိုလေးစားမိပါတယ်။
ဟုတ်တယ်ဗျာ
This post received a 5% upvote from @randowhale thanks to @aungmyowin! For more information, click here!