ရွှေမြင့်မိုရ် မပြိုသေးသမျှ

in #myanmar8 years ago

"သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်" ဆိုသော စကားသည် လူ့ဘောင်လောကတွင် ရှင်သန်ကျင်လည်ကြရသည့် ကျနော်တို့လူသားအားလုံးအတွက် ရှောင်လွှဲ၍ မရနိုင်သော နိယာမတစ်ခုဖြစ်သည်။ငယ်ရွယ်စဉ်မှ အရွယ်ရောက်လာပြီး မိဘနေရာရောက်နေကြသည့် ကျနော်တို့သည်လည်း ဟိုတစ်ချိန် မိဘရင်ခွင်ခိုလှုံစဉ်တုန်းက မိမိကိုယ်ကို အတောင်အလက်စုံပြီး ပျံသန်းနိုင်ပြီဟု ယူဆချိန်များ၌ ကိုယ့်လမ်းကိုယ်လျှောက်ကာ မိသားစုတစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ပုံဖော်တည်ဆောက်ခဲ့ကြသူများပင် ဖြစ်ကြပါသည်။မိဘဆိုသည်မှာ ကိုယ့်သားသမီး ဘယ်အရွယ်ပင်ရောက်ရောက် ရင်အုပ်မကွာစောင့်ရှောက်ကာ အတူတကွနေထိုင်ခြင်ကြသူများပင် ဖြစ်သည်။သို့သော်လည်း သားသမီးများမှ တစ်အိုးတစ်အိမ်ထူထောင်ကာ ကိုယ့်မိသားစုနှင့်ကိုယ် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်သွားနိုင်ကြမည်ဆိုလျင် ကျနော်တို့ မိဘများမှာ သားသမီးများနှင့် အဝေးဆုံးတွင်နေရသော်လည်း ဖြေသိမ့်ဝမ်းသာနိုင်ကြပါသည်။

image
သားသမီးများမှ မိမိစိတ်ပျော်ရွှင်နိုင်မည် ယူဆပြီး ကိုယ့်လမ်းကိုယ်လျှောက်ကာ တစ်အိုးတစ်အိမ်ထူထောင်ထားကြပေမယ့်လည်း တည်ဆောက်ထားသည့် အိမ်ထောင်ရေးအဆင်မပြေဖြစ်နေပါက သားသမီးတွေ အစဉ်ပျော်ရွှင်နေသည်သာ မြင်ခြင်ကြသော မိဘများအနေနှင့်လည်း ပူပန်သောကဖြစ်ကာ စိတ်မချမ်းသာရသလို ကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်နေကြသည့် သားသမီးတွေအနေနှင့်လည်း ဆုံးရှုံးနစ်နာမှုများ များစွာကြုံတွေ့ရနိုင်ပါသည်။သို့ဖြစ်၍ အတောင်အလက်စုံပြီး မိဘရင်ခွင်မှပျံသန်းကာ အိမ်ထောင်ရက်သားပြုကြမည့် သားသမီးများအနေနှင့်လည်း လောကနိယာမအကြောင်းအား ကောင်းစွာသိရှိနားလည်ကြစေရန် လက်ရှိမိဘနေရာရောက်နေသည့် မိဘတစ်ယောက်အနေနှင့် ကျနော်အကြံပြု ရေးသားခြင်ပါသည်။

image
အမျိုးသားနှင့်အမျိုးသမီး ချစ်သူတွေဖြစ်ကြပြီဆိုလျင် ချစ်တဲ့စိတ်တွေကြောင့် ကိုယ့်ဘဝကို အုပ်ထိန်းလမ်းညွှန်ပေးတဲ့ မိဘတွေကိုဆန့်ကျင်ဖို့လည်း ဝန်မလေးတတ်ကြတော့ပေ။တစ်သက်လုံး လောကအလယ်မှာ မျက်နှာမငယ်ဘဲ ကိုယ့်ခြေထောက်အပေါ်ကိုယ် ရပ်တည်နိုင်ဖို့ သွန်သင်ဆုံးမပေးတဲ့ စကားတွေကိုလည်း ပယ်ရှားပစ်ဖို့ အသင့်ဖြစ်နေတတ်ကြပါသည်။မိဘက ဘယ်လောက်ပင် မသင့်တော်၍ ဆုံးမပါစေ ကိုယ့်ချစ်သူရဲ့စကားတစ်လုံးနဲ့ ယှဉ်လိုက်ပါက သဲထဲရေသွန်သလို အရာမထင်ဖြစ်ကာ အပြစ်မမြင်မိတတ်ကြသည်မှာလည်း ငယ်ရွယ်စဉ်ချိန်မှာဖြစ်တတ်သည့် သဘာဝပင်ဖြစ်သည်။ချစ်သူရည်းစားဘဝကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်နိုင်ပေမယ့် အိမ်ထောင်ရေးမှာတော့ အချစ်တစ်ခုတည်းနဲ့မပြီးနိုင်ပါ။နားလည်မှုတွေ အနစ်နာခံမှုတွေနဲ့အတူ စိတ်တူကိုယ်တူရှိပြီး ရည်းစားဘဝတုန်းကလို အပြစ်မမြင်ဘဲ အချစ်တွေသာမြင်တတ်ကြဖို့လည်း အရေးကြီးပါသည်။တစ်ဦးနှင့်တစ်ဦး သာတယ်နာတယ် မတွက်ကြဘဲ ဟန်ချက်ညီညီနဲ့ တစ်ယောက်လက်တစ်ယောက်တွဲပြီး တိုက်ပွဲဝင်နိုင်ရင် အခက်အခဲမှန်သမျှကိုလည်း ကျော်လွှားသွားနိုင်မည် ဖြစ်ပါသည်။
image
တစ်ဦးနှင့်တစ်ဦး ကြိုက်နှစ်သက်လို့ အတူတကွနေထိုင်ကြပေမယ့် အိမ်ထောင်သည်ဖြစ်ပြီဆိုရင်တော့ သူ့အသိုင်းအဝိုင်း ကိုယ့်အသိုင်းအဝိုင်းတွေနဲ့ မဖြစ်မနေပါတ်သက်ရပါမယ်။ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့အတွက် မိန်းခလေးရော ယောက်ကျားလေးပါ နှစ်ဖက်အသိုင်းအဝိုင်းကို တစ်သက်လုံးအတူနေခဲ့တဲ့ ကိုယ့်အသိုင်းအဝိုင်းအဖြစ် ခံယူပြီး ဆက်ဆံသင့်ပါတယ်။ဒါ့အပြင် အိမ်ထောင်တစ်ခုရဲ့ အဓိကကျတဲ့ အနှောင့်အယှက်ဖြစ်တဲ့ သံသယဆိုတဲ့အရာ မရှိမိအောင်လည်း ပြုမူနေထိုင်သင့်ပါတယ်။တစ်ဦးနှင့်တစ်ဦး သံသယမျက်လုံးနဲ့ ကြည့်မိရင် ပူပင်သောကတွေသာ ရင်ဆိုင်ရနိုင်ပြီး ယုံကြည်မှုတွေ အလိုလိုပျောက်ဆုံးသွားနိုင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိတော့ပါက ဘာပဲလုပ်လုပ် အကောင်းမမြင်နိုင်တော့သလို သာယာနာပျော်ဖွယ်စကားတွေထက် ကြမ်းတမ်းခက်ထန်တဲ့ စကားတွေဘဲ ကြားနေရမှာပါ။အိမ်ရဲ့ကျက်သရေဆိုတာလည်း အဝေးကြီးကိုရောက်သွားပြီး စိတ်ချမ်းသာပျော်ရွှင်မှုတွေလည်း ပျောက်ဆုံးသွားနိုင်ပါတယ်။

နှစ်ယောက်တစ်ဘဝဆိုပြီး စတင်ထူထောင်တဲ့အခါမှာ ရင်သွေးဆိုသည့် အရာလည်းမကြာခင်အချိန်မှာ ရှိလာနိုင်ပါတယ်။သားသမီးဆိုတာ အိမ်ရဲ့ဆည်းလည်းလေးလည်းဖြစ်ပြီး သူတို့လေးတွေရဲ့အနာဂါတ်အပေါ် မိဘတွေရဲ့လုပ်ရပ်တွေဟာ သက်ရောက်မှုရှိနိုင်ပါတယ်။သားသမီးတွေရဲ့ဘဝ အောင်မြင်တိုးတက်ဖို့ မိဘတွေအပေါ်မူတည်သလို ကိုယ့်ရင်သွေးလေး ပညာတတ်ကြီးဖြစ်ဖို့;လူတကာအထင်ကြီးလေးစားပြီး ကိုယ်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ် ရပ်တည်နိုင်တဲ့သူဖြစ်ဖို့ ပျိုးထောင်ရာမှာလည်း တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေဟာ မိဘတွေဖြစ်ပြီး မိသားစုဝင်တိုင်း တာဝန်ကိုယ်စီကျေဖို့လိုအပ်ပါတယ်။တစ်ဦးနှင့်တစ်ဦး ဆိုးတူကောင်းဖက် သဘောထားကာ ဘာမဆိုအတူတကွလက်တွဲပြီး ရင်ဆိုင်ဖြေရှင်းကြမယ်ဆိုရင် ခိုင်မြဲတဲ့အိမ်ထောင်တစ်ခု တည်ဆောက်နိုင်မည့်အပြင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကိုပါ ပိုင်ဆိုင်နိုင်မည်ဖြစ်ပါတယ်။ဇနီးမောင်နှံတိုင်း သာယာတည်တံ့တဲ့ အိမ်ထောင်တစ်ခုကို ရရှိပိုင်ဆိုင်ပြီး စိတ်သောကများ ကင်းဝေးနိုင်ကြစေ။ အရွယ်ရောက်သော သားသမီးများ ပိုင်ဆိုင်ထားကြသည့် မိဘတိုင်း အသက်နဲ့ ခန္ဓာတည်မြဲပြီး ရွှေမြင့်မိုရ် မပြိုသေးသမျှ သားသမီးများအတွက် ဤ စိုးရိမ်သောကများနှင့် ရင်ဆိုင်ပြီး ပူပန်ပေးနေကြရဦးမည်သာဖြစ်ပါသည်။

image စာရေးသူ : @aungsihein2 / ဦးလေးသိန်း

Sort:  

Good Story

ဟုတ်ပြီဗျာ။

ကောင်းမွန်တဲ့ဆောင်းပါလေးပါ

ကျေးဇူးတင်သဗျို့ ။

nice post

ဟုတ်ပြီဗျာ။

သားသမီးတိုင်း ဖတ်သင့်တဲ့  ပိုစ့်ပါ ဗျာ။

ဟုတ်သပါ့ဗျာ။

အရေးသားကတော့ မပြောပါ့လောက်သေးဘူး ရယ်ဗျ။

သင်ခန်းစာယူစရာ အတွေ့အကြုံတွေကို ဝေမျှလို့ ကျေးဇူးတင်ပါတယ်။

အရမ်းကောင်းတဲ့အရေးအသားခံစားချက်တွေအတွက်လေးစားရပါတယ်ဗျာ

wwow very nice မှတ်သားထိုက်ပါပေတယ်ဗျာ

The story is remember for my family.

ပြောစရာမရှိပါ ကောင်းပါသည်လို့ပဲပြောရမှာပါ။

Congratulations @aungsihein2! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!