To....♡♡♡

in #myanmar6 years ago (edited)

♡စိတ်ကောက်တက်သောချစ်သူလေး...သို့♡
image
♡စိတ်ကောက်နေတဲ့ ချစ်သူကိုချော့သိပ်ဖို့
ချောကလက် အိမ်မက်လေးတွေကချိုအီမွှေးလို့...

♡ကောင်ကင်ပြာကြီးပေါ်မှာ ခိုတွဲနေတဲ့
ကြယ်ပွင့်လေးတွေနဲ့ လရောင်တွေရဲ့ ပွင့်ဖက်ကလည်း
ဖျက်ခနဲ...ဖျက်ခနဲမြူးခုန်ကလို့....

♡ချစ်သူပါးပြင် ဖောင်းဖောင်းလေးရဲ့အပြုံးထဲမှာ
တူတူပုန်းတမ်း ကစားချင်တဲ့ အချစ်စိတ်က
တိတ်တိတ်လေး ခုန်ချသွားလိုက်တာ
ရှက်ကိုးရှက်ကန်းနဲ့ပေါ့....

♡ချစ်သူရဲ့ နှင်းဆီနှုတ်ခမ်းဖူးဖူးမှာ
စိတ်ကူးတွေ စိုက်ခွင့်ပျိုးခွင့်ရနိုင်မလား...
ချစ်ခြင်းတရားဆိုတာ ရောင့်ရဲမှုမှ မရှိနိုင်ဘဲ....

♡ပန်းနုရောင် ကိုယ့်နှလုံးသား
တယောထိုးသံလေးကတော့...
ဘဝတစ်သက်တာ ရွာကျမဲ့
ဝါကျတစ်ကြောင်းအတွက်
သံသယဖြစ်စရာ မလိုပါဘူး...
နှစ်ဦးသဘောတူ ခိုင်မြဲခဲ့တဲ့ အချစ်တွေက
ထပ်တူထပ်မျှ....။
image
@aungzin
MSC No. 242

Sort:  

အဲလဲ့ အဲလဲ့ 😄

ရည်းစားစာ​တွေ​ရေး​နေတာလားဟင်
က​ဗျာ​လေး​ကောင်းတယ်​bro ဘာပဲဖြစ်​ ဖြစ်​ cmt bot ရ​အောင်​စာရှည်​ရှည်​​ရေးရတာ​ပေါ့​နော်​။ 😄