အဖြေတစ်ခုတော့လိုနေပြီ

in #myanmar8 years ago (edited)

th.jpg

မျှော်လင့်ခြင်းတွေကို ကျောပိုးအိတ်ထဲထိုးသိပ်ထည့်ပြီး ကမ်းတစ်ဖက်ကို ကျွန်တော်တို့ကူးခတ်နခဲ့ကြတာပါ။
စတင်ကူးခတ်စဉ်အချိန်က မရဲတရဲ မကူးရဲကူးရဲပေါ့။တစ်ချို့ဆိုရေထဲတောင်မဆင်းရဲခဲ့ပါဘူး။
ကမ်းနဘေးမှာထိုင်ပြီး အများသူငါ ကူးကြခက်နေကြတာကို ငေးမျှော်ကြည့်ရင်း အားကျနေခဲ့မိတာပေါ့ ရေထဲရောက်နှင့်သူတွေ ရေလယ်ရောက်နေသူတွေ အခုမှဆင်းကူးမဲ့သူတွေ အားပေးကြလေရဲ့ လာပါ ကူးပါ။ဘာမှမဖြစ်ပါဘူး ငါတို့ရှိတယ်။စိတ်မပူနဲ့ ငါတို့အနားမှာနေ မင်းကိုတို့ဝန်းရံထားမယ် ။ငါတို့လမ်းပြပေးသလိုလိုက်လို့ကူး။ရဲရဲသာကူး။ဒါဆိုမင်းမကြာခင်ကူးတက်ခက်တက် လာလိမ့်မယ်။
ဒီလိုလေးတွေအစပြုပြီး ရေထဲကိုဆင်းရဲလာတယ် ရေထဲမှာစမ်းကူးခဲ့ကြတယ် ရေကူးတက်လာကြတယ်လေ။
စိုးရိမ်စိတ်တွေနဲ့ ကမ်းဘက်ကို ပြန်ပြန်ကြည့်တက်တဲ့ ကျွန်တော် သတိထားမိနေတယ်လေ။မြင်နေရတာပေါ့။
ကမ်းပေါ်ပြန်တက်သွားသူတွေလဲရှိတယ် ရေထဲကိုအခုမှစဆင်းလာသူတွေကပိုများတယ် တစ်ချို့လဲ ဆင်းလိုက်
ကူးလိုက် ကမ်းပေါ်ပြန်တက်လိုက်ပေါ့ သူ့စိတ်ကူးနဲ့သူပါဘဲလေ။ အဲ့ဒီမှာအတွေးစတွေက ၀င်လာပြီလေ.......
ကမ်းနားတ၀ိုက်မှာတော့ စည်းကားလို့နေလေရဲ့ နောက်ဆိုပိုလို့စည်ကားလာဦးမယ်လေ..... ဒီကမ်းနားမှာဘဲ
ရေကူးတက်ဖို့ သင်ယူခဲ့တယ် ခွန်းအားမွေးမြူခဲ့တယ် သက်လုံကောင်းတွေ လေ့ကျင့်ခဲ့ကြတယ်
အချိန်တွေ များစွာဒီကမ်းနားမှာ ကုန်လွန်ခဲ့ကြတယ်။ကမ်းနားမှာဘဲ တ၀ဲလည်လည်ပျော်နေတက်ကြပြီလေ ကမ်းရဲ့အလွန်ကို ထွက်နိုင်တဲ့သူ ထွက်ရဲတဲ့သူ
ထွက်အောင်ကြိုးစားနေတဲ့သူ ဘယ်နှစ်ယောက်များလဲ။ ကမ်းရဲ့တစ်ဖက်ကိုအရောက်သွားကြမယ့်သူ ဘယ်သူတွေများလဲ မိမိကိုယ်တိုင်ကော ကမ်းတစ်ဖက်ကို အရောက်သွားနိုင်ပါမည်လား............
ကိုယ့် ကိုကိုယ်လည်းအထပ်ထပ်ပြန်မေးနေရတယ်လေ။ အပျော်ကူးနေတာလား...... အတည်ကူးနေတာလား.......အရောက်ကူးနေတာလား...........ပေါ့

dcfd8d210c6303c68b48ae8490c675d1.jpg
ဒီအချိန်မှာတော့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချရတော့မယ်လေ
ကမ်းရဲ့ ဟိုမှာဘက်ကမ်းဆီအရောက်ကူးမည်လား
ကူးနိုင်ပါ့မလား။ကမ်းရဲ့ ဟိုက်ဘက်ကိုလဲ လှမ်းမမြင်နိုင်ခဲ့ပါဘူး
မြူတွေမှိုင်းလို့နေတာလား ...... ကမ်းကဘဲဝေးနေတာလား.......
မြစ်ကြီးကဘဲ ကြီးနေတာလား....... ကျယ်နေတာလား..........
တွေးဆလို့တော့မရနိုင်သေးပါလေ........ရေစီးကြောင်းတွေရဲ့သဘော
ရေတွေရဲ့အရသာ ရေထဲမှာရှိနေတဲ့အရာတွေ ပူသလာအေးသလားနွေးသလား
အပေါ်ယံသဘောလေးတွေတော့ လေ့ကျက်မိပြီပေါ့

Lonely-Man-HD-Wallpaper-2.jpg
ဟိုတဖက်မှာကမ်းအစပ်တစ်ခုရှိနေတာတော့ သိနေခဲ့ပါတယ်
အရောက်သွားရမဲ့နေရာပေါ့။ရောက်ရမည့်ပန်းတိုင်ပေါ့။
ခရီးတစ်ခုရဲ့အဆုံးပေါ့။ရည်မှန်းရာနေရာပေါ့။ရောက်ချင်ခဲ့တဲ့နေရာပါ။
ဒီမှာဘက်ကမ်းကိုစွန့်ခွာပြီးကာမှ ဟိုဘက်အရောက်ကူးနေခဲ့တာပါ။
အချိန်တွေကုန်လာသည်နှင့်အမျှ ဒီမှာဘက်ကမ်းနဲ့လဲဝေးလာပါပြီ။
ဟိုဘက်ကမ်းနဲ့လည်းနီးလာပြီဆိုပါဆို့။ဘယ်လောက်နီးတာလဲ
မသိပါ။အခုသိနိုင်တာတော့ ဒီမှာဘက်ကမ်းနဲ့တော့သိပ်မဝေးသေးဘူးလေ။
လှည့်လို့ပြန်ချင်နေပြီလား။အချိန်မှီပါသေးတယ်လေ။ဆက်လို့ကူးမည်လား
ခွန်အားတွေတော့အပြည့်ရှိပါတယ်
မကြာခင်အချိန်တစ်ခုမှာတော့ ရေလယ်ကိုရောက်လိမ့်မည်။ဟိုဘက်အရောက်
ဆက်လို့ကူးနိုင်ဖို့လိုလေမည်။ဘယ်အချိန်ရောက်မှာလဲ ။မသိပါလေ။
ကမ်းအကျယ်ကို မခန့်မှန်းနိုင်သေးတဲ့အချိန် ယုံကြည်မှုနဲ့ဝီရိယသည်သာကိုယ့်
အတွက်အားကိုးရာအမှန်ဘဲပေါ့။ပြန်လှည့်ဖို့အတွက်ဆိုရင်လဲ အချိန်ကောင်းပါဘဲ
ရေအလယ်မှာလဲ နစ်မြုပ်မခံနိုင်ဘူးမဟုတ်လား။ဟိုဘက်ရောက်ရင် ခရီးဆုံးမယ်လေ။

17636-desktop-wallpapers-sea-stones.jpg

အရောက်သွားနိုင်မည်လား။အရောက်သွားမည်လား။။ရေတိမ်တိမ်ကမ်းအစပ်မှာဆော့ကစား
တာလောက်နဲ့ကျေနပ်မည်လား ကမ်းနဲ့ခပ်လှမ်းလှမ်းမှာ လက်ပစ်ကူးကြည့်တာလောက်ဘဲလား
ဟိုဘက်ကမ်းကကျောက်စရစ်ခဲလေးတွေက သိပ်ကိုလှလိမ့်မယ်လို့သေချာစွာနဲ့ယုံကြည်နေပြီဆိုရင်တော့
ခိုင်မာတဲ့ဆုံးဖြတ်ချက် တစ်ခုချမှတ်ရမယ့်အချိန်တော့တန်ပြီပေါ့။
image
Author : @bobokyaw
Photos credit; Google Image
MSC-060

Sort:  

ရေတော့ကူးနေကြာဒါပဲ ခရီးဆုးံမဲ့ ဟိုဘယ်ကမ်းလေးမှာ မည်သူများရောက်ရှိလို့ မည်သို့ ပျောမြူး ကစားနေကြပါသနည်း............တွေးလျက်ဆက်လက်ကူးရအုးံမည်။

သွားရမည့်နေရာသိတယ် သွားရမည့်လမ်းသိတယ် ရောက်အောင်သွားရန်အတွက်မိမိတာဝန်သာဖြစ်တယ် ယုံကြည်တယ်ဆိုရင်အတူလိုက်ခဲ့ပါ
ဟိုဘက်ကမ်းကိုအရောက်သွားမယ်လို့ ရင်ဘက်ချင်းတူရင် လက်ချင်းချိတ်လိုက်ပါ
သူမနစ်ဖို့ ကိုယ်ကြိုးစားပေးမယ် ကိုယ်မနစ်ဖို့လဲ သူကြိုးစားပေးရမယ်
ဟိုဘက်ကမ်းမှာတို့အမျိုးတွေ မရှိသေးတာတော့သိတယ်
လာရောက်အားပေးလို့ ကျေးဇူးပါအစ်ကို

အတွေးတစ်ခုကို ဖြစ်ပေါ်စေတဲ့ စာလေးပါ

ကျေးဇူးပါညီ

အတွေးတွေမိုက်။

ကျေးဇူးတင်ပါတယ် အစ်ကို

ရေကူးခြင်းအတက်ပညာကို ကျွမ်းကျင်ပိုင်နိုင်ပြီဆိုမှ တစ်ဖက်ကမ်းကို ကူးသင့်တယ်ထင်တယ်နော်

ဟိုဘက်သွားမယ်လို့ ရည်မှန်းပြီး ရေကူးသင်တာပိုနည်းလမ်းကျမှာပါ

Good

ကျေးဇူးပါ

အ​တွေးလည်း​ကောင်း အ​ရေးလည်း​ကောင်းဗျာ

ဟုတ်ကဲ့ပါ
ကျေးဇူးတင်ပါတယ်ဗျ

ဒီဘက်​ကမ်းပြန်​ကူးတဲ့သူက အများသား..

အရောက်သွားမယ့်သူနဲ့လက်တွဲချင်တယ်

ခိုင်မာတဲ့ဆုံးဖြတ်ချက်တခုချပီးရင်တော့ မလျော့သော ဇွဲ၊လုံ့လ၊၀ီရ်ယ တို့နဲ့ကြိုးစားကူးခတ်ရတော့မှာပေါ့...

ရောက်အောင်သွားကြစို့

စာ​ရေးဖို့​တွေးထားတဲ့အ​တွေး​လေး​ကောင်းတယ်​အကို

ကျေးဇူးတင်ပါတယ်ညီ

ထိုနေ့ ကစ၍ ကျွန်ုပ် နေ့ စဉ်ရေကူးဖြစ်ခဲ့လေသည် ။
နေ့ စဉ်လည်း ရေနစ်၍ နေ့ စဉ်လည်ကောင်းမွန်စွာပြန်ကူးခတ်နိုင်ခဲ့သည်။

ကြာလာရင်တော့ အဆင်ပြေလာမှာပါ

ရောင်​စုံ​ကျောက်​ခဲ​လေး​တွေလှတယ်​လား

အတူသွားကြည့်ကြမယ်လေ

ကူးထားပါ minnow ရွှေငါးလေးရေ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုဒိုမီ

good တယ်ဗျာ

ကျေးဇူးပါဗျ

ရောက်​​အောင်​ကူးခတ်​ရမှာပဲ

သွားကြတာပေါ့

This post has received a 2.4 % upvote from @boomerang thanks to: @bobokyaw

You got a 1.02% upvote from @postpromoter courtesy of @bobokyaw! Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support development of @postpromoter and the bot tracker please vote for @yabapmatt for witness!

This post has received gratitude of 1.35 % from @appreciator thanks to: @bobokyaw.

Sneaky Ninja Attack! You have been defended with a 2.27% vote... I was summoned by @bobokyaw! I have done their bidding and now I will vanish...Whoosh

Thank you @bobokyaw for making a transfer to me for an upvote of 1.48% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

အတွေးတွေ အများကြီးရလိုက်တယ်။

အရမ်းကောင်းပါတယ်ဗျာ

ကျေးဇူးပါညီ