အရင်ကတော့ တစ်ရက်နှစ်ပို့စ်လောက် ရည်မှန်းထားပြီး ကြိုးစားပါတယ် တကယ်တမ်းမှာတော့ တစ်ရက်တစ်ပို့စ်ကို
မနည်း အားထည့်နေရသည့် အခြေအနေမှာရှိပါလေသည်။ ဖြစ်နိုင်လျှင် တစ်ရက် သုံးပို့စ်လောက်ထိ တင်ချင်ပါသည်။
အချိန်ဆိုတာကြီးက တကယ်ကို တိကျလေသည်။ မစောင့်ပါ အားနာ ပါးနာ ကိုမစောင့်ပါ။သူ့နောက်ကလိုက်နေရသည်။
သူက ကိုယ့်နောက်လိုက်သည်မဟုတ်။ မအားပါ အချိန်မရှိပါ လဲ မပြောရဲပါ။ ကိုယ့်လောဘနဲ့ ကိုယ်။ ကိုယ့်ဒေါသနဲ့ကိုယ်
ဆိုတော့လဲ အချိန်လေးတွေကို ပုလဲလုံးစီပြီး ပုလဲတစ်ကုံးဖြစ်အောင် လုပ်ရသည်။ ပုလဲလုံးလေးတွေနဲ့ ပုလဲတစ်ကုံးဖြစ်
ပြီဆိုကာမှ လက်ထဲတွင် ကျန်အောင်ချန်ထားသည့် ပုလဲလုံးလေးအား ရောင်းတန်ကရောင်း စုတန်ကစု လုပ်ရပါလေသည်။
သဘောပြောတာပါ။ တကယ်တော့ အ၀င်ဝမှာကိုဘဲ ဆိုင်းဘုတ် ကပ်ထားပါသည်။ ရောင်းရန်မဟုတ်။ သုံးရန်ဖြစ်သည်။
အချိန်လေးတွေကို ဖဲ့ပြီးစုရသည်။ အမှန်တကယ် အားသည့်အချိန်။ နားသည့်အချိန်ဆိုသည်ကလည်း အိပ်ချိန်လို့ တစ်ခါ
ပြောခဲ့ဖူးပါသည်။ တကယ်တမ်း လုပ်ကိုင်ရသည်က အိပ်ချိန်ထဲမှ ဖဲ့ပြီးလုပ်ရပါလေသည်။ အချိန်ကမလောက်ငပါ။ဒါနဲ့ဘဲ
တစ်မျိုးကြံပါသည်။နေ့ခင်းဘက် အလုပ်များကို ခပ်စိပ်စိပ်လေးစီရသည်။ အချိန်တိုလေးတွေကိုကဲ့ယူရသည်။မနက်ကနေ
ညအချိန်အထိ အချိန်တိုလေးတွေကိုခပ်စိပ်စိပ်စီပြီး ကဲ့ထုတ်လာခဲ့သည့်အတွက် တစ်နာရီကျော်ကျော်ခန့် ထွက်လာသည်။
ဒီလောက်ဆိုရင် အတော်ဟုတ်နေပြီ။ညအချိန်နဲ့ ပိုလာတဲ့အချိန်လေးပေါင်းပြီး လုပ်စရာကိုင်စရာများ လုပ်ရကိုင်ရသည်။
အမြဲတမ်းတော့ တွက်ဆသလို အဖြေကမထွက်ပါ။ နာရီဝက်လောက်သာပိုသည့်နေ့လဲရှိသည်။ ငါးမိနစ်လောက်သာပို
သည့်နေ့လဲရှိသည်။အချိန်မပိုသည့်အပြင် ညအချိန်ထဲမှ ပဲ့ပါသွားသည့်နေ့တွေလည်းရှိပါသေးသည်။ဧည့်သည်လာလျှင်
တော့ ပြေးလို့မှမလွတ်သည်ဘဲလေ။
တွေးတွေးပြီးတော့ ၀ါးလုံးကွဲလဲရယ်ချင်မိသည်။ကိုယ့်အဖြစ်က သူများအဖြစ်လိုမဟုတ်။ဒီလိုမှမလုပ်လဲ မလုပ်ရရုံရှိလေမည်။
ကိုယ့်အချိန်ကိုယ်မပိုင်တဲ့ဘ၀မှာ တိကျစွာလဲသိပ်လုပ်လို့မဖြစ်။ အသေချာဆုံးကတော့ အိပ်ချိန်ထဲက ထုတ်သုံးရလေသည်။
နောက်မှအတိုးချပြီး ပြန်ဆပ်ရပေမည်။မကြာခဏ အကြွေးတောင်းခံရတက်ပါသေးသည်။ ညောင်းတာလိုလို ကိုက်တာလိုလို မူးတာလိုလို
ချောင်းဆိုးလိုက်ရမလား နှာဆေးလိုက်ရမလား။ မီးနီလေးတော့ပြချင်သေးသည်။မတက်နိုင်ပါ။ဒီလိုဘဲဆက်လုပ်ရပါဦးမည်။
အရင်လိုတော့ တစ်ရက်နှစ်ပုဒ်မရတော့။တစ်ရက်တစ်ပုဒ်တောင် နပ်မှန်အောင် ရေးရပါလေသည်။
Author : @bobokyaw
Photos credit; Google Image
MSC-060
ပရိုရက်တောင်နပ်မမှန်ပါဘူးဗျာ
အစ်ကိုရေ မှန်မှန်လေးနဲ့စိပ်စိပ်လေး ရေးစေချင်ပါတယ်
တကယ်ဆို အစ်ကိုတို့ကို စံနမူနာယူပြီး ကျွန်တော်တို့
နောက်က လိုက်ပါလုပ်ဆောင်ခဲ့ရတာပါ။
မင်းနောင် ဘုတ်စတား ပို့စ်လေးအတွက် ယနေ့တိုင်အောင်
အစ်ကို့ကို ကျေးဇူးတင်နေပါတယ်။ တကယ်အကျိုးရှိတဲ့ပို့စ်
တစ်ပုဒ်ပါ
အဆင်ပြေသလို ချင့်ချိန်ပြီး လုပ်ရတာပေါ့ဗျာ....။ကျနော်လာ်း အကို့လိုပါပဲ နေ့ဘက်ဆို ဖုန်းကိုင်ဖို့တောင်အချိန်မရဘူး....။
ညပိုင်းပဲ လုပ်စရာရှိတာတွေလုပ်ရတာပါ...။
ရသမျှအချိန်ပိုလေးတွေကို အကျိုးရှိရှိအသုံးချနိုင်ပါစေဗျာ......။
ဆက်ကျိုးစားအားထုတ်ကြတာပေါ့ဗျာ
တစ်ချိန်မှာတော့ မဟာအခွင့်အရေးဆိုတာ ပေါ်လာမှာပါ
This post has received a 3.9 % upvote from @boomerang thanks to: @bobokyaw
Thanks.
တကယ်ဆို အားလပ်ချိန်ကို မရှိသလောက်ပါဘဲ မရှိတဲ့ အချိန်လေးကနေ စာဖတ်ချိန်နဲ့စာရေးချိန်လေးတော့ သီးသန့်ထားရတယ် ကိုဘိုဘိုကျော်ရေ ဒါကြောင့်မနက်ကို စောစောထပြီး ကိုယ်ပိုင်အချိန် ဖန်တီးထားရတယ် အချိန်နဲ့ ဒီရေသည် လူကို မစောင့်တဲ့ ကြားဖူးတာလေး
ညနက်တာ ကိုယ်တစ်ယောက်တည်းမဟုတ် အဖေါ်တော့ရှိသေးတယ်
ဟုတ်တယ်ကိုဘို…နော်လည်းနွေရာသီမြန်မြန်ရောက်ပါစေဆုတောင်းနေရတယ်……😄
တောင်ပေါ်သားတွေ နွေမျှော်ကြလေပြီ
သြော် အဲ့လောက်အချိန်မရှိ မှတော့ ဘယ်ချိန် မိန်းမရပါ့
အချိန်တန်သည့်အခါ အရွယ်တန်သည့်အခါ
အချိန်ရှားပါးလှပါလား bro ရယ်
ရှာမရှားပါဆို
တစ်ခါတစ်လေ အလုပ်က ည12နာရီလောက်ဆိုတော့ စာရေးချိန်ဆိုတာ ရှားပါးပဲအကိုရေ
အဖေါ်တော့ရှိသေးတယ်
အချိန်က တကယ်အလုပ်လုပ်တဲ့ သူတွေအတွက်မလုံလောက်ဘူး ကိုကြီးရေ
ဟုတ်တယ်ညီရေ
အချိန်တွေရှားပါးလာ
ရှာမရှားပါဘဲ
Good post bro
ကျေးဇူးပါညီရေ
အချိန်တွေ ပြန်ဝယ်ခွင့်ရှိရင်ကောင်းမယ်ဗျာ
ဟုတ်ပါတယ် ၀ယ်သုံးရရင် ၀ယ်သုံးချင်
အတူတူပါပဲ ကွီးဘိုရေ
စိတ်ဝင်စားမှု အားကြီးလို့သာပေါ့
အတူတူပဲ ဘာရေးရမလဲစဉ်စားရင်
မရရတာ ရေးပလိုက်ပါ အစ်ကိုရေ
အခုကြိုးစားနေတာဟာ တချိန်မှာအေးဆေးအနားယူနိုင်ဖို့လို့ပဲ မှတ်ထားပါတယ်။
အဲ့လိုတွေးရင်းဘဲ လုပ်နေရတယ်ဗျာ
တစ်ရက်တပုဒ်လည်းမနည်းပါဘူးbro
များများတင်များများရမလားလို့ဘဲ
အိုစာမင်းစာလေးရအောင်ခုကတည်းကကြိုးစားကြမယ်အစ်ကိုရေ။
အိုစာအတွက်တော့ကောင်းတယ် မင်းစာ အတွက်တော့သိပ်မနိပ်ဘူးရယ်
Good
ကျေးဇူးတင်ပါတယ်ဗျ
မနက်ဖြန်တွေအတွက် ဒီနေ့လုပ်ပါ ။ ပြီးတော့ မနက်ဖြန်တွေအတွက် ဒီနေ့ အနားယူပြီး အားမွေးပါဗျာ
ဟုတ်တယ် ကိုရွှေရောင်ကြီးရေ
လောဘက အသောမသက်နိုင်ဆိုတာ မှန်သဗျ
အချိန်လုဆို ဒီနေ့ ကျွန်တော်တောင် ဘယ်လိုမှ မလုလိုက်နိုင်လို့ pro မတင်လိုက်နိုင်ဘူးဗျာ တိကျတယ်ဆိုတဲ့ အချိန်ကြောင့်ပေါ့
ဟုတ် မတင်ဖြစ်တာကိုတော့ စိတ်မကောင်းဘူးဗျာ
တစ်ပါတ်မှာ နှစ်ရက်ခန့်သာ ရတာပါ
ပရိုမတင်တဲ့အတွက် များစွာနောက်ကျနိုင်ပါတယ်
စာကြမ်းလောက်ဖြစ်ဖြစ် ကြိုရေးထားတာလေးစမ်းကြည့်ပါလား
မှန်ပါ့အကိုရေ အချိန်ဆိုတာတန်ဖိုးရှိမှန်းမသိရှိနေတာ
အမှန်ပေါ့ ညီလေးရာ
ကိုဘိုကျော် ကတော့ အရေးအတွေး နိုင်ပါ့ဗျာ
ကျေးဇူးတင်ပါတယ် အစ်ကို
လေ့လာသင်ယူနေဆဲပါ
ပါဝါပိုင်းကို အားစိုက်မိတော့
အရည်အသွေးပိုင်း မထိန်းနိုင်ဖြစ်ရပါတယ်