အချိန်ခိုးမှာလား

in #myanmar7 years ago (edited)

Your-time-is-now-clock.jpg
တစ်စုံတစ်ခုအား တစိုက်မက်မက်လုပ်ဆောင်လာသောအခါတွင် စွဲလမ်းခြင်းသည်ဖြစ်လို့လာသည်
မလုပ်ရမနေနိုင်သော အဖြစ်သည် စွဲလမ်းခြင်းပင်ဖြစ်သည်။ ၀ါသနာသည် စွဲလမ်းခြင်းကြောင့်ဖြစ်
လာသော ရောဂါတစ်မျိုးဖြစ်နိုင်သည်။ နေ့စဉ်လုပ်နေသော ပုံမှန်လုပ်နေသော အလုပ်တစ်ခုခု ရှိကောင်း
ရှိကြလေမည်။ ကောင်းခြင်းဆိုးခြင်းကတော့ လက်ရှိအချိန်တွင် အဖြေမှန်ကိုပေးရန်ခက်ခဲနေပေဦးမည်။
ဆေးလိပ်စွဲခြင်း ကွမ်းစွဲခြင်း အရက်စွဲခြင်း လောင်းကစားစွဲခြင်း ဆေးစွဲခြင်း တို့လောက်ကိုသာ မကောင်း
သောအကျိုးမဲ့စေသော ကျန်းမာရေးကိုထိခိုက်စေသောစွဲလမ်းခြင်းဖြစ်သည်ဟု လူအများလက်ခံထားကြ
လေသည်။ အခြားသော စွဲလမ်းခြင်းများသည်လည်း လူကို ထိခိုက်စေနိုင်သည်ကို ဆက်လို့တွေးနေမိသည်
စွဲလမ်းကာစတွင် ဒါမှမဟုတ်လုပ်ဆောင်ကာစတွင်တော့ ပျော်စရာ ကျေနပ်စရာတစ်ခုဖြစ်နေတက်ပါသည်။
အချိန်တစ်ခုကိုကျော်လွန်ဖြတ်သန်းပြီးသည်နှင့် နောင်သောအခါမှသာ လူကို အကျိုးမဲ့စေသော စွဲလမ်းခြင်း
များလည်း များစွာရှိနေသေးသည် ရှိနေနိုင်သည်ဟု ထင်မြင်မိလေသည်။ အလွန်အကျွံလုပ်ဆောင်သော
အဘယ် အလုပ်မျိုးကိုမဆို စွဲလမ်းခြင်းရောဂါသည် ၀င်ရောက်နှိပ်စက်တက်ပါလေသည်။ အချို့သော စွဲလမ်း
ခြင်းသည် ချက်ချင်းပင်ဆိုးကျိုးကိုပေးလေသည်။ အချို့သောစွဲလမ်းခြင်းကတော့ တဖြည်းဖြည်းသာ ဆိုးကျိုး
ဖြစ်ပေါ်စေသည်။ ခုတလော အသက်ရှူမ၀သလိုခံစားရသည်။ ညဘက်တွေအိပ်ပျော်ရန် ခက်ခဲလာသည်။
မျက်စိတွေကြောင်လာသည်။ နေ့နှင့်ည မှားသလိုပင်ဖြစ်လာလေသည်။ အချိန်နာရီများစွာ မိမိကိုယ်ကိုမိမိ
လိမ်ညာထားသောအကြောင်းအချက်တို့သည် မိမိအားတန်ပြန်လက်စားချေကြလေပြီ။ဘေးထွက်ဆိုးကျိုး
တို့သည် နေရာတိုင်း အမှုတိုင်း လုပ်ဆောင်ချက်တိုင်းတွင်ရှိနေပြန်လေသည်။ ဟန် ချက်ဆိုသည်ကား
အမြဲတမ်းညီမျှနေရန်လိုသောအရာဖြစ်သည် ဟန်ချက်ပျက်ယွင်းလျှေင် ဆိုးကျိုးဖြစ်စေတော့မည်ဖြစ်သည်။
နည်းမှန်လမ်းမှန်ဆိုသည်ကလည်း မိမိရဲ့ပုံမှန် လုပ်ဆောင်မှုတိုင်းကို ချင့်ချိန်တိုင်းတာနေရန်လိုပေမည်။
ကျန်းမာရေး စိတ်အနေအထားနဲ့ လုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်ရပေတော့မည်။ အလုပ်လောဘ
အလိုလောဘ စိတ်လောဘများကို ထိန်းညှိပေးရန်လိုလာပြီဖြစ်လေသည်။နေ့နဲ့ညတို့ မှားနေတာက အဆိုးဆံုး
သောလွဲမှားမှုပင်ဖြစ်လေသည်။ ကျန်းမာရေးကောင်းမွန်မှသာ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်
ဖော်ဆောင်နိုင်မည်ဖြစ်လေသည်။အိပ်ရေးမ၀ခြင်းကြော်င့်ဆုံးရှုံးနစ်နာမှုများစွာဖြစ်ပေါ်လာစေနိုင်သည်။
တစ်ခါတစ်ရံဆိုလျှင်တော့ ပြသနာမဟုတ်ပါ။ အချိန်ခိုးခြင်းသည် အချိန်တွေကြာညောင်းလာသည်နှင့်အမျှ
ပြန်လည်ဒဏ်ခက်ခြင်းကို ပေးတက်ပါလေသည်။

image
Author : @bobokyaw
Photos credit; Google Image
MSC-060

Sort:  

ကောင်းသော စွဲလမ်းခြင်းဆိုကောင်းပါတယ်။မကောင်းတဲ့စွဲလမ်းမှုကိုတော့ အမြန်ဖျက်သင့်တယ်@bobo

ဟုတ် ကျေးဇူးပါဗျ

Thank you

မိမိကိုကိုယ် မိမိချစ်၍သာ စွဲလမ်းစိတ်များဖြစ်၍လာတယ်လို့ပဲထင်ပါတယ်ဗျာ
ဥပမာတစ်ခုအနေနဲ့ သူတစ်ယောက်ကထားသွားခံရလို့ စားမဝင် နေမထိ ထိုင်မသာ အိပ်မရဖြစ်ရတယ် ဒါဟာသူ့ကိုစွဲလမ်းစိတ်ကြောင့်လို့ခေါင်းစဉ်တပ်ပေမယ့် တကယ်တော့သူမရှိရင်မဖြစ်တဲ့မိမိကိုကိုယ်မိမိသနားလို့ချစ်လို့ဖြစ်ရတာပါ ဒါဟာလဲအတ္တစွဲပါပဲ

ဟုတ်ကဲ့ ကျေးဇူးပါဗျ

This post has received a 1.58 % upvote from @boomerang thanks to: @bobokyaw

Sneaky Ninja Attack! You have been defended with a 1.60% vote... I was summoned by @bobokyaw! I have done their bidding and now I will vanish...Whoosh

You got a 1.08% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you

Thank you bobokyaw for making a transfer to me for an upvote of 0.88% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

This post has received gratitude of 1.18 % from @appreciator thanks to: @bobokyaw.

Thanks you

အလေ့အကျင့်ကနေ စွဲလန်းခြင်းတွေ ဖြစ်လာတယ်

ဟုတ်တယ်ညီမရေ