ဆွေးမြေ့ စာလွှာ

in #myanmar6 years ago (edited)

စတီးမစ်ပေါ်က မြန်မာစာ ဖတ်တတ်သူအားလုံးကို
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ။
ဒီနေရာကိုမရောက်တာ (၁)နှစ်ကျော်ကြာသွားတယ်။
ရောက်နိုင်တဲ့ အခိုက်အတန့်လေးတွေမှာ
တစ်စုံတရာ ရေးခြစ်ခဲ့ပါရစေ။

တကယ်တော့ အတိတ်ဆိုတာ
Format ချလို့မရတဲ့ သတိရခြင်းတခုပါပဲ။
အဲဒီလို တစွန်းတစစီရှိနေတဲ့
မှတ်ဥာဏ်ထဲက စကားလုံးတချို့ကို
ဖရိုဖရဲ ရေးချလိုက်တော့..
qqq.PNG
photo credit
++++++++++++++++++
ပန်း​တွေအကြိမ်​ကြိမ်​​ဝေ
အနမ်း​တွေ အကြိမ်​ကြိမ်​​ချွေခဲ့​ကြတယ်​။
ဖြစ်​လာမဲ့အလွမ်း​တွေက
စမ်း​ရေလို​ ​အေးမယ်​လို့
တွေးထင်​မိကြတုန်းက​ပေါ့။

ခု​တော့ စမ်း​ရေ​တွေခန်း
ပန်းအ​ကြွေ​တွေနွမ်း
လမ်း​တွေလဲကြမ်းခဲ့ပြီ​လေ။

ဥသြငှက်​တွန်​သံ​တွေကြားမှာ
အလွမ်း​တွေ တဖွားဖွားကျလို့။

ငါတစ်​​ယောက်​ထဲ
ပန်းအ​ကြွေ​တွေ​ကောက်
စမ်း​ရေ​တွေ ​ခြောက်
လမ်း​တွေလဲ ​ပျောက်​။

ဆုံ​နေကျ တနင်္ဂ​နွေရဲ့
သ​င်္ကေ​တ ဂျိုးကူသံ တသသကို
နား​ထောင်​ရင်း သက်​ပြင်း​တွေ အခါခါချ။

အလွမ်းဂုံးဆင်းမှာ ဥသြသံ​တွေနဲ့
နပန်းလုံးရင်း ငါ့ကိုငါလဲ
အရမ်းမုန်းစာရင်းသွင်း။

နေအခါခါထွက်
လေရူးတွေ အခါခါကြမ်း
ပန်းဖူး​တွေ အကြိမ်​ကြိမ်​နွမ်းပေမဲ့
နင့်​အ​ပေါ်လွမ်းနေတာ ခုထက်​ထိပါပဲ။

နေဝင်​ချိန်​​တွေ အခါခါကြုံ
နှင်းမှုန်​​တွေ အခါခါကျ
ဆည်းဆာ​ချိန်​တွေ တဖြာဖြာလှခဲ့​ပေမယ့်
တို့​တွေ​ဝေးခဲ့ကြတာ "ခဏ"​လို့ ထင်​​နေတုန်းပဲ။

Thanks For Reading !
By_ @builderb

Sort:  

Congratulations @builderb! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @builderb! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!