အစားအ သောက် အကြောင်း အနည်းငယ်

in #myanmar4 years ago (edited)

Healthy Food Made Easy -min.jpg
အစားအသောက်ဆိုသည်မှာ လူသားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော အဟာရကို ပေးစွမ်းနိုင်ပါသည်။ အစားအစာများကတော့ အသီးအရွက်နဲ့ အသားငါးများ ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ နေ့စဉ်စားသုံးနေတဲ့ အစားအစာကို အမှတ်ရကြမယ်ထင်ပါတယ်။ နေ့စဉ်စားသောက်တာတွေက ထမင်းလား ပြောင်းလား အသားလား ငါးလား အသီးအရွက်လား။ ထမင်းဆိုရင်တောင် ဘယ်လိုထမင်းအမျိုးအစားလည်း ပေါ်ဆန်းမွှေးဆန်လား မကြမ်းတောဆန်လား ကောက်ညှင်းဆန်လား။ ပြောင်းဆိုရင်တောင် သကြားပြောင်းလား ရှမ်းပြောင်းလား ထိုင်ဝမ်ပြောင်းလား။ အသားဆိုရင်လည်း ကြက်သားလား ဝက်သားလား ဆိတ်သားလား။ ငါးဆိုရင် ငါးသလောက်လား ငါးကြင်းလား ငါးဖယ်လား။ အသီးအရွက်ဆို ချဉ်ပေါင်ရွက်လား ကန်စွန်းရွက်လား ကိုက်လံရွက်လား။ ခရမ်းသီးလား ကြက်ဟင်းခါးသီးလား ဒန့်ဒလွန်သီးလား။ စသဖြင့် အစားအသောက်မျိုးစုံကို ကျွန်တော်တို့ လူသားတွေ စားသုံးအဟာရပြုရင်း နေ့စဉ်ရှင်သန်နေထိုင်ကြပါတယ်။
ရှေးရှေးတုန်းကလူသားတွေကတော့ အစားအစာကို နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေစားသောက်ကြပါတယ်။ အမဲလိုက်ပီးရှာတာ၊ ကိုယ်တိုင် မွေးမြူတာ၊ ကိုယ်တိုင် စိုက်ပျိုးတာ။ စတဲ့နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေစားသောက်ကြပါတယ်။ နောက်ပိုင်းမှာတော့ ချက်ပြုတ်တဲ့ နည်းပညာတွေကို တီထွင်အသုံးပြုလာကြပါတယ်။ အစားအသောက်တွေကို ရေနွေးပူထဲမှာထည့်ပီး စားရင် ဘယ်လိုအရသာရှိတယ်။ မီးကင်စားရင် ဘယ်လိုအရသာပိုကောင်းတယ်ဆိုတာကို လေ့လာတွေ့ရှိလာကြပါတယ်။ ယနေ့ခေတ်ကိုပဲကြည့်ရင်တောင် အစားအစာတွေကို ကြော်တာ လှော်တာ ချက်တာ ပြုတ်တာ ပေါင်းတာ ကင်တာ နှပ်တာ စသဖြင့် အမျိုးမျိုး ပြုလုပ်စားသုံးကြပါတယ်။ မိတ်ဆွေတို့လည်း အနည်းဆုံး ဖော်ပြထားတဲ့နည်းလမ်းတွေထဲက တစ်ခုခုကိုတော့ အသုံးပြုကြမယ်ထင်ပါတယ်ဗျ။
ယခုဆိုရင် လူဦးရေတိုးပွားလာမှုတွေကြောင့် အစားအသောက် အခက်အခဲဖြစ်နိုင်တဲ့အခြေအနေတွေကို နည်းအမျိုးမျိုးနဲ့ ဖြေရှင်းတာတို့ ကြိုတင်စီစဉ်တာတို့တွေရှိနေပါတယ်။ နေပူလှမ်းပီး အခြောက်ခံထားပီး သိမ်းထားတာတို့၊ ကြော် လှော်ပီး သိမ်းထားတာတို့၊ နောက်ပိုင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြတာတို့ နောက်ပိုင်းမှာဆိုရင် အအေးခံပီးသိမ်းထားတာတွေပါ လုပ်လာကြပါပီ။
အစားအသောက်တွေ ဘယ်ကစဖြစ်မလည်းလို့ စဉ်းစားလိုက်တဲ့အခါ အပင်တွေကနေ စတင်တယ်လို့ပြောလို့ရပါတယ်။ အပင်ကို အပင်စား သတ္တဝါတွေစားမယ်။ အပင်စားသတ္တဝါတွေကို အသားစားသတ္တဝါတွေစားမယ် စသဖြင့်ပေါ့။ အပင်တွေကျတော့လည်း အပင်စား သတ္တဝါတွေ အကုန်မစားတဲ့အခါ အသီးအပွင့်တွေကနေတစ်ဆင့် နောက်ထပ် အပင်တွေ တိုးပွားလာမယ်။ အဲ့လိုကနေ အစားအသောက် ကွင်းဆက်တွေဖြစ်လာကြပါတယ်။
အစားအသောက်ကတော့ လူသားတွေအတွက်ရော တိရစ္ဆာန်တွေအတွက်ပါ မရှိမဖြစ်လိုအပ်ပါတယ်။
Writer Caesar Su Pai Min
MSC-025
image downloaded from google

Sort:  



This is Love Letter from God to You.
Message us on Discord 😍🤗❤
https://discord.gg/vzHFNd6

Thank you sir. I will learn from you