ရောက်တတ်ရာရာ အတွေးကမ္ဘာ

in #myanmar6 years ago

အစွဲလမ်းကြီးတဲ့ကျွန်နော် အပေါင်းအသင်းမက်တဲ့ကျွန်နော်
ခုဆိုတယောက်ထဲနေရတာကြာလာတော့ ဘာကိုတမ်းတနေမိမှန်း
မသိတော့ဘူး တချို့ကတော့ ပေါင်းရင်သူတို့လိုမှအဖက်လုပ်ကျ
တယ် ကြာလာတော့လူတော်တော်များများကို ပေါင်းသင်းရမှာ
ကြောက်လာတယ် ခင်မင်မှူ့ကအတိုင်းတာကျောသွားရင် ခံရဖို့များ
လာတယ်ထင်တယ် ကိုယ့်စိတ်လို စိတ်တူကိုယ်တူမတွေ့ဖူးသေး
ဘူး ရှိခဲ့ဖူးပါတယ် 2ယောက် လောကကြီးကိုအစောကြီးနှုတ်
ဆက်သွားကျတယ် နှစ်တွေကြာလဲ သတိရမိပါတယ် တချိန်က
ဆိုးခဲ့မိုက်ခဲ့တာတွေအတူတူ ရှိတူတူမရှိတူတူပေါ့ ခုခေတ်အစစ်အ
မှန်ဆိုတာမရှိသလောက်ရှားလာတယ် အရောင်မျိုးစုံနဲ့စိတ်ဓာတ်
တွေပဲတွေ့နေရတယ် ဘာပဲဖစ်ဖြစ်ပါ ကိုယ့်ဘက်ကတော့ အ
ကောင်းဆုံးနေပေးလိုက်ပါတယ် ကျွန်နော်က လူတယောက်ကို
အပေါင်းအသင်းလုပ်ရင် အဆိုးအကောင်း မျှဝေပီးပေါင်းတတ်
တာ တတ်နိုင်သမျှကူညီတယ် ခေတ်ကြီးကတိုးတက်လာသ
လောက်တချို့လူတွေရဲ့စိတ်ဓာတ်ကဟိုးအောက်ဆုံးမှာရောက်နေကျတယ် ကျွန်တော် သူတို့တွေကိုကြည့်ပီး သင်ခန်းစာယူတယ် ကိုယ့်ကိုကိုယ်ပြင်သင့်တာပြင်တယ် အကောင်းဆုံးမဟုတ်တောင်
မှအဆိုးဆုံးမဖြစ်အောင်ပေါ့ အားလုံးကအတူတူပါပဲ ဘာလို့များ
တယောက်ကိုတယောက်အနိုင်ယူပီးကျော်တက်ချင်ကျတာလဲမသိ
ဘူးဗျာ ဘယ်သူကောင်းကောင်းမကောင်းကောင်း ကျွန်နော်က
တော့ တတ်နိုင်သလောက်ကောင်းအောင်ကြိုးစားနေမှာပါ။
စာကတရက်ခြားတင်ရတာဆိုတော့ ရေးစရာကရှားလာတယ်
ခုလိုရေးရတာလဲသူများအတင်းပြောသလိုဖြစ်နေမလားလို့ စဉ်းစား
ရသေးတယ်ဗျ မတတ်နိုင်ဘူးလေ ကိုယ်ရင်ထဲမှာရှိတဲ့အတိုင်းရေး
ရတာပဲ အမှားပါခဲ့ရင်ကြိုပီးတောင်းပန်ပါတယ်။
လူအချင်းချင်းလှည့်ပတ်ချင်း ကင်းရှင်းကျပါစေဗျာ။

          HFS-35 ![image](https://img.esteem.ws/hu131fflyi.jpg)
Sort:  

Good bro အားပေးနေပါတယ်

ရေးစရာက မရှားပါဘူးဗျာ ​ရေးနည်း သိဖို့ပါပဲ

ရေးစရာက မရှားပါဘူးဗျာ ​ရေးနည်း သိဖို့ပါပဲ

Good Writing.