သိကြပါစေ

in #myanmar8 years ago

အချို့သူများမှာ အပြင်လောက သဘာဝတွင် ဘယ်လို အနေအထားရှိမည်တော့ မသိတတ်ပါ ။ online ထဲတွင်ပင် အချောင်ရှာသည် ။ မသမာလုပ်သည် ။ မိတော့ ရှက်၍လား မျက်နှာပြောင်းတိုက်၍လား မသိ ပတ်ရမ်းသည် ။ ကျွှန်တော်တို့မှာ အဆဲခံရတာတောင် အပြုံးမပျက် ကောင်းကောင်းမွန်မွန် အကြိမ်ကြိမ် သတိပေးပြောဆိုကာ ဘယ်လိုမှမရလို့ ပစ်ခဲ့ရသူတွေလဲ အများအပြားပါ ။ သူများဟာ ကူးယူရမည် ဆိုလျှင်လဲ အလွန်ကြိုက်တတ်သူများကြသည် ။ ထို့ကြောင့်ပင် account များစွာဖြင့် မသမာသူများ ကြီးပွားနေကြသည်လည်း ဖြစ်နိုင်သည် ။ ကမ္ဘာနှင့် ချီပြီး ပြသနာရှာဦးမည်ဆိုကာ ကိုယ့်စိတ်ဓါတ်ကို တိုင်းသိပြည်သိ ဖော်ပြရဲသူများမှာ လေးစားစရာပင် ဖြစ်တော့သည် ။

အချို့ကလည်း မြန်မာတွေ အသုံးမကျဘူးဆိုဘဲ မြန်မာစာဖြင့် ထိသူမျိုးကိုထာက်ခံတဲ့ သူတွေလဲ အများအပြားပါ ။ သူတို့တွေ မြန်မာ မဟုတ်ကြဘူးလား စဉ်းစားစရာပင် ။ နိုင်ငံခြားက အလည်လာတဲ့သူတွေနဲ့ အမျိုးတော်နေလို့ မြန်မာသွေး သိပ်မရှိသဖြင့် မြန်မာလူမျိုးများကို စော်ကားခြင်း ဖြစ်မည်လား စဉ်းစားစရာပင် ။ မိမိလူမျိုးများ လိုအပ်ချက်ကို အကောင်းမြင်စိတ်နဲ့ အကျိုးဆောင်ချင်စိတ်များ ရှိရဲ့လားလဲ စဉ်းစားစရာပင် ။ နိုင်ငံခြားမှ အကူအညီတောင်း ခြင်းကို အပြစ်မြင်တဲ့သူလဲ ရှိကြသတဲ့ ဒါဆို ယခင်က account တစ်ခုလုံး block ကျလောက်အောင် ပေါက်ကရ မလုပ်ခင် ထိုအကူအညီအောက်မှာ လိုချင်လွန်းလို့ ပြောခဲ့တဲ့ စကားလုံးလေးတွေ သတိမရတော့တာလား ? account အသစ်တစ်ခု ဖြစ်သွားတာနဲ့ ဘဝတစ်ခုလုံးပြောင်းသွားကြတာလား မတွေးတတ်တော့ပေ ။

Steemit-big.png

Steem Power များသူတွေက နည်းတဲ့သူတွေကိုထောက်ပံ့ရင်တဲ့ မထောက်ပံ့ခဲ့ဖူးလို့လား ? vote တွေပေးလွန်းလို့ အချို့ power down ပြီး သူဌေးလိုနေချိန် ကိုယ့် Power မှာ ဆက်မတက်နိုင်လောက်အောင်ကို ပေးခဲ့ဖူးကြတာပါ ။ အသစ်တွေကို လက်တွဲခေါ်သယောင်နဲ့ ပေါက်ကရတွေသင်ပေးသမျှ အမုန်းခံ လိုက်ပြင်ပေးရတယ်လေ ။ မုန်းပါစေ သူတို့အောင်မြင်ရင် ကျေနပ်ပါတယ် ။ အသစ်ဝင်လာသူများ စိတ်မကောင်းဖြစ်မှာစိုးသည့်အပြင် အဟောင်းများလဲ ကောင်းပါစေရည်ရွယ်၍ အချို့သူတို့ယုံကြည်သူတွေဟာ မသာမာမှုများစွာနဲ့ MSC မှ ကျောခိုင်းထားသူများဖြစ်ကြောင်း မပြောပြခဲ့ပါဘူးနော် ။ အားလုံးအဆင်ပြေစေဖို့ ဘယ်နေရာ ကူညီရမလဲဆိုတာဘဲ တွေးခဲ့တာ လူသစ်များလဲ သိနိုင်ပါစေ ။ အချို့ကို ပြောတာပါနော် အကုန်တော့ မကောင်းတဲ့သူ မဖြစ်နိုင် ။

images (2).png

စည်းကမ်းများ အများအပြား ထွက်လာရခြင်းမှာလဲ ဥာဏ်ကြီးရှင် ဆရာကြီးများ ပေါများသဖြင့် ထိုပေါက်ကရဆရာကြီးများအတွက် စည်းကမ်းများ များလာပါတယ် ။ ရှေးယခင်ကတည်းက ကောင်းမွန်စွာ ရပ်တည်ခဲ့ကြလျှင် စည်ကမ်းများမှာလဲ ထိုမျှ များလိမ့်မည် မဟုတ်ပေ ။ ယခုအချိန်တွင် လူသစ်အတွက် အမေးအဖြေများပါ ပြုလုပ်နေရပါသတဲ့ ။ တစ်ကယ်တော့ သိပ်မထောက်ခံရဲ ဘာမှမရခင် စည်းကမ်းလိုက်နာပါ့မည်ဘာညာနဲ့ နောက်တော့ ဆဲဆိုသွားသူများ လုပ်ချင်တာလုပ်သူများ အများအပြားပင်ရှိခဲ့ဖူးသည် ။ ထို့ကြောင့် MSC menbers များ အသစ်ဝင်ရောက်မှုကိုပင် ထိမ်းထားရသည် မဟုတ်ပါလား ။ အားလုံး စည်းစနစ်တစ်ကျ စည်းစည်းလုံးလုံး ပါဝင်ကြလျှင် ပိုမကောင်းပေဘူးလား ။ အချို့မှားနေသော အယူအဆလေးများ ခေါင်းထဲ ရိုက်သွင်းခံထားရလျှင်ရော အမှန်ကို မပြောင်းနိုင်ကြဘူးလားဗျာ ။ အချို့ လာမေးကြပါသည် ထိုမေးတာကို ပြောပြပေးသည် ထိုအတွက် အခြား chatbox တစ်ခုတွင် ကြည့်ပြီး ဝိုင်းဟားနေမည်ကိုလည်း သိပါသည် ။ သို့သော် နည်းနည်းဖြစ်ဖြစ် အမြင်မှန်လေး သန်းလာမလား ငပေါ အဖြစ်ခံ၍ ပြောပြနေမိဆဲပါ ။ ဒါပေမဲ့ ငပေါဟာ ငပေါလို့ဘဲ ယူဆသူများလဲ အများအပြား ရှိနေမှာပါ ။

လွတ်လပ်စွာ ဝေဖန်သုံးသပ်နိုင်ပါသည် ။ အမှားများအားလည်း စိတ်ကြိုက် ထောက်ပြရန် ဖိတ်ခေါ်ပါသည် ။ မည်သူ့ကိုမှ စိတ်မဆိုးပါ ။ ပို့မည့် မေတ္တာ ဆဲသံလေးများ ကြားရမလားလို့ သောသဆင်ရင်း ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

I LOVE THIS POST.

thank you very much .

ညီpost က copy ပါ

ဟုရဲဟုဖဲနက် ငိုလိုက်မှာနော် 😫😫😭😭

စေတနာအရင်းခံ ကိုယ့်ဆောင်ရွက်ချက် ဘယ်မှမရောက်ပါဘူးညီလေးရေ။ အချိန်တခုတော့ ရှိလာမှာပါ ။

ဟုကွီးရွှေ

ပိုက်ဆံ ရရင် ပြီးရော ပေါ့ ဆိုတဲ့ လူတွေ ကြောင့် စိတ်ဓာတ်တွေ အောက်ဆုံးထိ ကျ နေကျတာ ထင်ပါတယ်။

ဟုပါ့ဗျာ နော့်

တော်ပါသေးတယ် ကိုမပါလို့ 

မမတို့က ပါဝူးလေ နော့်

အမှန်တွေသိပ်ပြောတာပဲစာရေးဆရာလေးရယ် ဟီး

အရင်က မပြောဘူးဆိုပြီးနေထားတဲ့ အကြောင်းတွေပါဗျာ

အမှန်တွေ ပြောနေပြီ
ဆဲခံရတော့မယ်
ဆဲခံရတော့မယ်

ဟုတယ် ဝေ့ ဒချိ ဒချိ

စည်းကမ်းဘောင်အတွင်းမှာနေရတာလောက် လွတ်လပ်တာမရှိပါ ဒိုမီရေ

ဟုတ်တယ် စည်ကမ်းနဲ့ ဥပဒေနဲ့ မဟုတ်တာ အဆင်ပြေတယ်ထင်ရပေမဲ့ စည်းကမ်းနဲ့ မနေနိုင်သူတွေစိတ်ထဲတော့ စိုးရိမ်မှုတွေ များနေရတတ်တယ်

ကိုယ့်အလုပ်ကိုယ်လုပ်ပါလေ ကိုယ်လမ်းကိုယ်လျောက်ပါ စိတ်ညစ်ပေမယ့် စိတ်မပျက်ပါနဲ့လေ

ပျက်ပါဘူးအကို လေတစ်လုံးမိုးတစ်လုံးနဲ့မို့ပါ

Good တယ်ဗျာ

ဟု ကျေးဇူးပါ

မှန်ပါတယ်ဆရာ Member မဝင်ရသေးပေမဲ့ ဆရာ့တို့ရဲ့စေတနာကို အပြည့်အဝနားလည်ပါတယ်

ဟုတ်ကဲ့ နားလည်ပေးတဲ့အတွက်ကျေးဇူးပါဗျာ

သောတ ဆင်ရင်း do

ဟု ဟု

ဘယ်လိုပြောရမလဲ ဒိုမီရေ စည်းကမ်းဆိုတာကလည်း ဒီလိုငခုံးမတွေကြောင့်ဖြစ်လာတာပါ ဒါပေမဲ့ လိုက်နာဖို့ ထက် စည်းကမ်းဆိုတာ ဖောက်ဖျက်ဖို့  ဆိုတဲ့ အတွေးတွေရှိနေတဲ့ သူတွေက အများကြီးရှိနေတုန်းပဲ တတ်နိုင်သလောက်တော့ အမုန်းခံ အဆဲခံပြီး ပြောပြရဦးမှာပါပဲ

မှန်ပါ့ဘုရား

ကျွန်တော့်အမြင်လေးနည်းနည်းပြောပါရစေဗျာ MSC ရေးလာရတာအရင်လိုမပျော်တော့ဘူး အရင်ကဆို သူငယ်ချင်းတွေအများကြီးနဲ့ပျော်စရာ ကိုတာ ကိုဒွန် ကိုဇော် ကိုညီ စတဲ့ လူပေါင်းစုံနဲ့ ပျော်စရာကောင်းပေမယ့် အခုလို အဖွဲတွေအဆင့်ဆင့်ခွဲလိုက်တော့
လူတွေ ပျံ့ပြားသွားတယ် ရေးသားလာတဲ့ပို့တွေကလည်း ကြဲလာပီး အနှစ်မပါတော့သလိုခံစားလာရတယ် ရှင်းရှင်းပြောရရင် voat ရဖို့ စာလုံးရေပြည့်အောင်ဘဲရေးကြတယ် ဆိုတဲ့ပုံစံမျိုးတွေအများအပြားတွေ့ရလာတယ် တကယ်စိတ်မကောင်းဘူး အရင်လိုအချိန်တွေပြန်သတိရတယ် ခံစားမိတာလေးကြူံတု၃်းဖော်ပြတာပါ ဒိုမီ

ဟုတ်ကဲ့ပါဗျာ အဖွဲ့တွေ ဘယ်လို ဖွဲ့ဖွဲ့ အားလုံး တစ်စိတ်တစ်ဝမ်းထဲ ဖြစ်စေချင်တုန်းပါဘဲဗျာ

စေတနာဆိုတာအလကားမဖြစ်ပါဖူး ဒိုလေးရေ။
ကိုယ်ပြုသောကံပဲ့တင်သံလေ။
MSC က ကံကောင်းခြင်းတွေနဲ့ပြည့်နေမှာပါ။

ဟုတ်ကဲ့ ကံကောင်းခြင်းတွေ ပြည့်ပါစေဗျာ