
သူ့ဆိုင်ကယ် မောင်းလာရင်း လမ်းမှာ ထိုးရပ်သွားလို့တဲ့။ ရုံးကနေ အိမ်ကို ပြန်နေတဲ့ လမ်းမှာပေါ့။ အနီးနားက ၀ပ်ရှော့ တခုမှာ ၀င်စစ်ကြည့်တော့ မီးပျောက်သွားတာ ၀ါယာရိန်း စစ်ကြည့်မှ ရမည် ဆို၏။ ထို့ကြောင့် အမက ကျနော့်ကို ph ဆက်ခြင်း ဖြစ်၏။ ကျနော့်မှာက ခုထိ ထမင်းတောင် မစားရသေး။ ၀က်စတူး ထမင်းပေါင်းလေး မှာထားတုန်း ရှိသေး၏။ သို့နှင့် ၀ပ်ရှော့လုပ်သည့် အသိ သူငယ်ချင်းကို အကူအညီ တောင်းရ၏။ ခဏနေမှ ကျနော် လိုက်လာမည်ဆိုပြီး အမကို ပြန်ပြောထားလိုက်ပြီး ထမင်းစား၏။ မစားလို့က မရ ညနေ (၄) နာရီပင် ထိုးတော့မည်။ ဗိုက်လည်း အတော်လေး ဆာနေပြီ ဖြစ်၏။
ထမင်းစားနေရင်း ကုန်ခါနီးလောက်မှာ အမကို ph ခေါ်ကြည့်၏။ ၀ါယာရိန်း ဆိုင် ရောက်နေပြီ ဆို၏။ ကျနော့် သူငယ်ချင်းက ၀ါယာရိန်း ဆိုင် ပို့ပေးခဲ့သည် ဆို၏။ ထို ၀ါယာရိန်း ဆိုင်ကလည်း ကျနော်လုပ်နေကြ ပြင်နေကြ ဆိုင် ဖြစ်၏။ အသိ ဆိုင် ဖြစ်၏။ စားနေသည့် ထမင်းကို မြန်မြန် လက်စ သတ်ပြီး ၀ါယာရိန်း ဆိုင်သို့ လိုက်သွား၏။ ဆိုင်ကယ်က မရသေးပေ။ CPI ဆိုလား IP ဆိုလား လောင်သွားသည် ဆို၏။ original က (၆) သောင်းကျော်၊ (၈) သောင်းနီးပါး ပေးရသည် ဆို၏။ သူတို့်ကတော့ အသစ်ကို အားမပေးပေ။ original အသစ် ဆိုပေမယ့်လည်း ခဏလေးနှင့် ပြန်ပျက်တတ်သဖြင့် ထွင်ပြီးးတော့သာ ထည့်ရန် အကြံပေး၏။
သူတို့ ထွင်ပေးလို့ ရကြောင်း (၂) သောင်းကျော်လောက်သာ ကြမည် ဖြစ်ကြောင်း ပြော၏။ လောလောဆယ် မောင်းပြန်သွားလို့ ရအောင် သူတို့ထံမှာ ရှိသည့် အဟောင်း အကောင်းနှင့် ခဏ အစားထိုး ထည့်ပေးလိုက်မည်။ နောက်ရက်မှ လာပြန်လုပ်ဖို့ ပြော၏။ အချိန်ကလည်း (၅) နာရီ ထိုးခါနီးပြီးကိုး။ ကျနော်လည်း အဆင်ပြေသလို လုပ်ပါဆိုပြီး ပြောဆိုကာ စောင့်ပေးနေ၏။ (၅) နာရီမှာ တူလေးကို ကြိုရမည် ဖြစ်သဖြင့် အမကို ကျနော့် ဆိုင်ကယ် စီးသွားပြီး တူလေးကို ကြိုကာ အိမ်ပြန်လိုက်ဖို့ ပြောလိုက်၏။ ဆိုင်မှာ ကျနော်က ဆက်စောင့်ပေးနေမည်ပေါ့။
ဆိုင်ကယ် ရသွားလျှင် စီးပြီး ပြန်လာခဲ့မယ်ပေါ့။ အမ ပြန်သွား၏။ သူ့ ဆိုင်ကယ်ကို ဆက်လုပ်ပေးနေ၏။ သို့ပေမယ့် မရနေပေ။ သူတို့ ထံမှာ ရှိသည့် ပစ္စည်းနှင့် စမ်းပေးသော်လည်း မရနေပေ။ (၅) နာရီလည်း ခွဲတော့မည် ဖြစ်၏။ သူတို့ဆိုင်က (၅) နာရီ ပိတ်နေကြ ဖြစ်၏။ ယခု ကျနော့် အမ ဆိုင်ကယ်ကို တမင်လုပ်ပေးနေခြင်း ဖြစ်၏။ ဘယ်လိုမှ လုပ်မရသည့် အဆုံး ဆိုင်ကယ်ထားခဲ့လိုက်ဖို့ ပြော၏။ မနက်ဖြန်မှ ဆက်လုပ်တော့မည် ဖြစ်ကြောင်း ပြော၏။ သူတို့လည်း ဆိုင်ကယ်ကို ဆိုင်ထဲမှာ ထည့်သိမ်း ဆိုင်ပိတ်ပြီး ပြန်သွားကြ၏။
ကျနော်လည်း အမကို ကျနော့်အား လာကြိုရန် ph ဆက်ပြီး ခေါ်ရတော့၏။ အမကလည်း တော်တော်နှင့် ရောက်မလာပေ။ ကျနော့်မှာ ဆိုင်ရှေ့မှာ အချိန်အတော်ကြာ ရပ်စောင့်နေရ၏။ ညနေ Futsal ချိန်းပွဲ ရှိပါသည်ဆိုမှ လူက ရပ်စောင့်ရတာ ကြာလာတော့ ညောင်းလာ၏။ သြော် ငါ့မှလည်း ဖြစ်လိုက်ရင် ဒီအတိုင်း ချည်းပါပဲ လားဆိုပြီး ရေရွတ်နေမိ၏။ အမများ ရောက်လာတော့မလားဆိုပြီး လမ်းမဖက်ကို မျှော်ငေးပြီး ကြည့်နေမိတော့၏။
Don Jaun
MSC 31
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq