ကျွန်မဘ၀ရဲ့တစ်နေ့တာ အပိုင်း(၂)

in #myanmar8 years ago

ပန်းကောင်းတစ်ပွင့် လှလှပန်ဖို့ ၀ါသနာ စေတနာ.အနစ်နာခံပြီး ဆရာမတို့ ဘ၀နဲ့အရိုးသားဆုံးနေဖို့လဲလိုအပ်လှပါတယ်.ကျမတပည့်လေးတွေကိုလည်းကျမရင်ထဲက အမြတ်နိုးရဆုံး တန်ဖိုးအထားရဆုံး ပန်းပွင့်လေးတွေ ဖြစ်စေချင်ခဲ့တယ်.နောင်အနာဂါတ် တိုင်းပြည်တာဝန်ကို မောင်တစ်ထမ်း မယ်တစ်ရွက် ဆောင်ရွက်ကြမယ့် အနာဂါတ်ရဲ့ကြယ်ပွင့်လေးတွေကို ပျိုးထောင်ရာမှာ ကျမတို့ဆရာ ဆရာမတွေ အနေနဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်လေ.

သူတို့လေးတွေ
အတွက် မိဘလိုသဖွယ် ဆရာလိုတစ်မျိုး ဘက်စုံထောင့်စုံမှ ကျရာတာဝန်မှ ထမ်းရွက်နေကြပြီး သူတို့လေးတွေရဲ့စံပြဆရာမအနေဖြင့် အသပြာဆရာမဟုတ်ဘဲ စေတနာဆရာတဖြစ် တပည့်တွေရဲ့လမ်းကောင်းလမ်းမှန်ကို ညွန်ပြပေးရပါတယ်. မနက်ပိုင်းအတန်းချိန်တွေ တစ်ချိန်ပြီးစာသင်ခန်းတစ်ခန်းပြီးတစ်ခန်း ၀င်နေရလဲ ကျွန်မရဲ့အပြုံးက ကျွန်မရဲ့ အမြတ်တနိုးပန်ဆင်ထားတဲ့နှင်းဆီပန်းလေးလိုဘဲ့ လန်းဆန်းပြီး တက်ကြွနေပါတယ်.

အခန်းထဲဝင်ချိန် ကလေးတွေရဲ့မင်္ဂလာပါ ဆရာမဆိုတဲ့ အသံလေးဟာ ကျွန်မရဲ့အကြိုက်နှစ်သက်ဆုံး သံစဉ်လေးတပုဒ် လို ပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံပြီး ဘ၀ရဲ့အနှစ်သာရ ပြီးပြည့်စုံမှုကို နေ့တိုင်းခံစားရင်း ၀ါသနာပါတဲ့ဘ၀လေးမှာ ကျွန်မရဲ့အချိန်ပေါင်းများစွာကို နစ်မြုပ်ထားရတာ ပျော်ရွှင်ရဆုံးပါဘဲ့ရှင်.

နေ့လည်ဖက်ထမင်းစားချိန်ဆိုရင် မနက်ကတည်းက အမေနဲ့အတူ ချက်ပြုတ်လာတဲ့ ထမင်းနဲ့ဟင်းကို ဆရာမတွေနဲ့လက်ဆုံ အတူစားရင်း တစ်နေ့တာ အတွေ့အကြံများကိုပြောရင်း နေ့လည်ထမင်းစားချိန်လေးဟာ ခဏလေးနဲ့ကုန်ဆုံးခဲ့ပါတယ် . ထမင်းစားပြီး ကလေးတွေကို အချိန်ပို စာသင်ပေးဖို့ အားမာန်အပြည့်နဲ့ စာသင်ခန်းဆီဦးတည်ခဲ့မိတယ်ရှင့် :-) :-) :-)
အပြုံးပန်းလေးကတွေ ဝေလျှက်ပါဘဲ့ရှင်

image

😊😊😊

ဆက်လက်အားပေးပါအုံးရှင့်
အပိုင်း (၃) ......

Sort:  

ဆရာ ဆရာမ တွေ ကလေးတွေ ပေါ်ထားတဲ့ မေတ္တာတရားကို မာအမြဲလေးစားလျက်ပါ

ကျေးဇူးတင်ပါတယ် အစ်ကို 😊😊😊

Welcom😁😁sis

Thanks a lot my sis for u welcome 😊😊😊

အမ် ညီမလေး အယ်မပါအေ😋😋

အရေးကောင်းဆာမလေး။

ကြိုးစားဆဲပါရှင့် နောက်လဲအားပေးပါအုံးရှင့် 😊😊😊

ကလေးငယ်များအား စတင်လေ့ကျင့်သင်ကြားပေးနေရသော ဆရာ ဆရာမ အားလုံးကို လေးစားပါတယ်ဗျာ ငယ်စဉ်ဘ၀က ဆရာတွေကိုလည်း ပြန်လည်တမ်းတမိပါတယ်

ညီမတို့လဲ ကလေးတွေကြည့်ရင်း ငယ်ဘ၀ကို နေ့တိုင်းမြင်ရသလို ခံစားမိတယ် ၀မ်းသာဝမ်းနည်းဖြစ်ရတယ်

ဆရာနှင့်ကင်း၍ တတ်သော အတတ်ပညာဟာ မရှိသလောက်ပါဘဲဗျာ အားပေးပါတယ်ဆရာမ အရမ်းကောင်းပါတယ် steemit မှာ ဆရာတွေ ဆရာမတွေ အများကြီးဘဲဗျာ ပျော်စရာကြီးနေမှာနော် အရင်လထဲနဲ့ steemit ကို သိခဲ့တာဘဲ ကျွှန်တော့ကို facebook ကနေ add ပြီး စာလေး ပို့ထားပေးနိုင်မလားခင်ဗျာ steemit အကြောင်း ဆွေးနွေးချင်မိပါတယ်

ဟုတ်ကဲ့ steemitကိုသိတာ မကြာသေးပါဘူးရှင့် fb acc. Chaw Htet Htet Hsu ပါရှင့် ခင်မင်ခွင့်ရလို့ဝမ်းသာမိပါတယ်ရှင့်😊😊😊

Acc nameလေး ပေးပါရှင့်

chit chit ပါခင်ဗျာ profile link က https://www.facebook.com/profile.php?id=100012803764405 ပါခင်ဗျာ

ဆရာ၊ဆရာမတွေဆိုတာ ဘ၀ရဲ့ဥယျာဉ်မှူးတွေပါပဲဗျာ။ကြိုဆိုပါတယ် ဆရာမရေ...

ကြိုဆိုမှုအတွက် ၀မ်းသာကြည်နူးမိပါတယ်ရှင့်
😊😊😊😊

ဆရာမလေးကိုကြိုဆိုကြပါဦးဗျို့

ကျေးကျေး :-) :-) :-)