အရီးတို့ရွာသို့ အလည်တစ်ခေါက်

in #myanmar6 years ago

ကျွန်မဟာအနောက်တိုင်းသူတစ်ယောက်ပေမယ့် ကမ္ဘာ့တစ်ဖက်ခြမ်း
မှာရှိတဲ့ မြန်မာပြည်ကိုလေ့လာရေးခရီးထွက်ရင်း အလွန်ပူလောင်တဲ့
အညာဒေသက အရီးမြတို့အိမ်မှာ ခေတ္တနားခိုးခွင့်ရခဲ့ပါတယ်

image

Credit : facebook photo

ဒါနဲ့ကျမ သူတို့နေပုံထိုင်ပုံကိုကြည့်လိုက်တော့ ရာသီဥတုဒဏ်ကို
ကြံ့ကြံ့ခံထားရတဲ့ နေလှောင်နေတဲ့အသားအရေတွေအောက်က
ဖြူစင်အေးမြတဲ့အပြူံးတွေကိုတွေ့မြင်နေရတယ် ဒီလိုနဲ့ကျမသူတို့ရဲ့
နေ့စဉ်လုပ်ခွင်ကိုလိုက်လံလေ့လာဖို့ခွင့်တောင်းပြန်တော့လည်း

image

Credit : facebook photo

မငြင်းခဲ့ပြန်ပါဘူး ဒါပေမယ့် နုထွဠ်နေတဲ့ကျမအသားအရေတွေ
နေလှောင်ဒဏ်မခံနိုင်မှာဆိုးလို့ အရီးမြကဘဲ သနပ်ခါးဖွေးဖွေးကို
ကျမပါးလေးမှာအသေချာလိမ်းပေးပီးမှ အလုပ်ငန်းခွင်ရှိရာ ယာပြင်ကို
ခေါ်ဆောင်လေ့လာခွင့်ပြူခဲ့တယ် ယာပြင်ကိုရောက်တော့ ဘာတွေ
စိုက်ပျိုးထားလဲဆိုတာကြည့်လိုက်တော့ "ဟယ်တော် ၀ါဂွမ်းပင်လေးတွေ
ချစ်စရာလေးတွေ အသီးတွေကခြောက်သွေ့လွန်းပီး ကွဲပြဲအာထွက်လို့
အထဲက ဖြူစွတ်စွတ်ဝါစတွေပါအပြင်ကိုထွက်ပေါ်နေပါပီ" ဒါနဲ့ကျမ

image

Credit : facebook photo

ဝမ်းသာအားရ ၀ါဂွမ်းလေးတွေခူးဖို့ပြင်ပီးေပြေးလွှားသွားခါ ၀ါပင်က
သစ်ရွက်ခြောက်တချို့ထိရှမိတာကြောင့် ယားယံခြင်းကိုခံစားရတော့
ဖြေးဖြေးခြင်းသွားရတယ် မလွယ်ကူပါ့လားလို့စိတ်မှာအမှတ်တမဲ့....

image

Credit : facebook photo

ဒီလိုနဲ့ ယာခင်းကပြန်လာကြတော့ ခူးစွတ်ခဲ့တဲ့ဝါစတွေကို ပီနံအိပ်
ကြီးကြီးတစ်လုံးမှာ စုထည့်ပီး သွားရောင်းချသေးတာပေါ့ အရီးမြက
ှေူာင်းရတဲ့ငွေထဲမှ ကျမအတွက်ငွေချို့ထုတ်ပေးတော့ ကျမမယူရက်ပါ
ဒါပေမယ့်အတင်းဇွတ်ပေးတော့ ကျမယူပီးအဲ့ဒီငွေနဲ့ သင်္ကန်းအချို့

image

Credit : facebook photo

ဝယ်ပီး အရီးမြတို့ ကိုးကွယ်တဲ့ရွာဦးကျောင်းက ဘုန်ကြီးတချို့ကိုလှူဒါန်း
ပီးတာနဲ့ အရီးမြတို့အိမ်ပြန်ရောက်ခါစရှိသေးတယ်"ဟောာာာာ ထပ်လာပီ
ရွာထိပ်က မောင်သာအေး ထန်းတောက ထန်ရည်ချိုတွေ ရေသန့်ဗူး
မျိုးစုံနဲ့သယ်လာပေးတာ ကျမလည်းမောမောနဲ့ သောက်ချလိုက်တာ

image

Credit : facebook photo

ဘယ်နှဗူးကုန်သွားတယ်ကိုမမှတ်မိတာပါရှင်...ထန်းရည်လည်းသောက်ပီး
ရွာထိပ်က ကာလသားတွေစုနေတဲ့ ဇယ်တောက်ခုံကိုသွားစပ်စုတယ်

image

Credit : facebook photo

ကျွန်မတို့မြို့မှာဆိုရင်တော့ ဘိလယက်ခုံပေါ့ ဒါပေမယ့် ရွာမှာကျ
ဇယ်တောက်ခုံကပိုပီးခေတ်စားတယ်လေ ပျော်စရာတွေ မြင်ကွင်းတွေ
ကတော့ဖြင့်ကျွန်မအတွက်ပြောလို့မကုန်နိုင်ပါဘူး အခွင့်အခါသင့်လျှင့်
နောက်တစ်ခေါက်လာလည်ချင်သေးပါရဲ့ အရီးမြရယ်....

Post writer : ThiHaKo(@gelatofresco)
Credit : facebook photo
MSC - 019

Sort:  

အရီးတို့ရွာပြီးတော့ စာဥတို့ရွာကိုသွားလိုက်ဦးလေ စိတ်ကောက်နေဦးမယ်

Wow...ဖတ်​လို့​ကောင်းပြီးပုံ​တွေလည်းကြည့်​ရတယ်​...ခုလိုပို့စ်တင်​​​ပေးလို့​ကျေးဇူးပါ...

ဟုတ်တယ်အမ ကော်ပီတော့မဟုတ်ပေမယ့် ပုံလေးတွေအရမ်းသဘောကျလို့ဇာတ်လမ်းဆင်ရေးထားတာပါ

ကိုသာအေးမှ ဟုတ်ရဲ့လား ရေးကွက်တွေ ရပီလေး များများရေးပါဗျ။

ကျွတော်များများရေးဖြစ်တော့မယ်အကိုဘာလို့လဲဆိုတော့အလုပ်နည်းနည်းအားပီလေ ဟီးးးးဟိုတလောကမအားဖြစ်နေတာအကိုရယ်

ချစ်စရာ ဆောင်းပါးလေး ..
စာလုံးပေါင်းလေးတွေ နဲနဲမှားနေပါတယ် ..
ခူးဆွတ် .. အဖြူဆွတ်ဆွတ် .. နုထွတ် .. ရောင်းရငွေ

Real life လေးတွေမှာ၊ရိုးစင်းတဲ့သဘော၊ဖြူ စင်တဲ့အနေအထား၊အေးချမ်းတဲ့ဘဝ...ဒါတွေကို၊နိုင်ငံခြားသားတွေကသဘောကျတာ၊ရှာဖွေနေတာ။ဒါပေမဲ့..ဒီကလူတွေ
တော်တော်များများက..ပကာသနနဲ့အထာကျမှ၊အဟုတ်ထင်နေ ကြတော့လည်း.....။

ပြည့်စုံတဲ့လူကပကာသနကိုမမက်သလိုမပြည့်စုံတဲ့လူကပကာနကိုမက်မောတာအဆန်းတော့မဟုတ်ပါဘူးအန်တီဒါလူ့သဘာဝလေဘယ်သူ့ကိုမှအပြစ်ပြောလို့မရပါဘူးအန်တီရယ်

ဖတ်လို့ကောင်းတယ်ဗျ ကိုရင်သာအေး

ဟုတ်အကိုကျေးဇူးပါခင်ဗျ
နောက်လည်းအားပေးနော်

အယ် ဒါလည်း ဆောင်းပါးဖြစ်သွားတယ်နော်

ဟုတ်ပါတယ်ဆို

ပုံနဲ့ စာနဲ့ကတော့ လိုက်ပဗျာ

ဟီးးးးပုံကြည့်ပီးစာရေးထားတာလေကိုလွမ်း

ကိုသာ‌အေး အညာကိုလွမ်း‌နေ ပြီလား။အဆင်‌‌ပြေ ရင်‌ ခဏ ပြန်‌ခဲ့‌ပေါ့ဗျာ။

ကိုသာအေး ရေးချက်ပိုင်တယ်ဗျာ ကောင်းလွန်းတဲ့စိတ်ကူးလေးတွေ ကျွန်တော်ကတော့ စိတ်ကူးတစ်ခုတော့ရလိုက်ပါပြီဗျာ

အညာဓ​လေ့ပုံစံကို မြင်​​ယောင်​​စေမိပါတယ်​ဗျ

Fb က ကုန်​ကြမ်းကြီး​နော်​။😁😁😁

ဟုတ်တယ်ကိုဖြိုးကျနော်ကြိုက်လို့စာနဲ့ဖော်ပြပေးတာ

အညာ​ဒေသ ပူ​ပေမဲ့ သ​ဘောကျမိ

ပုံလေးတွေနဲ့ စာလေးတွေ စက်စပ်နေတာ တော်တယ် ကွီး we are g3

ဟုတ်ပါ့ ကြည်ရေ

အညာ​ဒေသ ပူ​ပေမဲ့ သ​ဘောကျမိ

ကိုသာအေးရေ ရွာဓလေ့ ကိုပေါ်လွင်စေတယ်ဗျာ

အဲ့လို​လျောက်​သွားပြီး​နေချင်​တာ

ဖတ်လို့ကောင်းတယ်ဗျ ကိုသာအေးရေ

အမလေးတွေ အရီးလေး ဂွတ်ထော်ပါ
လျောက်လျောက်ေုပာနေ
:)

ဟားးးးးးးးးးး