အသစ်အသစ်သော မန်ဘာများ ၀င်ရောက်လာခြင်း
မန်ဘာဟောင်းများ၏ ကြိုးစား အားထုတ် မှု့များကြောင့်
ယနေ့ ကျွန်ုပ်တို့၏ Myanmar Steemit community
မှာဆိုလျှင်ဖြင့် တဖြေးဖြေး ကြီးထွားပီဖြစ်သည် ။
ထို့ကြောင့် ကျွန်ုပ်သည် မန်ဘာ အဖွဲ့ဝင်တစ်ဦး
ဖြစ်တာကြောင့် ဂုဏ်ယူ ၀မ်းမြောက်မိပါသည် ။ပထမဆုံး
လမ်းပြ ခေါ်ဆောင်ပေးခဲ့သော @kachinhenry ကိုဟန်နရီ
အား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါ၏ ။
Credit : Google photo
ကျွန်ုပ်တို့မှာလည်း တစ်ဖက် တစ်လမ်းမှ နေ၍ ဤအဖွဲ့
အစည်း ပိုမို အားကောင်းလာစေရန် ၀ိုင်းဝန်းကူညီကာ
ရှေ့ဆက်ခရီး လျှောက်လှမ်း နိုင်စေရန်မှာလည်း မန်ဘာအသစ်
များအား လက်တွဲကူညီ ခေါ်ဆောင်လျှက် ရှိပါသည် ။ သို့သော်
အသစ် အသစ်သော အဖွဲ့ဝင်များမှာမူ ရေစီးဖြင့်သာ
အရန်သင့် လိုက်ပါရန် ကြိုးစားကြပီး ရေကိုဆန်တက်နိုင်
ရမည်ဟူသော စိတ်ဓါတ်များ အကျင့်များ ပြောက်ဆုံးနေကြ
သဖြင့် တစ်ခါတလေ အလွန် စိုးရိမ်မိပါသည် လူသစ်များ
အနေဖြင့် ကိုယ်မသိသော အကြောင်း အရာများအား
ကိုယ့်ထက် ၀ါကြီးသော မန်ဘာဟောင်းများအား လိုက်လံ
မေးမြန်း စူးစမ်းမှု့မှာလည်း မရှိသလောက်ပင်ဖြစ်ပီး
Credit : Google photo
လမ်းမှားပီး လျှောက်နေတာကို အမြင်မတော် ဘေးက
လိုက်လံထောက်ပြ ကူညီပေးသော စေတနာရှင်များအား
ဆရာကြီး လုပ်သည်ဟု ထင်ကာ မှားနေသော လမ်းအတိုင်း
ဆက်ရှောက်မြဲ ရှောက်ပြန်၏ တချို့သော လူသစ်များမှာ
သင်ပြ ညွန်ပြပေးသော အရာများကို လေးလေးစားစား
လိုက်နာကြသော်လည်း ခဏတာ အတောအတွင်းမှာ
ကြက်ပျောက် ငှက်ပျောက် သကဲ့သို့ပင် ပေါ်၍မလာပေ
မိမိ မစားဘူးသော ဟင်းတစ်ခွက်ကို စားသုံးရသည်မှာ
အလွန်ခက်ခဲ၏ အဘယ့်ကြောင့်ဆိုသော် ဟင်း၏
Credit : Google photo
အရသာကို မသိရှိသေး သောကြာင့်ဖြစ်သည် ထို့ကြောင့်
မစားဘူးသော ဟင်းတစ်ခွက်အား နေ့စဉ်အကြိမ်ကြိမ်
စားသုံးပေးခြင်းဖြင့် ထိုဟင်း၏ အရသာကို သိလာပါက
နောင်တွင် တစ်သက်လုံး စွဲမြဲစွာ စားသုံးမည် ဆိုသည်မှာ
ဧကန်မုချမလွဲ အလွန် အင်မတန်မှ တန်ဖိုးရှိသော အရာ
များသည် အရောင် အဆင်း အနံ့ အရသာမရှိကြပေ
အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်သည် အရင်က စာ
တစ်မျက်နှာပင် ပြည့်အောင့် ကိုယ်ပိုင် အတွေးအခေါ်ဖြင့်
Credit : Google photo
ဖန်တီး၍ မရေးနိုင်ခဲ့ပါ သို့သော် ကျွန်ုပ်သည် ဤ Steemit
မှ ဘာတစ်ခုမျှပင် မရစေအုန်းတော့ ယခုအခါ ကျွန်ုပ်
ရေးသားချင်သော အကြောင်း အရာများကိုး တွေးခေါ်တက်
လာပီ ဖြစ်သောကြောင့် ကျွန်ုပ်အတွက် ငွေမရနေပါစေ
တန်ဖိုးရှိသော ပညာတစ်ခု ရရှိပါပေပီ ခုခေတ်လူငယ် အများစု
အလုပ်တစ်ခုကို စိတ်ဝင်စားပီ ဆိုလျှင်လည်း ကောက်ရိုးမီး
သကဲ့သို့ ၀ုန်းခနဲ ခဏတာသာလျှင် တက်ကြွပီး ဖွဲမီး
Credit : Google photo
သကဲ့သို့ အချိန်ကြာမြှင့်စွာ တမြေ့မြေ့ ဖြေးဖြေးမှန်မှန်
ဖြင့် လောင်ကျွမ်းနိုင်သော စွမ်းအား ရှိသော်လည်း ပျင်းရိ
လေးလံ နေကြသောကြောင့် မိမိတွင်ရှိသော အစွမ်းအစများ
ပျောက်ကွယ် လာနေသည်ကိုတွေ့ မြင်ရသောကြောင့်
မိမိစွမ်းအားများ ဖွဲမီးအဖြစ်သို့ ပြောင်းလဲကာ တိုးတက်မှူ့
ပန်းတိုင်သို့ အမြန်လျှောက်လှမ်း နိုင်ကြပါစေလို့ ပြောကြားရင်
နိဂုံးချူပ်လိုက်ပါရစေ ခင်ဗျ
Post writer :ThiHaKo(@gelatofresco)
From Myanmar
MSC-019
Credit : Google photo
ဖွဲမီးတွေမှများကြီးပဲ
ရှို့စေဗျာ ကိုအတာရေ ကိုလေးဖြူဖွဲမီး တမြေ့မြေ့လောင်ကျွမ်း
Please share your idea comment thanks
အေးပါ ကိုသာအေးကြီးရယ်
အေးကါ ဒိုဒိုရယ်
တမြေ့မြေ့နဲ့ကျွမ်းလောင်နေ ဖွဲမီးလိုပဲ...
ကိုလေးဖြူသီချင်းနားထောင်ရင်းစိတ်ကူးရသွားတာ
ဖွဲမီးက ငရဲမီးလိုပဲ
great post bro
မှန်တယ်အကိုရေ ကျေးဇူးပါခင်ဗျ ကိုဘို
ဖွဲမီးတွေများနေပီ
များသထက်များအောင်ကြိုးစားကြပါစို့ အကိုရေ ကျေးဇူးပါခင်ဗျ
ညီအကိုတွေစီမှာ သူများတွေနဲ့မတူတက်ကြတဲ့ကိုယ်ပိုင် စွမ်းရည်ဟာ ဒီsteemit ကိုရောက်လာတာ ပိုသိသာကြတယ်…
မှန်တာပေါ့အကိုရေ ကွန်မန့်လေးအတွက်ကျေးဇူးပါခင်ဗျ
ကိုသာအေကြီး
တို့အရေးအသားတွေပိုပ်ုကောင်းလာတယ်
ကိုရဲရင့်ကိုမှီဖို့အတော်ကြိုးစားရအုန်းမယ်ခင်ဗျ ကျေးဇူးပါခင်ဗျ
Good idea
I really like it
ကျေးဇူးပါခင်ဗျ
ဖွဲမီးတော့ မမြင်ဖူးသေး ဖဲမီးကတော့ တော်တေည်ဆိုးတာတွေ့ဖူးပါတယ် ကိုသာအေးရယ် ဘေးကလူတွေကိုပါ ပတ်လောင်တယ်ဗျာ
လောဘပါလာရင် ပိုကြောက်စရာကောင်းတယ်ကိုစိုးရေ
Good Post Bro! Thanks.
ကျေးဇူးပါ ဂျူလီ
Hoke pa ko yon thar Aye yal.
Heeeee😂😂😂😂😂😂
😷😷😷
steemit is a great place to write of whatever your thoughts too! good luck n steem on
Thanks