ဘဝကိုတည်ဆောက်နည်းများထဲမှတစ်ခု

in #myanmar6 years ago

ကျွန်တော့် ရဲ့ တစ်သက်မှာတစ်ခါကြုံ တက္ကသိုလ်​ကျောင်းသားဘဝ အဖုံဖုံ ဆိုတဲ့ ဆောင်းပါးလေးပြီးသွားတဲ့အချိန်မှာ ဘာရေးသင့်လဲလို့စဉ်းစားတဲ့အခါ ခေါင်းထဲပြေးမြင်မိတာက တက္ကသိုလ်မှာ တွေ့ကြုံခဲ့တဲ့သူတွေရဲ့ အတွေးအမြင်ကို ရေးချင်တယ်ဗျာ။ အဲ့ဒီမှာ ကျွန်တော့်ရဲ့ ခံယူချက်ကိုလည်း သိစေချင်လို့ပါ။ အထူးသဖြင့် ဒီ Steemit က ကျွန်တော့်ထက်ငယ်တဲ့ သူတွေ ၊ နောက် တစ်ချိန်မှာ မိဘ ဖြစ်လာမည့်သူတွေ ကို သိစေချင်လို့ပါ။ ဘာဖြစ်လို့ တက္ကသိုလ် နဲ့ပတ်သတ်တာပဲရေးရလဲဆိုတော့ Cheetah မိမှာကြောက်လို့ဗျ။

image
Crd-org-source

ကဲ ... ပြောချင်တဲ့အကြောင်းအရာလေးကို စပြောရအောင်ဗျာ။ မပြောခင် ကြိုတင်တောင်းပန်ထားပါရစေ။ ကျွန်တော်အခုရေးမည့်အကြောင်းအရာသည် မည်သူ့ မည်သူ့ကိုမျှ မရည်ရွယ်ပါ ခဗျာ .......။

ကျွန်တော် နယ်မှာ တက္ကသိုလ်တက်တော့ လူအမျိုးမျိုး ဘဝ ပေါင်းစုံက လာတဲ့သူတွေမြင်ခဲ့ဖူးတယ်။ တစ်ချို့က မိဘတွေ Divorce ဖြစ်တဲ့ဘဝ က လာကြပါတယ်။ တစ်ချို့က စားဝတ်နေရေး အခက်အခဲတွေကြားကလာကြတယ်။ အဲ့ဒီမှာပြောချင်တာက ကို ကိုယ်တိုင်ရဲ့ ခံယူချက်ပါ။ ကျွန်တော် တက္ကသိုလ်တက်တော့ တစ်ချို့သူတွေက တက္ကသိုလ်တက်နေပေမည့် ပေါ့ပေါ့နေ ပေါ့ပေါ့စား တွေပါ။ ကျွန်တော သူတို့ကိုမေးတယ် ... မင်း ဘွဲ့ရအောင်လုပ်သင့်တယ်လို့...ဆိုတော့ သူတို့တွေက ပြန်ပြောတယ်။မရလည်းပြဿ နာမရှိဘူးတဲ့ ၊ အချိန်တန် ကိုယ့် မိဘ စီးပွားရေး ပြန်လုပ်မယ်တဲ့။ တစ်ချို့ကကျတော့ မိဘ က ချမ်းသာတယ်၊ ဒါပေမည့် အိမ်စီးပွားရေးကို စိတ်မဝင်စားဘူး။ ရတဲ့ဘွဲ့လေးနဲ့ အလုပ်လုပ်မယ် ၊ ရတဲ့လစာ မလုံလောက်ရင် အမေ့ဆီက တောင်းမယ်...တဲ့။ ဒါက သူတို့အယူအဆ။

image
Crd-org-source

အဲ့ဒီမှာပြောချင်တာက အထက်ကပြောခဲ့တဲ့ သူတို့ဟာ ကျောင်းကိုပြီးဆုံးအောင် မပြီးခဲ့ဘူး ဆိုပါတော့။ တစ်ချိန်မှာ သူတို့ဘယ်လောက်ချမ်းသာချမ်းသာ သူငယ်ချင်းတွေနဲ့ပြန်ဆုံတဲ့အခါ အရမ်း မျက်နှာငယ်ရတယ် ဆိုတာကို မသိလို့ပဲ။ သူငယ်ချင်း ဆိုတာက ဘာမှမပြောပေမည့် သူတို့ရဲ့ စိတ်ထဲမှာကို အလိုလို အားငယ်လာတတ်တယ်။ ကျွန်တော့ ကိုယ်တွေ့တစ်ခုပြောပြပါမယ်... ကျွန်တော့်မှာ ငယ်ကတည်းကခင်တဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ တစ်ချို့က ဆရာဝန် ၊ တစ်ချို့က ကွန်ပြူတာနဲ့ကျောင်းပြီးတဲ့သူ၊ တစ်ချို့က စစ်ဗိုလ်၊ တစ်ချို့က အင်ဂျင်နီယာ၊ တစ်ချို့က ရိုးရိုးဘွဲ့ရပြီး ဘဝအတွက် သင့်လျော်ရာ အလုပ်တစ်ခုလုပ်နေကြတဲ့သူတွေ ပေါ့။ အဲ့ဒီလို သူငယ်ချင်းတွေရှိသလို တစ်ချို့တစ်လေက ကျတော့ သူတို့မိဘတွေ အရမ်းချမ်းသာလို့ ၊ အလိုလိုက်လို့ ပျက်စီးပြီး ကျောင်းမပြီးခဲ့တဲ့သူတွေလည်းရှိတယ်။ ထားပါတော့ ။ သူငယ်ချင်းတွေပြန်တွေ့တဲ့အချိန် မှာ ကျောင်းမပြီးခဲ့တဲ့သူတွေက သူတို့ဘာသာ ဘယ်လောက်ချမ်းသာ ချမ်းသာ တစ်ခြားသူငယ်ချင်းတွေနဲ့ စကားပြောပြီဆိုရင် ...ထားပါတော့ ကိစ္စတစ်ခုခုအကြောင်းပြောပြီဆိုရင် သူတို့က နှုတ်ဆိတ်နေတတ်တယ်။ တစ်ခြားမည်သူကမှ မင်း ...တိတ်တိတ်နေ ဝင်မပြောနဲ့လို့ ... မပြောဘူး၊ သို့ပေမည့် သူတို့ရဲ့ မသိစိတ်ကကို အလိုလို အားငယ်တတ်တာ။ အဲ့ဒီ အချိန်မှာ နောင်တရတတ်ကြပါတယ်။ အဲ့ဒါက တော့ကိုယ်တွေ့ပါ။

ဒါကြောင့် စကားပုံ တစ်ခုရှိတယ် ။ ပညာရဲရင့် ပွဲလယ်တင့် ...တဲ့ ။ ဒါကြောင့် ပြောချင်တာက Steemit မှ ညီငယ် ညီမငယ် တွေအနေနဲ့ ဘွဲ့ရတဲ့အထိ ကြိုးစားကြပါ။ ပညာတက်ဖြစ်အောင်ကြိုးစားကြပါ။ မိဘ တွေအနေနဲ့လည်း ကိုယ့်သားသမီးကို အားပေးကြပါ။ တစ်ချိန်မှာသူတို့ဟာ နိုင်ငံခေါင်းဆောင် ဖြစ်မလာဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။

image
Crd-org-source

နိဂုံးချုပ်အနေနဲ့ ပညာတက်မှ ကျိုးကြောင်း ကို စဉ်းစားတက်လာမှာပါ။ စဉ်းစားဆင်ခြင် တတ်တဲ့သူတစ်ယောက်ဟာ အမှားတစ်ခုကိုလွယ်လွယ်နဲ့မလုပ်တတ်တော့ပါဘူး။ ဒါမှ ဘယ်ဟာက ကောင်းတယ် မကောင်းဘူး သိမှာပါ။ အဲ့ဒီရဲ့ အကျိုးဆက်က နိုင်ငံသားကောင်းတင်မက မိမိ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အတွက်ပါ လူတော် လူကောင်း ဖြစ်လာစေမှာပါ။
...
Photo credit by Google image
...
...MSC - 238
@generalpyone

Sort:  

မှန်​တယ်​ဗျ ပညာတခုခုဘယ်​ ​လောက်​တပ်​တပ်​ အစိုးရအသိအမှတ်​ပြုလိုတယ်​ ကျ​နော်​ဆီသင်​တဲ့တပည့်​​တွေ နိုင်​ငံခြားသွားလုပ်​လို့ရတယ်​ ကျွန်​​တော်​ကမရဘူး GTC​ကျောင်းမဆင်းလို့ အိမ်​မီးလိုင်း​တွေလဲ တပည့်​​တွေရိုက်​ခွင့်​ရှိတယ်​ ကျွန်​​တော်​ရိုက်​ခွင့်​မရှိ အဲ့ဒီ​နေရာမှာကွာတယ်​ဗျ လက်​​တွေ့

တစ်ကယ်တမ်းကတော့မဖြစ်သင့်ဘူး သို့ပေမည့်လည်း policy က လက်မှတ်ရမှကိုးဗျ

သားနဲ့ မမ အယူဆ တူတေ good ပါတယ်ဆို😍

👍👍👍👍👍

ဘွဲ့လက်​မှတ်​နဲ့ စာတတ်​သူ​တွေကို ပိုအလိုရှိ​နေကြတဲ့​ခေတ်​ဗျ

ဟုတ်တယ်

Idea ကောင်းတယ်

👍👍👍👍👍

အာ့ဆို ဒီနေ့ က စပြီး ကျောင်းမှန်မှန်တက်တော့မယ်ဗျာ

ကျောင်းမှန်မှန်တက်စာမခက် တဲ့

ဘွဲ့ရသူနဲ့မရသူ လုပ်ငန်းခွင်မှာ ကွာခြားတာ ပိုသိသာတယ်

ဟုတ်တယ်ဗျာ

ဟုတ်​ပါတယ်​...​ကျောင်းသားဘ၀ရည်​မှန်းချက်​မရှိဘဲ​ပေါ့ဆ​နေခဲ့ရင်​​တော့တစ်​ချိန်​ချိန်​​နောင်​တရမှာပါ....

သိပ်မှန်တယ်အမ သိပ်မှန်တယ်

ပေးတဲ့အကြံကောင်းပါသည်ပညာရွေအိုးလူမခိုးတသက်စားမကုန်ပါ

ပညာဆိုတာ ဘယ်တော့မှလည်း ကုန်ခမ်းသွားမှာမဟုတ်ပါဘူး

ဒါမျိုးလဲရတာပဲ

မရချင်ယောင်ဆောင်နေတာ

တန်‌ဘိုးရှိလိုက်‌တာညီ။‌ကောင်းတယ်‌ဆိုတာထက်‌ပိုတဲ့Postတစ်‌ခုပါ။

သိစေချင်လို့ ကိုမဟော်ရေ

ကျောင်းကြီးပီးအောင် တတ်တော့မယ် 😊😊

ဟားဟား

တက္ကသိုလ်တတ်တဲ့အချိန် မိမိရသမျှပညာကို ရှာယူသင့်ပါတယ်။

တက္ကသိုလ်​တက်​မှမဟုတ်ပါဘူး အချိန်တိုင်းရှာယူသင့်ပါတယ်

ဟုတ်တယ်ရှင် အိမ်က မောင်လေးဝမ်းကွဲလေးတွေကိုလည်း အဲ့လို အသိစိတ်လေး ၀င်စေ့ချင်တာ။ သူတို့မှာ ခံယူချက်မရှိဘူး ၊ ဦးတည်ချက်ပျောက်ပြီး ဘွဲ့ရလည်း ဘာလုပ်စားလို့ ရမှာလဲဆိုတဲ့ မှားယွင်းတဲ့ ခံယူချက်တွေ အတွေးတွေ ၀င်နေကြတယ်။ သူတို့အရွယ်လေးတွေက အရမ်း သွားပြောလို့လည်းမရ ၊ အရမ်းပြောပြန်ရင်လည်း ဆရာသိပ်လုပ်တာပဲ သိပ်နားညည်းတာပဲ ဆိုတဲ့ အချိုးမျိုးလေးတွေ ရယ်။

အင်း နားဝင်အောင်တော့ပြောကြည့်ပေါ့ အမရယ် သူတို့ကတော့ငယ်သေးလို့ဘယ်သိဦးမှာလဲ။ ကျနော်ရေးထားသလိုပေါ့။ တစ်ချိန်ကျမှ နောင်တရမှာ ဆိုးလို့ပါ။

စာကျက်တော့မယ်

ဒီအရွယ်က စာကျက်ရမည့်အရွယ်မဟုတ်တော့ဘူး။ လေလာရတော့မယ်အရွယ်။