တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၁၈ ဇာတ်သိမ်းပိုင်း)

in #myanmar6 years ago

အပိုင်း (၁၈)

image

Crd-org-source

စာမေးပွဲတွေ ဖြေပြီးတဲ့အချိန် မှာတော့ field ဆင်းဖို့ပဲကျန်တော့တာကိုး။ စာမေးပွဲမအောင်မှာလည်းစိတ်ပူရတယ်။ ရေးသင့် မရေးသင့်စဉ်းစားနေတာ နဲ့ နောက်ဆုံးရေးဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စလေးတစ်ခုရှိသေးတယ်။ နောက်ဆုံးစာမေးပွဲ မဖြေခင် နှစ်လလောက်အလိုမှာ ကျွန်တော့်ထက် သုံးနှစ်လောက်ငယ်တဲ့ ကောင်မလေး တစ်ယောက်နဲ့ ဇာတ်လမ်းလေးတွေဖြစ်ခဲ့ဖူးတယ်။ သူကတော့ တောင်ငူသူပေါ့။ ရိုးရိုးယဉ်ယဉ်လေး။ မျက်နှာမှာ ဘယ်တော့မှ မိတ်ကပ်မလိမ်းဘဲ သနပ်ခါး ရေကျဲ လေးသာ အမြဲလိမ်းသူပေါ့။ ပြောရမယ်ဆို ဒီဇာတ်လမ်းက မထင်မှတ်ပဲ ဖြစ်ခဲ့တာ။ တစ်နေ့ မှာ ကျွန်တော် ရှေ့အပိုင်းတွေမှာရေးခဲ့ဖူးတဲ့ တောင်ငူက သူငယ်ချင်း တစ်ယောက်နဲ့ ဘီယာ သောက်ကျရင်း စကားများကြတယ်။ အဲ့အချိန်မှာ သူက ရည်းစားရှိပြီးသားပေါ့။ ကျွန်တော်က တော့ မရှိဘူးလေ။ အဲ့ဒီ အရက်ဝိုင်းမှာ သူက ကျွန်တော့်ကို စိန်ခေါ်တယ် ။ ကျောင်းမပြီးခင် ကောင်မလေး တစ်ယောက်လောက်ကို လိုက်ပြစမ်းပါတဲ့။ ကျွန်တော်ကမေးတယ်။ ဘာကြေးလဲ လို့ ဆိုတော့ သူက မင်းကြိုက်တဲ့ကြေးတဲ့။ OK ကောင်းပြီလေ ဆိုပြီး ကျွန်တော်က ဘီယာတစ်ဝိုင်းကြေး လောင်းကြတယ်။ သူက ကျွန်တော့်ကို အချိန်အတိုင်းအတာ တစ်ခုပေးတယ်။ ဒါပေမည့် ကျွန်တော်က သူပေးတဲ့ အချိန်အတိုင်းအတာ ထက် နည်းတဲ့အချိန် ယူပြီးတော့ စိန်ခေါ်လိုက်တယ်။

image
Crd-org-source

အဲ့လိုနဲ့ နောက်နေ့ကျတော့ အဲ့ဒီကောင်မလေးကို လိုက်တယ်။ ကျန်တာတွေတော့ ထားလိုက်ပါတော့ ။ နောက်ဆုံး ကျွန်တော့်တောင်းတဲ့ အတိုင်းအတာ တစ်ခုအတွင်းမှာ သူနဲ့ကျွန်တော် ချစ်သူတွေဖြစ်ခဲ့တယ်။ သို့ပေမည့် သူ့ကိုလည်း ကျွန်တော် မချုပ်ချယ်သလို ကျွန်တော့်ကိုလည်း မချုပ်ချယ်ဘူး။ စကတည်းက ကျွန်တော်က သူ့ကိုပြောထားတယ်။ ဘဝတစ်ကွေ့မှာ ခဏတာ ဆုံကြတဲ့အခါမှာ ကံအကြောင်းလှလို့ ချစ်သူတွေဖြစ်ခဲ့ကြပေမည့် ကံအကြောင်းမလှလို့ ကွေကွင်းခဲ့ရင် ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ ၊ ကံစီမံရာပေါ့ လို့ ပြောထားပြီးသား။ ချစ်သူ ဘဝ မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိဖို့အရေးအကြီးဆုံးပဲ လို့လည်း ပြောထားတာလေ။ သူကလည်း နားလည်ပါတယ်။ အဲ့လိုနဲ့ နောက်ဆုံး ကျောင်းပြီးသွားတဲ့အချိန်မှာ သူက B.Tech Second တက်တုန်းလေ။ နောက်ပိုင်းတော့ အဆက်အသွယ် မလုပ်ဖြစ်တာနဲ့ ကျွန်တော့်ဇာတ်လမ်း တစ်ခန်းရပ်ခဲ့ပါတယ်။

image
Crd-org-source

အခုတော့ သူလည်း သူရဲ့ ကံကြမ္မာက စီစဉ်ထားတဲ့ တစ်ယောက်နဲ့ အဆင်ပြေနေတယ် ကြားတော့ ဝမ်းသာမိပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ဇာတ်လမ်းလေးပေါ့။ အဲ့ဒီလိုနဲ့ ကျောင်းပြီးလို့ field ဆင်းတဲ့အချိန် အဆိုးဆုံးပဲ။ နေ့တိုင်းကို လျှောက်လည် ၊ အချိန်ဖြုန်းနဲ့ Field ဆင်းလို့ပြီးပါလေရော။ ပြီးတော့ စာမေးပွဲအောင်စာရင်းထွက်တဲ့နေ့ ရောက်လာပါရော။ B.E တက်တော့ ကျွန်တော့် Roll No က 35 ။ အောင်စာရင်းထွက်တော့ ကျွန်တော်က Roll No 22 ဗျ။ အဲ့ဒီနေ့က တော်တော်ပျော်တာ ။ အပျော်ဆုံး နေ့တွေထဲက တစ်ခုပေါ့။ နောက်တစ်ခု ကံကဘယ်လောက်ကောင်းလဲဆိုရင် BE တုန်းက အတန်းထဲမှာ 45 ယောက်လားမသိဘူး ရှိတာ ။ အောင်တော့ ကျွန်တော်က 22 ၊ အောင်တဲ့သူကလည်း စုစုပေါင်း 22 ယောက်ပဲ အောင်တာ၊ ပြောရမယ် ဆိုရင် ကျွန်တော်က နောက်ဆုံးကနေ အောင်တာ ၊ ကျွန်တော့်အောက်မှာ ကျောင်းအုပ်ကြီးလက်မှတ်ပဲရှိတော့တယ်။ အဲ့ဒီလိုကံကောင်းတာဗျ။

imageCrd-org-source

နောက်တစ်ခု ကံကောင်းတာရှိသေးတယ်။ ကျွန်တော်တို့ စာမေးပွဲအောင်တဲ့သူ 22 ယောက်လုံး Qualified ပါတယ်။ Master တန်းဆက်တက်လို့ရတယ်ပေါ့ဗျာ။ ဒါပေမည့် မတက်ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာတော့ ရန်ကုန်မှာ သင်တန်းတွေလျှောက်တက်ရင်းနဲ့ ဘွဲ့ယူဖို့အချိန်ရောက်လာပြန်ပါရော။ ပထမတော့ မယူတော့ဘူး လုပ်ထားတာ နောက်တော့ သူငယ်ချင်းတွေကလည်း လာခဲ့တွေ့ရအောင် ဆိုတာနဲ့ ယူဖြစ်ခဲ့တယ်။ ဘွဲ့ယူတဲ့နေ့မှာလည်း တော်တော်ရယ်ရတယ်။ Rehersal နေ့မှာပဲ ပြီးပြီးချင်း ဘီယာဆိုင်တန်းသွား၊ ညဖက်ပြန်ရောက် အိပ်၊ နောက်နေ့မနက် Final ပွဲမှာ ဘွဲ့သွားယူ၊ ဒါပဲ။ ဒီကြားထဲ သူငယ်ချင်းတွေထဲက ဘယ်သူက ဘွဲ့ဦးထုပ်ကို လာလဲသွားလဲမသိဘူး ၊ ဦးထုပ်က ကြီးနေတယ်ဗျာ၊ ပြီးတော့ သူငယ်ချင်း ကောင်မလေးတွေ အဆောင်မှာ အားလုံးစုကြတဲ့အခါ သူတို့မှာက ပြင်လို့မပြီးသေးဘူး ကျွန်တော့မှာက ဘိုသီဖက်သီနဲ့ လေ၊ အဲ့ဒါ သူငယ်ချင်းကောင်မလေးတွေကို ပြင်ပေးတဲ့သူက အမြင်မတော်လို့ကျွန်တော့်ကိုပြင်ပေးတာ ကျွန်တော့်ဆီက အရက်နံ့ကိုမခံနိုင်လို့ ကမန်းကတမ်း ပဲပြင်ပေးတာ။ နောက်ဆုံးဘွဲ့ယူပြီးတော့ အဲ့ဒီ ခန်းမအပြင်မှာတင် ဘွဲ့ဝတ်စုံကို ချွတ်ချပြီး တစ်ခါတည်း အပ်ခဲ့လိုက်တယ် ၊ နားအေးရော။ နောက်ပိုင်းတော့ တစ်ခါတစ်လေမှ ကျောင်းရောက်ဖြစ်တော့တယ်။ ခုဆို Gathering လုပ်ရင်တောင် မသွားဖြစ်တော့ဘူးဗျာ ။ လုပ်ငန်းခွင်တွေရောက်ကုန်တော့ စိတ်သာရှိပေမည့် မလွယ်လှဘူးလေ။

image

image

image

image

နောက်ဆုံးတော့လည်း ကျောင်းတုန်းက ပျော်စရာ ၊ဆွေးစရာ တွေဟာ ကျွန်တော့်ဘဝ အတွက် မှတ်တိုင်တစ်ခု အမှတ်တရ တစ်ခု အနေနဲ့သာ ထာဝရ သိမ်းထားရတော့မှာ ပါ.... လို့ပြောရင်း ကျွန်တော့ရဲ့ '' တစ်သက်မှာ တစ်ခါကြုံ တက္ကသိုလ်ကျောင်းသားဘဝအဖုံဖုံ'' ဇာတ်လမ်းလေးကို နိဂုံးချုပ်လိုက်ပါတယ်ဗျာ။
.....
.....
.....
Photo credit from google image and my foacebook account
....
MSC 238
@generalpyone

Sort:  

တက္ကသိုလ်​​ကျောင်းသားဘ၀အ​တွေ့အြုကုံများကဖတ်လို.​​ကောင်းပြီးစိတ်​၀င်​စားစရာပါ....

ဟုတ်တယ် အမ ဘဝမှတ်တိုင်တစ်ခုပါ

ကျောင်းသားဘဝ ​တောင်​ဇာတ်​သိမ်းပါ​ပေါ့လား
ပရိုမတင်​ဖြစ်​​တော့ မဖတ်​ရတာကြာသွားပြီ​လေ

တင်ပါတယ်ဗျာ အရင်တစ်ပတ်ကဆို ဆုပန်ကလျာ အကြောင်းတင်တယ်လေ

ဟယ် သိမ်းပလားဟ😂😂

သိမ်းပြီငြီးငွေ့နေမှာဆိုးလို့

စာအုပ်ထုတ်လို့ရပြီးဗျို့

မလုပ်ပါနဲ့ဗျာ

ရေးနိုင်လွန်းလို့  ချီးကျူးပါတယ်အကို

ကျေးဇူးပါ

ဇာတ်သိမ်းပိုင်းလေးတော့ကြိုက်တယ် မဆိုးဘူးဗျ Good

ဒါတောင် လျှော့ရေးထားတာ

နောင်တစ်ချိန်အတွက် အမှတ်တရလေးတွေ 😊😊

အမှန်ပါပဲ

ငယ်တုံးကရုပ်ဆိုးသလိုနဲ့အခုကျမှ

မပြောသေးဘူး

ဇာတ်သိမ်းပြီပေါ့😃😃

သိမ်းပြီလေ

သူများရည်းစားကိုး။

ဟာ စာကိုသေချာဖတ်ပါဗျ ဘယ့်နှယ့်သူများရည်းစား ဖြစ်ရမှာတုန်း

Happy ending!!!

ဟျောင့်​ ဂျင်း​ကောင်​..