ကံနိမ့်ကျသောမိတ်ဆွေနှင့်ဆုတ်ယုတ်စေသော သားသမီး

in #myanmar6 years ago (edited)

DQmbeVyN3wxrsjCcKgvcNtbEYsSnmeT61AKdeUe6UuiebTt.jpg

Steemit မှ သူငယ်ချင်းအားလုံး မင်္ဂလာပါခင်ဗျာ ။ ကျွန်တော် ဒီတစ်ပတ်ရေးသားမယ့် အကြောင်းအရာလေးကတော့ မိမိဟာ မကောင်း တဲ့သူ ယုတ်ညံ့နဲ့ ပေါင်းသင်းမိရင် ထိုသူထံမှ ကံမကောင်းမှူတွေ မိမိထံသို့ ကူးစက်ရောက်ရှိလာတတ်တယ် ဆိုတဲ့အကြောင်းအရာလေးပါ ။ ကျွန်တော်ငယ်ငယ်တည်းက ကြားဖူးနေကြပြီးသား စကားပုံလေးဖြစ်တဲ့ " ကံသာလျှင် အမိ ကံသာလျှင်အဖ " ဆိုတဲ့ကားကို ပြစ်ပယ်ထားလို့မရပါဘူး ။ ဒါပေမယ့် အဲ့ဒီစကားပုံနှင့်ပြိုင်ကာ"အသက်ကို ညဏ်စောင့်တယ် " ဆိုတဲ့စကား ပုံလည်း ရှိပါသေးတယ် ။ "အသက်ကို ညဏ်စောင့်တယ် " ဆိုပေမယ့်လည်း အသက်ရှင် နေထိုင်စဉ်အတွင်းမှာ မကောင်းမှုတွေကို ရှောင်ရှား ကောင်းမှုတွေကို ပြုလုပ်ပြီး ညဏ်နှင့်ယှဉ်ကာ မိမိနှင့် ပေါင်းသင်းဆက်ဆံ နေထိုင်ဖို့ ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်း ဆရာသမားကောင်းတို့နှင့် ဆီးကပ်ပူဇော် ပေါင်းသင်းနေထိုင်ရမှာပါ ။ "ဆရာမကောင်း တပည့်တစ်
သောင်း အပယ်သွား၏" ဆိုတဲ့စကားပုံလည်းရှိပါသေးတယ် ။

                  ဥပမာတစ်ခု ပြရမယ်ဆိုရင်တော့ ဂေါဓမ္မဘုရားရှင်

လက်ထက်တော် အခါက အဇာတသတ်ကို ပြရမှာပါ ။ အဇာတသတ်ဟာ ရဟန္တာဖြစ်ဖို့ ကုသိုလ်ကံ သမာဓိ ပါပါလျှက်နဲ့ မကောင်းတဲ့ဆရာနဲ့ ပေါင်းမိလို့ လမ်းမှားသို့ရောက်သွားခဲ့ရပါတယ် ။ သူ့၏ဆရာ ဒေဝဒတ် ကြောင့် သူ၏ဖခင်ကိုတောင် ပြန်ပြီး သတ်တဲ့အထိ အမိုက်မဲဆုံးဖြစ်ခဲ့ပါတယ် ။ ဒါကြောင့်အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပါပဲ မကောင်းတဲ့သူနဲ့ ပေါင်းရင် ထိုသူဆီကနေ မကောင်းတဲ့ အကျင့်စာရိတ္တ ၊ ပညာတွေနဲ့ ထိုသူရဲ့ ယုတ်နိမ့်နေတဲ့ ကုသိုလ် ကံတွေ မိမိဆီကို ကူးစက်လာတာပါပဲ ။ ဒါကြောင့် လူ့ဘဝမှာ ဆရာကောင်းသမားကောင်းနဲ့တွေ့ဖို့ကလည်း အန်မတန် အရေးကြီးပါတယ် ။ယုတ်နိမ့်သူ နဲ့ပေါင်းမိရင် မိမိသည်လည်း ဘေးဒုက္ခ္ခတွေကြုံတွေ့ရတတ် ပါတယ် ။ တစ်ချို့သူတွေကတော့ သာမာန်ယုတ်နိမ့်ကြရုံမဟုတ်ပဲ မကောင်းအကုသိုလ် ကံလဲကြီးကြပါတယ် ။

images.jpg
မိတ်ဆွေ အပေါင်းအသင်းတွေ ဆိုရင်လည်း မိမိ
နှင့်ဝါသနာတူ သူ့ဘက်ကို့ဘက်ကြည့်ပြီး စနာတတ်တဲ့သူများကို ပေါင်းသင်းနေထိုင်ကြရမှာပါ ။ မတတ်သာလို့ ပေါင်းသင်းကြရမယ်ဆိုရင်လည်း လူပေါင်းစိတ်ခွာ ပေါင်းသင်းတတ်ရင် မိမိအတွက် အကောင်းဆုံးဖြစ်မှာပါ ။ စိတ်ထားယုတ်ညံ့ပြီး ကိုယ့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေအပေါ်ကို စာနာ စိတ်မရှိ သူတွေကို အချိန်ကြာကြာ ပေါင်းသင်းမိရင် မိမိလည်း ထိုသူထံမှ ကူးစက်လာနိုင်ပါတယ် ။ ဒါ့အပြင် အကုသိုလ်ကြီးပြီး ကံမွဲတဲ့သူတွေကို တရင်းတနှီးမိမိရဲ့ မိတ်ဆွေသဖွယ် ကလေးတွေကိုဆိုရင် မိမိရဲ့သားသမီးသဖွယ် စိတ်
ထဲထည့်ပြီး ပေါင်းသင်းမိရင်တော့ အကုသိုလ်တွေ ကူးစက်
လာမယ်ဆိုတာ ကျိန်းသေသလောက်ပါပဲ ။ သူတပါးထမ်းပိုးနေတဲ့ အပြစ် အကုသိုလ်ဆိုး ဝန်ထုပ်ဝန်ပိုးကို ကူညီပြီး ဝိုင်းဝန်းထမ်းပေးရင်တော့ မိမိရဲ့ ပခုံး ပေါ် ကို လည်း ထိုဝန်ထုပ်ရဲ့ အလေးက ကျရောက်လာမယ်ဆိုတာ ကျိန်းသေ နေပါတယ် ။ ဒါကြောင့် အဲ့ဒီလို ဝန်ထုပ်ထမ်းရမယ့် အဖြစ်မျိုးကို ရှောင်ရှားသင့်ပါတယ် ။

(လူသား အချင်းချင်း အဆင့်အတန်းခွဲခြား ပေါင်း
သင်းဆက်ဆံဖို့ကို မရည်ရွယ်ပါဘူးခင်ဗျာ ၊ ဒါပေမယ့်လည်း အဆင့်အတန်းဆိုတာ ခွဲသင့်လာရင်တော့ ခွဲရစမြဲပါ )

ကျွန်တော့်ရဲ့ ကြားဖူးနားဝပုံပြင်လေးတစ်ပုဒ်နဲ့ ဥပမာပေးတင်ပြချင်ပါတယ် ။

             ဟိုးရှေ့စဉ်အခါက ဗာရာဏသီပြည်ပြီး တစ်ခုမှာ စေနာ သဒ္ဓါတရားနဲ့ ပြည့်စုံပြီး စိတ်ထားမွန်မြတ်တဲ့ သူဋ္ဌေးသူကြွယ် လင်မယားနှစ်ဦးရှိကြတယ် ။ အဲ့ဒီကုန်သည် လင်မယားက ရွက်လှေသန်မန်တွေနဲ့ မြစ်ကို ကူးပြီး တစ်မြို့နဲ့တစ်မြို့ ရေလမ်းခရီးနဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ကြတာပါ ။အဲ့ဒီလို ကူးသန်းရောင်းဝယ် လုပ်နေရင်း တစ်နေ့မြစ်ဆိပ်ကမ်း တစ်နေရာမှာလာရောက် စွန့်ပြစ်ထားတဲ့ ကလေးတစ်ဦးကို တွေ့မြင်ခဲ့ကြပါတယ် ။ သူဋ္ဌေးလင်မယားဟာ ဟိုးအရင်တည်းက စိတ်ကောင်းစေတနာကောင်းနဲ့ မွန်မြတ်တဲ့စိတ်ထားရှိသူတွေဖြစ်တာကြောင့် သနားဂရူဏာပိုမိပြီးတော့ ငိုကြွေးဆာ လောင်နေတဲ့ လေးငယ်လေးကို  ကောက်ယူမွေးစားထားလိုက်ကြပါတယ် ။

အဲ့ဒီလိုနဲ့ သူတို့မွေးစားထားတဲ့ကလေးဟာ အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့သားလေးကို အလိုလိုက်လွန်းပြီး မဆဲရက် မဆိုရက် မရိုက်ရက် ဖြစ်နေပါတယ် ။ အတတ်ပညာကိုလည်း ကောင်းစွာမသင် အပေါင်းအသင်းတွေနဲ့စုပြီး အပျော်အပါး အစားအသောက်တွေ တတ်လာပါတယ် ။ သူတို့သားလေး အသက်ရွယ်ရောက်လာလေလေ မိဘအပေါ်ကိုဆိုးလေလေဖြစ်လာခဲ့ပါတယ် ။ မိဘရဲ့ ပစ္စဥစ္စာတွေကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဖြုန်းတတ်လာခဲ့တယ် ။ သူလိုချင်တာမရရင် မိဘအပေါ်ကို ဆဲတယ် ၊ ဆိုတယ် မိဘတွေ အသက်အိုမင်းလာတဲ့အခါ မိဘတွေကို ကိုယ်ထိလက်ရောက်စော်ကားတဲ့အထိတောင် ဆိုးသွမ်းလာခဲ့တယ် ။

                        သူဋ္ဌေးကြီးလင်မယားဟာ သူတို့ရဲ့ သားသမီးအ

ရင်းတွေကိုထက်တောင် အဲ့ဒီကလေးကို အသနားပိုပြီး ချစ်တာကြောင့် ပိုပြီးအလိုလိုက် ပိုပြီးတော့ ပစ္စည်း ဥစ္စာတွေပေးပါတယ် ။ အဲ့ဒီ ကလေးဟာ ဆိုးသွမ်းလွန်းတာကြောင့် ပစ္စည်းဥစ္စာတွေပေးရုံမက ရန်ဖြစ်စကားများတာပြသနာကြီးငယ် ကအစ လိုက်လံဖြေရှင်းပေးနေရပါတယ် ။ အဲ့ဒီလို သုံးဖြုန်းဆိုးသွမ်းနေတာကြာလာတော့ သူဋ္ဌေးကြီးတို့လင်မယားရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ ကုန်ခမ်းသွားပါတယ် ။ အဲ့ဒီအခါ သူဋ္ဌေးကြီးတို့လင်မယားကို ရိုက်နှက် ဆဲဆိုမှုတွေလုပ် မိမိလိုချင်တဲ့ ပိုက်ဆံတွေ မရတာကြောင့် သူတပါးတွေဆီကနေ ခိုးယူလူယက်မှုတွေ ကြူးလွန်လာပါတယ် ။ အဲ့ဒီလို
ဆိုးသွမ်းနေတာ အချိန်ကြာလာတဲ့အခါ သူဋ္ဌေးကြီးလင်မယားနဲ့ သားဆိုးတို့ပါ မင်းပြစ်မင်းဒဏ်သင့်ပြီး ဆုံးပါးခဲ့ရရှာပါတယ် ။
အဲ့ဒါကြာင့် " လူမှာအမျိုး ကြက်မှာအရိုးဆိုတဲ့စကားပုံအတိုင်း " သားသမီးမွေးစား ကြမယ်ဆိုရင်လည်း အဲ့ဒီကလေးရဲ့ မိဘဆွေမျိုးတွေရဲ့ မျိုးရိုးဗီဇကိုလေ့လာဆန်းစစ်ပြီးမှ မွေးစားသင့်ပါတယ် ။

download.jpg

ဒါကြောင့် ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်နေရတဲ့ လောကကြီးမှာ မိတ်ဆွေကောင်း ၊ ဆရာကောင်း သမားကောင်း တွေနဲ့ ပတ်ဝန်းကျင်ကောင်းကိုရှာဖွေကြရမှာပါ ။ အဲ့ဒါမှ ဒီဘဝတင်မက နောင်သံသရာအထိပါ သွားရတဲ့လမ်းကလေးက ဖြောင့်တန်းနေမှာ
ဖြစ်ပါတယ် ။

ဆက်လက်ကြိုးစား ရေးသားပါအုံးမည် ။

@henryba

MSC -056

Photo Credit- facebook & Google

25/1/2018

Sort:  

ဟုတ်ပါတယ် အမှိုက်တွေနဲ့ နေပါများရင် ကိုယ်ပါအမှိုက်စော်နံလာတတ်ပါတယ်

ဟုတ်ပါတယ် Broရေ။

သာဓက ​လေး​တွေဖတ်​ရတာ ဗဟုသုတ ရပါတယ်
ချို ရှိ​သော သတ္တ၀ါ ကို အ​တောင်​ တစ်​ရာမှ ​ရှောင်​ရာ၏....
ဆိုးသွမ်း​သောဆင်​ရှိုင်းကို အ​တောင်​ တစ်​​ထောင်​ အကွာအ​ဝေးမှ ​ရှောင်​ရာ၏.. ..
လူမိုက်​ကိုကား ​နေရပ်​ကိုစွန့်​၍ ​ရှောင်​ရာ၏.. ...တဲ့
အရမ်း​ကောင်းတဲ့ post ပါ

ဟုတ်ကဲ့ ကျေးဇူးပါ အစ်ကို ။့ဘဝမှာလည်း ကာလဒေသ နဲ့ ပတ်ဝန်းကျင် က အရမ်းကို အရေကြီးပါတယ်။

အဲဒါကြောင့် တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဖြစ်နေကြတာပါ အစ်ကိုရေ စာလုံးတွေကို သေချာ space သေချာ ခြားကြည့်ပါလား စာလုံးအသေးအကြီးမဖြစ်တော့ဘူးပေါ့

ဟုတ်ပါတယ် အစ်ကို ။ အကြံပြုခက်ပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။ 😊

ဆရာကောင်းတပည့် ပန်းကောင်းပန်းရတာပေါ့
ဆရာမကောင်းရင် ဆရာထက် တပည့်လက်စောင်းထက်ဆိုတာကြီးက မဟုတ်တဲ့ဘက်မှာ လက်စောင်းထက်နေစေမှာပါ။ လူတစ်ဦးမှာ မိတ်ဆွေကောင်းများစွာရှိရင် အဲ့ဒီလူ ချမ်းသာပြီပေါ့ဗျာ ဟုတ်ဘူးလား👏👏👏

ဟုတ်ပါတယ် ကိုမိုး။ မိတ်ဆွေကောင်း တစ်ယောက်ဟာ မကောင်းတဲ့မိတ်ဆွေ အမျာကြီးနဲ့ တာင် လဲ့မရနိုင်ပါဘူး။

ဥပမာ​လေး​တွေနဲ့ နှိုင်းပြသွားတာ အရမ်း​ကောင်းပါတယ်

ကျေးဇူးပါအစ်ကို ။

ဆောင်းပါးလေးအတွက်ကျေးဇူးတင်ပါတယ်ဗျ

ဟုတ်ကဲ့ ကျးဇူး Bro။

ဆရာ တင်မှားလို့ကတော့ တသံသရာလုံး ငါးပါးမှောက်ရော

ကျိန်းသေပဲပေါ့အစ်ကိုရာ ။😁

အရမ်းကောင်းပါတဲ့ဆောင်းပါလေးပါ

ဟုတ်ကဲ့ ကျေးဇူးပါ Bro။

ကံသာလျှင် အမိ ကံသာလျှင် အဖဆိုပေမယ့် အဲဒီကံက မိမိလုပ်ရပ်ရဲ့အကျိုးဆက်ပါ ဒါကြောင့် တစ်ခုခုအဆင်မပြေတာရှိရင် ငါ ဘာမှားနေလဲပဲ စဉ်းစားပါတယ်

ဟုတ်ပါတယ် အစ်ကို။ ကံကိုယုံပြီး စူးပုံနင်းရင်တော့ ကိုယ်ပဲ စူးစူးရမှာပါ ။

ဟုတ်ပါတယ်ဗျာ
တံငါနားနီးတံငါမုဆိုးနားနီးမုဆိုးဆိုပေမယ်လည်း
မိမိကိုမိမိဘလိုလူမျိုးသိနေရင်ဖြင့်မိမိနဲ့သဟဇာတမဖြစ်နေရာကနေ
ရှောင်ရှားပြီးမိမိနဲ့အလိုက်ဖက်ဆုံးနေရာဒေသအသစ်တခုကိုရှာဖွေသင့်ပါကြောင်း

အမှန်ပါပဲ Broရေ။

ဆက်လက်အားပေးနေပါတယ်

ကျေးဇူးပါ အစ်ကို။

မိတ်ဆွေကောင်းမရှိလျှင် ချမ်းသာမှုမရနိုင်ပါဘူး
ချမ်းသာမှုမရှိလျှင် ကုသိုလ် မပြုလုပ်နိုင်ပါဘူး
ကုသိုလ်မရှိလျှင် နိဗ္ဗာန်မရနိုင်ပါခင်မျာ

ဟူတ်ပါတယ် အစ်ကို ။မိတ်ဆွေးကောင်း တစ်ယောက်ကို ။ မကောင်းတဲ့ မိတ်ဆွေ တွေအမျာကြီး နဲ့ တောင် လဲ လို့  မရနိုင်ပါ ။
ကျေးဇူးBro ။

ကျေးညီနောင်လိုပေါ့ကောင်းတဲ့နေရာမှာဆိုကောင်းတဲ့အရာတွေပဲရမာ မကောင်းတဲ့နေရာရောက်ရင်မကောင်းတာပဲရမှာဆျုတာ......

အမှိုက်​​ကြောင့်​​ရွှေဖြစ်​တတ်​သလို
အမှိုက်​​ကြောင့်​ပဲသာယာ ​သောအိမ်​​လေးမှာရှုပ်​တတ်​တယ်

ဟုတ်ပါတယ် အစ်ကို ။ ပတ်ဝန်းကျင်မှာ ရော ဘဝမှာပါ မလိုအပ်တဲ့သူ မလိုအပ်တဲ့အရာတွေကိုကြိုတင် ရှောင်ကြင်ဖယ်ရှား ထားမှ တော်ကာကျပါတယ် ။

အပေါင်းကြောင့်ဂုဏ်တက်သလို
အပေါင်းကြောင့်ပဲဂုဏ်ပျက်ပါတယ်

အမှန်ပါပဲ Bro ရေ။

တံငါနားနီးတံငါ မုတ်​ဆိုးနားနီးမုတ်​ဆိုးစကားပုံအတိုင်း​ပေါ့​ဗျာ

လူ တစ်ယောက် ကောင်းမွန်စွာကြီးပြင်ပြီး အောင်မြင့် ပန်ဝန်းကျင်ကောင်းကလဲ အင်မတန် အရေကြီးပါတယ် အစ်ကို။

ခုခေတ်က တကယ်အဲ့လိုပေါင်းမှားတာနဲ့ ပျက်စီးမယ့်ခေတ်

ဟုတ်ပါတယ် အစ် ကို ရေ။

တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး

ပတ်ဝန်းကျင်က အဓိကပါပဲ။

ပျော်ရာမှာထက် ကိုယ်နဲ့အကျိုးရှိရာမှာနေတာက အကောင်းဆုံးပါ

ကောင်းတယ်ဟေး ။ အားပေးနေမဟ်။

ကျေးဇူးပါ အစ်ကို ။