" လူ့တာဝန် နှင့် အလုပ် "

in #myanmar7 years ago (edited)

အပိုင်း (၂)

ဘယ်အလုပ်မဆို ခက်ခဲတယ်ဆိုပေမယ့်လည်း လူတိုင်းကိုယ်စီ
မှာ ကိုယ်နဲ့ကိုက်ညီမယ့် ၊ အလုပ်တစ်ခု ရှိဖို့ ၊ လုပ်ဖို့တော့ တာ
ဝန်ရှိကြပါတယ် ။ ကျောင်းသားဆိုရင်လည်း ကျောင်းကသင်
ကြားလိုက်တဲ့ စာတွေကို လေ့လာရမယ် ကျက်မှတ်ရမယ် ဒါမှ
တစ်နှစ်တစ်တန်း အောင်ပြီး စာတော်တဲ့ ကျောင်းသားကောင်း
တစ်ယောက် ဖြစ်လာမှာပါ ။ အိမ်ထောင်ဦးစီး တစ်ယောက်ဆို
ရင်လည်း မိသားစုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှ
ကိုယ့်မိသားစု နွေးနွေး ထွေးထွေး ပြည့်ပြည့်စုံစုံ နေနိုင်မှာ ပဲဖြစ်
ပါတယ် ။ မိသားစုတာဝန်ကို မကျေပွန်တဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ကို ပတ်ဝန်းကျင်ကတောင်မပြောနှင့် အိမ်ကဇနီး
မယားကတောင် အထင်ကြီး လေးစားမှာ မဟုတ်ပါဘူး ။

တစ်ချို့လူတွေဟာ အလုပ်လုပ်ရင် အရှောင်ခို ၊ ရေသာခို ၊
တတ်ကြပါတယ် ။ တစ်ချို့ကတော့ ရှောင်လွှဲကတယ် ၊
ကိုယ်နဲ့မဆိုင်သလိုလို နေတတ်ကြတဲ့ သူတွေ ရှိပါတယ် ။
နောက်တစ်ချို့ကတော့ အလုပ်လုပ်ရင် လေးလေးနက်နက်မရှိ
ပဲ ပေါ့ပျက်ပျက် လုပ်တတ်ကြပါတယ် ။ အလုပ်လုပ်ဆိုရင်
ကိုယ့်အလုပ်ပဲ ဖြစ်ဖြစ် သူများ အလုပ်ပဲဖြစ်ဖြစ် ဘယ်အလုပ်ကို
မဆို ပေါ့ပျက်ပျက် မလုပ်ပဲ ၊ စိတ်ဝင်တစားနဲ့ စေတနာပါစွာနှင့်
လုပ်ကြရမှာ ဖြစ်ပါတယ် ။ ဒါမှ ကိုယ့်အတွက်လည်း အကျိုးရှိ
သလို သူများတွေ အတွက်လည်း အကျိုးရှိမှာပါ ။ လူတစ်
ယောက်ဟာ အလုပ်သမားကောင်းတစ်ယောက် မဟုတ်ပဲ အ
ရှောင်ခို ရေသာခိုပြီး ပေါ့ပျက်ပျက် လုပ်တတ်တဲ့သူ တစ်
ယောက်ဆိုရင် အဲ့ဒီလူဟာ ဘယ်တော့မှ အလုပ်ရှင်ကြီးတစ်
ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး ။ အလုပ်သမားကောင်း
တစ်ယောက်ကသာလျှင် အလုပ်ရှင်ကောင်း တစ်ယောက် ဖြစ်
နိုင်တာပါ ။

FB_IMG_1508960624300.jpg

အလုပ်လုပ်ရာတွင်လည်း လူ့လောဘကို ထိန်းချုပ်နိုင်ဖို့ လိုအပ်
ပါတယ် ။ လူတွေဟာ သက်ရှိ သတ္တဝါတွေ အားလုံးထဲမှာ
အသိညဏ်အရှိဆုံး ၊ မျှော်လင့်ချက်အကြီးမားဆုံး သတ္တဝါဖြစ်
ပါတယ် ။ တခြားသော သတ္တဝါတွေဟာ စား ၊ ဝတ် ၊ နေ
ရေးစတဲ့ သုံးချက်မှာ စားရေးသောက်ရေးဟာ သူ့တို့ရဲ့ ဘဝအ ဓိက မျှော်လင့်ချက်ပဲဖြစ်ပါတယ် ။ ကျန်တဲ့နှစ်ချက်ဖြစ်တဲ့ ဝတ်ရေး နှင့် နေရေး ကို စိုးရိမ်ပူပန်ခြင်းမရှိကြပါဘူး ။ သူတို့မှာ လောဘဆိုတာ လုံးဝမရှိပဲ သဘာဝကပေးတဲ့ အမွှေး ၊ အတောင်တွေနဲ့သာ ရောင်ရဲတင်းတိမ်နေကြတာဖြစ်ပါတယ် ။ (တစ်ချို့သော သတ္တဝါတွေကို မဆိုလိုပါ) ။လူတွေကတော့ အဲ့ဒီလို မဟုတ်ကြပါဘူး ။ မိမိတစ်ဦးတည်း စား၊ ဝတ် ၊ နေရေး အတွက်သာမက မိသားစု ဆွေမျိုးသားခြင်း တွေ အတွက်ပါ မျှော်လင့်ချက် ကြီးကြပါတယ် ။ ဒါ့ပြင်လူတွေဟာ ကောင်းသထက်ကောင်းအောင် စားချင်ကြတယ် ။ ကောင်းသထက်ကောင်းတဲ့ အိမ်မှာ နေချင်ကြတယ် ။ ရထားသလောက်နှင့် ရောင်ရဲတင်းတိမ် နိုင်ကြတဲ့သူဆိုတာ မရှိသလောက်ရှားပါးပါတယ် ။ ဒါကြောင့် လူတွေရဲ့အလို ဆန္ဒတွေကလည်း ဘယ်တော့မှ ပြည့်လာကြမှာ မဟုတ်ပါဘူး ။ အလိုမပြည့်တိုင်း လောဘရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ပြီး မသင့်တော်တဲ့ အလုပ်တွေကိုလုပ်နေမယ်ဆိုရင် တော့ " အလိုကြီး အရနည်း "ဆိုတဲ့ စကားပုံအတိုင်း အလိုရှိသလောက် မတိုးလာ
ပဲ ရှိနေတဲ့ စည်းစိမ် ဥစ္စာတွေပါ လျော့ပါးသွားနိုင်ပါတယ် ။ လောဘစိတ်ကိုထိန်းပြီး ကိုယ့်နဲ့ထိုက်တန်သလောက်သာရလိမ့်မယ်လို့်တွေးပြီး သူများတွေအပေါ်မှာ စေတနာပါပါနဲ့ အလုပ်ကိုလုပ်မယ်ဆိုရင်တော့နှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရှိမှာပါ ။ လောဘစိတ်ကိုမ ထိန်းနိုင်ပဲလောဘရဲ့ခေါ် ဆောင်ရာနောက်ကိုလိုက်သွားမယ်ဆိုရင်တော့ အဲ့ဒီလူဟာ ဒုက္ခ နဲ့ကြုံတွေ့ရမှာ အမှန်ပဲဖြစ်ပါတယ် ။

FB_IMG_1509351115258.jpg

အလုပ်လုပ်တဲ့ နေရာမှာလည်း တစ်ခုလုပ်တယ် မအောင်မြင်
ဘူး ၊ နောက်တစ်ခုလုပ်တယ် မအောင်မြင်ဘူး။ အဲ့ဒီလိုမ
အောင်မြင်တိုင်း လက်မြှောက်လိုက်လို့မရပါဘူး ။ ရရှိလာတဲ့
အရှုံးကို ကျေနပ်စွာလက်ခံပြီး ကိုယ့်ကိုကိုယ် ပြန်လည်ပြင်ဆင်
ပြီး မလျော့တဲ့ ဇွဲ ၊ လုံ့လ ၊ ဝိရိယတို့နှင့် ကြိုးစားမှသာ အောင်
မြင်တဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်လာမှာပါ ။
လူတစ်ယောက်ဟာ ဖိနပ်မပါပဲ လမ်းလျှောက်မယ်ဆိုရင် စူးညှောက်ခလုတ်စတဲ့ အနှောက်အယှက် တွေကြောင့် လိုရာခရီးကို အလွယ်တကူရောက်ရှိမှာမဟုတ်ပါဘူး ။ လူ့ဘဝခရီးကို လျှောက်လှမ်းတဲ့ နေရာမှာလည်း ဇွဲ ၊လုံ့လ ဝိရိယဆိုတဲ့ ဖိနပ်ကို စီးပြီး ဘဝခရီးကိုလျှောက်လမ်းမယ်ဆိုရင်တော့ လိုချင်တဲ့ခရီးကို အခက်အခဲနည်းစွာ ရောက်ရှိမှာဖြစ်ပါတယ် ။ ဇွဲ ၊ လုံ့လ ၊ ဝိရိယမရှိပဲ ပျင်းနေရင်တော့ လူကသာ သက်သာပေမယ့် ဘဝကတော့ သက်သာမှာ မဟုတ်ပါဘူး ။ အဆက်အခဲနှင့် ဆင်းရဲခြင်းတွေကို ကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့အဲ့ဒီ သုံးချက်ရှိဖို့က အရေးကြီးပါတယ် ။ လူ့ဘဝမှာ အခက်အခဲနှင့် ဆင်းရဲခြင်းကို ရှောင်ဖယ်နေမယ်ဆိုရင်တော့ အောင်မြင်ခြင်း ၊ ချမ်းသားခြင်းကို မတွေ့ရပဲ ဆင်းရဲ ဒုက္ခနဲ့သာ အမြဲ ကြုံတွေ့နေရအုံးမှာပါပဲ ။ အဲ့ဒီလိုကြုံလာတဲ့ အခက်အခဲကို ဇွဲ ၊ လုံ့လ ၊ ဝိရိယ တွေစိုက်ထုတ်ပြီး ရဲဝံ့စွာရင်ဆိုင် ကြိုးစားမှသာ ဘဝမှာ အောင်နိုင်သူတစ်ယောက်ဖြစ်လာမှာပါ ။

လူ့ဘဝခဏတာလေး ရစဉ်အတွင်းမှာ ကိုယ့်ရဲ့ရှိသမျှ ဇွဲ ၊ လုံ့လ ၊ ဝိရိယ နှင့် ညဏ်ပညာတို့ကို စိုက်ထုတ်ကြိုးပမ်းပြီး လောဘ
စိတ်ကိုချုပ်တီးကာ အောင်မြင်တဲ့လမ်းကိုလျှောက်နိုင်တဲ့သူ တစ်ယောက်ဖြစ်အောင် ကြိုးစားရမှာ လူတိုင်းရဲ့ ဘဝပေးတာဝန်တစ်ခုပဲဖြစ်ပါတယ် ။ လူတွေဟာ ခြသေ့င်္တွေ ၊ ကျားသစ်တွေလို မဖြစ်သင်ပြာဘူး ။ ခြသေ့င်္တွေ ၊ ကျားသစ်တွေဟာ ခွန်အားကြီးမားသလောက် ရက်စက်ကြတယ် ၊ သနားကြင်နာစိတ်လုံးဝမရှိကြပါဘူး ။ ဒါပေမယ့် ယုံငယ်ကလေးလိုလဲ မဖြစ်သင့်ပါဘူး ။ ယုန်ငယ်ကလေးဟာ သနားကြင်နာတတ်ပေမယ့် ခွန်အားတွေ မရှိတဲ့အတွက် မတင့်တယ်တော့ပါဘူး ။ ဒါကြောင့် လူ့ဘဝတစ်ခုရလာတယ်ဆိုရင် လူတိုင်းလူတိုင်းဟာ ကိုယ့်အပေါ်ကိုကျရောက်လာတဲ့အလုပ် ၊ တာဝန်တွေ ဝတ္တရားတွေကို အပေါ်မှာပြောထားတဲ့အချက်တွေနဲ့ စဉ်းစားချင့်ချိန်ပြီး ကျေပွန်စွာ ထမ်းဆောင်နိုင်အောင်ကြိုးစားကြရမှာပါ ။ ဒါမှလည်း လူပီသတဲ လူတစ်ယောက် ဖြစ်လာမှာပါခင်ဗျာ ။

FB_IMG_1508961694798.jpg

ဆက်လက်ကြိုးစားရေးသားပါအုံးမည်။

Author - Aung Ko Oo

           - (@henryba)

( MSC = 056)

Photo Credit- Facebook

30 / 10 / 2017

Sort:  

thank you လောလောဆယ်တော့ syeemit တစ်ခုဘဲ လုပ်စရာရှိသေးတယ်

ဟဲဟဲ....ဒါလေးကမဆိုးပါဘူး 😊

good post

အားတင်းပီးကြိုးစားထားပါ တစ်နေ့တော့ဖြစ်လာမှာပေါ့

ဟုတ်ကဲ့အကို။

တ​နေ့​တော့ဖြစ်​လာမှာပါ

တစ်နေ့နေ့တောဖြစ်လာလိမ့်မည်၊ သို့သော်ဘယ်နေ့မှန်းမသိ၊ စောင့်သည့်ရက်သာကြာခဲ့ပါပြီ။ ဒါသည်ပင်ကိုယ့်အမှားဖြစ်ချေပြီ။

ဟုတ်ကဲ့။

အလုပ်ဆိုတာက Action တာဝန်ဆိုတာက Psychological works တာဝန်မပါသောအလုပ်သည် အသေနဲ့တူပါတယ်။

ဟုတ်ကဲ့ပါဆရာ....