" ပဲ့ကိုင်ကောင်းနှင့် မီးဖုတ်ခံသောသံရိုင်း "

in #myanmar6 years ago (edited)

IMG_20180116_021118.jpg

ပဲ့ကိုင်တဲ့ ပြောတော့လွယ်လွယ်လေးပါ ။ သိပ်ကိုအရေး
ပါတဲ့ စကားလုံး တစ်ခုပါ ။ ကောင်းကောင်းထိန်းချုပ်ပဲ့ကိုင်
ခံရတဲ့လူတစ်ယောက်အဖို့ဘဝဆိုတဲ့ အနှစ်သာရကို
အများကြီးလေးနက်လာစေတယ်။ ငယ်ရွယ်စဉ်က မိဘ
တွေပဲ့ကိုင်ကောင်းခဲ့တဲ့ ကလေးတွေဆိုသိပ်ကိုကံကောင်းကြတယ် ။ တစ်ချို့ကလေးတွေဆို သိပ်သနားဖို့ကောင်းတယ်
်ကလေးဆိုတာက အသိညဏ်နုသေးတဲ့အရွယ် အဲ့လို့အရွယ်လေးထဲက အုပ်ထိန်းသူက ပဲ့ကိုင်ကောင်းဖို့လိုပါတယ် ။
ကလေးတျောက်သိတက်စအရွယ် ဆဲတက်ပြီဆိုရင် မဆဲဖို့ကိုပုံစံအမျိုးမျိုးနဲ့ အဲ့ဒီကလေးကို နားလည်အောင်နားသွင်းခဲ့ကြရတယ် ။
်တစ်ချို့မိဘတွေငါ့သားလေးငါ့သမီးလေးကတော့ မပီကလာပီကလာနဲ့ တာလေးကချစ်ဖို့ကောင်းလိုက်တာ
အဲ့လို့ဆိုရင် အဲ့ကလေးက ဆဲဖို့ဝန်မလေးတော့ဘူး ။
ငယ်ငယ်လေးထဲက ပဲ့ကိုင်တော်ဖို့အရမ်းကိုလိုအပ်ပါတယ် ။

IMG_20180115_153242.jpg

သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေဆိုတာင်ဆိုးပါသေး
တယ် ။မှ ပဲ့ကိုင်ကောင်းသင့်ပါတယ် ဒါမှလည်းအဲ့ကလေးရဲ့
အနာဂတ်မှာအရာရာကို စဉ်းစားချင့်ချိန်နိုင်စွမ်းတွေ ရလာပါ
ပဲ့ကိုင်တော်တဲ့မိဘတွေရဲ့ သားသမီးတွေဆို အကျင့်စရိုက်က
အစ စိတ်နေစိတ်ထားအဆုံး အကုန်လုံးကောင်းမွန်
ပြည့်စုံနေတယ်။ကျွန်တော်ဆိုရင် အမေချပြတဲ့လမ်းစဉ်
တွေအောက်မှာ သေချာလျှောက်လှမ်း နေဆဲပါ ။

ဘယ်သူတွေရိုးရိုးသားသား နေချင်နေမနေချင်နေမိမိရိုးသား
ဖို့လို့ပါတယ် ။ ဘယ်သူတွေ ကောင်းကောင်းမကောင်းကောင်း
ီမိမိကောင်းအောင်နေဖို့လိုတယ် ။ ဘယ်သူတွေက
မေတ္တာတရားပျက်ပျက်မပျက်ကျွန်တော်မပျက်ဖို့လိုတယ် ။
ဘယ်သူတွေက ကိုယ်ချင်းစာတရားရှိရှိမရှိရှိ
မိမိရှိဖို့လိုအပ်တယ် ။ ဘယ်သူတွေက တရားပျက်ပျက်
မပျက်ပျက် မိမိတရားမပျက်ဖို့လိုတယ်။ ဘယ်သူတွေ
ဘယ်လောက်ကောင်းကောင်း သူတို့အပေါ်ယုံကြည်မှု မထားဖို့
လိုအပ်တယ် ။

မေမေပြောနေကျစကားတွေအတိုင်း
ကျွန်တော်တို့ ရှုပ်ထွေးကျယ်ပြန့်တဲ့လောကကြီးမှာ
ခရီးဆုံးရောက်အောင် ဆက်လက်လျှောက်လှမ်းနေဆဲပါ ။
အထူးသဖြင့်မိန်းကလေးဆိုတာ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်သလို့ဖက်ပေါ်ဆူးကျလည်းဖက်ပဲပေါက်တာ ။
တစ်ချို့ကလေးမလေးတွေဆို သိပ်ကိုသနားဖို့ကောင်းပါတယ် ။
အချစ်အပေါ်ကို အရမ်းကိုးကွယ်ကြတယ် ။ လက်တည့်စမ်းတဲ့
ယောက်ကျာ်းလေးတွေနဲ့တွေရင် ပို့လိုပင်ဆိုးပါတယ် ။

ကိုယ့်ကအစမ်းသပ်ခံလားဆိုတာ သေချာဆုံးဖြတ်ဖို့လိုပါတယ် ၊
ကိုယ့်ကို တကယ်ချစ်တဲ့ယောက်ကျာ်းလေးဆိုတန်ဖိုးထားတယ် ။
ချစ်လွန်းလိုပါဆိုပြီး အဆုံးထိပေးဆပ်ပြီလိုက်လျော
လိုက်မယ်ဆိုရင် အလွယ်တကူရတဲ့ပစ္စည်းတိုင်းက
ကြာကြာတန်ဖိုးထားမခံရပါဘူး ။
ဒါကြောင့်မိန်းကလေးတွေကလည်း မိမိကိုယ်ကို
တန်ဖိုးထားပြီး မိဘတွေ ဆုံးမပဲ့ကိုင်တဲ့အတိုင်း
နေထိုင်မယ်ဆိုရင် ယောက်ျားလေးတွေရဲ့ တန်ဖိုးထားတာကို ခံရမှာပါ ။အဲ့ဒါကြောင့်မို့လည်း ငယ်ရွယ်စဉ်ကတည်းက
ပဲ့ကိုင်ကောင်းဖို့ လိုအပ်ပါတယ် ။ ဒါမှလည်းအရာရာကို
စဉ်းစားချင့်ချိန်ဆုံးဖြတ်ပြီ မှန်တဲ့လမ်းကို လျှောက်လှမ်းနိုင်မှာပါ ။
ပဲ့ကိုင်ခံရသူအဖို့လည်း လမ်းမှန်ပေါ်ကိုလျှောက်တတ်ဖို
့တော့လိုပါတယ် ။ ပဲ့ကိုင်ကောင်းပါ လျှက်နဲ့ မိမိကိုယ်တိုင်က
ပဲ့ကိုင်မခံဘူးဆိုရင်တော့ လိုချင်တဲ့ခရီးပန်းတိုင်ကို
အလွယ်တကူ ရောက်ရှိနိုင်မှာမဟုတ်ပါဘူး ။

IMG_20180115_153303.jpg

ဒါပေမယ့်အဲ့ဒီထဲ ကတစ်ချို့သားသမီးတွေကတော့ မိဘစကားနား
မထောင် ဆရာသမားတွေ ရဲ့စကားကို နားမထောင်ပဲ ထင်ရာစိုင်း
နေကြတာတွေလဲရှိပါတယ် ။ ကိုယ်ထင်ရာကိုယ်စိုင်းပြီးဘဝကို ဖြစ်သလိုလုပ်နေရင်တော့ ကိုယ်လုပ်သမျိုးပုံပေါ်လာမှာပါပဲ ။ ပန်းပုဆရာဟာ သစ်သားတစ်တုံးကို စစ်သူကြီး ရုပ်ထု ၊ နတ်သား
ရုပ်ထုတွေ ထုဆစ် လို့ရသလို တိရစ္ဆာန် ကဲ့သို့ ပုံတွေလဲ ထုဆစ်နိုင်ပါတယ် ။ အဲ့ဒီ သက်မဲ့ ရုပ်ထုတွေဟာ သူများတွေရဲ့ ထုဆစ်မှုကို ခံရတာပါ ။ သို့ သော် ကျွန်တော်တို့ လူသားတွေက ကိုယ့်ဘဝကို ကိုယ်ကိုတိုငိ ထုဆစ်ကြရတာပါ ။ မိဘတွေ ဆုံးမတာ ဆရာတွေ ဆုံးမတာကို မနာခံတတ်တဲ့သူဟာ အထုမခံတဲ့သံရိုင်းတုံး
နဲ့တူနေပါတယ် ။ လူကြီးတွေဆိုတာ ကိုယ့်ထက် အတွေ့အကြုံအရဖြစ်ဖြစ် အသက်ပိုင်းခြားအရဖြစ်ဖြစ် အတွေးအခေါ်ကအစ ကိုယ့်ထက်ပြည့်စုံကြွယ်ဝတဲ့သူတွေပါ ။

ကိုယ့်သားသမီး ကို မကောင်းတဲ့လမ်းကို ညွှန်ပြတဲ့မိဘဆိုတာ မရှိသလောက်ရှားပါတယ် ။ အဲ့ဒီလိုဆရာသမားဆိုတာလည်း အန်မတန်ရှားပါ တယ် (မရှိဘူးလို့ မဆိုလိုပါ)။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းတက်ခဲ့တဲ့သူငယ်ချင်းတွေ ထဲက တစ်ချို့တွေဟာ မိဘကကျောင်းထားတယ် ဒါပေမယ့်မတက်ခင်ဘူး ။ ကျောင်းပြေးလိုက် ၊ ကွမ်းစားဆေးလိပ်သောက်လိုက်နဲ့ ကျောင်းသားဘဝကနေ အပြင်လောကကို ကူးပြောင်းသွားကြတယ် ။ မိဘတိုင်းက ကိုယ့်ရဲ့သားသမီးတွေကို ဘွဲ့ရပညာတွေဖြစ်စေချင်ပါတယ် ။ ကျွန်တော်တို့လို နယ်ဘက်တွေမှာဆိုရင် ပိုလို့တောင်ဆိုးပါသေးတယ် ။ မိဘတွေက ပညာမတတ်တော့ အလုပ်လုပ်ရတာ ပင်ပန်းတယ် ။ ငါတို့သားသမီးလေးတွေ အလှည့်ရောက်ရင် ငါတို့လို မပင်ပန်းရအောင် ပညာတွေသင်ပေးကြတာပါ ။ ဆယ်တန်အောင် ဘွဲရသွားတဲ့သူတွေကျတော့ အလုပ်မလုပ်ပါဘူးဆိုရင်တောင် ရွာမှ ကျောင်းဆရာ ၊ ဆရာမ ဝင်လုပ်လို့ရပါတယ် ။ ကျောင်းထွက်သွားတဲ့ သူငယ်ချင်းတွေ တစ်ချို့က မိန်းမရ အလုပ်လုပ်မယ်ဆိုရင်လည်း. ဆယ်တန်းအောင်ဘွဲ့ရတွေတောင် အလုပ်လျှောက်ရတာ စိတ်ပျက်နေကြတဲ့ခေတ်မှာ သူတို့ဘဝတွေက မနည်းကို ရုန်းကန်နေကြရပါတယ် (အားလူံးကိုမဆိုလိုပါ)။ ဒါကြောင့် ငယ်စဉ်အခါကနေ မိဘ ၊ ဆရာတွေရဲ့ ဆူံးမသြဝါဒ စကား တွေကို
လိုက်နာသင့်ပါတယ် ။

ထက်မြက်တဲ့ ဓားကောင်းတစ်လက်ဖြစ်လာဖို့ ပန်းပဲဆရာဆီမှာ
မီးဖုတ်ခံရပါတယ် ။ ထုထောင်းခံရပါတယ် ၊ အဲ့ဒီလိုတွေ
ကျော်ဖြတ်ပြီးမှ ကောင်းမွန်တဲ့ ဓားကောင်းတစ်လက်ဖြစ်
လာတာပါ ။ ကျွန်တော်တို့လူငယ်တွေဟာလည်း
ဓာကောင်းတစ်လက်လို ထက်မြက်နေဖို့လိုပါတယ် ။
အခုလိုခေတ်ထဲမှာဆိုရင် ပိုလို့တောင် ထက်မြက်ဖို့လို
ပါသေးတယ် ။ ကိုယ့်ကိုယ်ကိုဖျက်သံချေးတက်ဆိုသလိုမျိုး
ကိုယ့်ကိုကိုယ် မဖျက်မိပဲ မိဘတွေ ဆုံးမပဲ့ကိုင်တဲ့
စကားတွေကို ပန်းပဲဆရာတစ်ယောက် ဓားလုပ်မယ့်သံရိုင်ကို
မီးဖုတ် ထုထောင်းသလိုမျိုး လိုက်နာဆောင်ရွက်မှ
ထက်မြက်တဲ့ လူတော်လူကောင်းတစ်ယောက်ဖြစ်လာမှာပါ ။

IMG_20180115_153318.jpg

ဆက်လက်ကြိုးစားရေးသားပါမည် ။

Steemit မှ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျ ။

Author - @henryba (Aung Ko Oo)

MSC - 056

15 / 1 /2017

Sort:  

မှန်ပါတယ်အစ်ကို

ဟုဒေဆို။

ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားမှ😁😁😁

အမှန်ပဲ Bro ရေ။

များ၂အထောင်းခံရမှ ပိုထူးချွန်တာပေါ့နော့်

အချိုးရာလေးတေတောင်ရှိသေးပါပကော ။ 😁

သိပ်မှန်တယ် bro
ငယ်ငယ်လေးကတည်းက သွန်သင်ဆုံးမဒါ ညံရင် မှားရင်ပေါ့ ကလေးအတွက် အနာဂတ်က တကယ်ကို ပြောင်းလဲမှုကြီးပါ

ဟုတ်ပါတယ် အကိုရေ ၊ ဆရာကောင်းတပည့်ပန်းကောင်းပန် ဆိုသလိုပဲပေါ့ ။

ဟုတ်ပါ တယ်Bro ။ဆရာကောင်းတပည့် ပန်းခေါင်းပန်ဆိုသလိုပေါ့ ။

ဖတ်လို့ကောင်းပါတယ် အစ်ကို

ကျေးဇူးပါ Bro။

မှန်တယ် ကျီးလိမ္မာနဲ့ ကျီးမိုက်လိုပေါ့ ရသေ့တွေနားရောက်သွားတဲ့ ကျီ့း လူဆိုးသူခိုးနားရောက်သွားကျီး အဲလိုဘဲ့ကွာခြားသွားလိမ့်မယ်

ဟုတ်ပါတယ် Bro .

အတွေးကောင်း အရေးကောင်ပါ Bro

Thanks bro.

သိပ်မှန်တာပေါ့bro

ဟုတ်ကဲ့Bro,ကျေးဇူးပါ။

ဓားကောင်းတစ်လက်ဖြစ်ဖို့ မီးနာနာထိုးခံ တူနာနာထုခံ မှပါ

အမှန်ပဲ အစ်ကိုရေ။

အမှန်​တရားတစ်​ခု​ပေါ့ဗျာ

ဟုတ်ပါ တယ် Bro ရေ။Thanks.

အမှန်တွေပါပဲ ဗျာ
အုပ်ထိန်းသူတစ်ဦးဟာ ကလေးငယ်စဉ်ကတည်းကလည်း
ဆုံးမလမ်းညွှန်နိုင်ဖို့ လိုသေးတယ်
ကြီးလာမှဆို မနိုင်တော့ဘူး

ဟုတ်တယ် အစ်ကိုရေ ။ ငယ်ငယ်တည်းက ဆုံးမထားမှ ။

အရမ်းကောင်းတဲ့ ပညာပေးလေးပါ good post

ကျေးဇူးတင်ပါတယ် Bro.

သားသမီး​တွေ ကိုယ့်​ဒူးကိုယ်​ချွန်​ ​နိုင်​​အောင်​ မိဘ​တွေက ထိန်း​ကြောင်း​ပေးရပါမည်​။

ဟုတ်တယ် အစ်ကိုရေ ။

ဥပမာ​တွေနဲ့နှိုင်း​ပြောသွားတာ ရမ်းမိုက်​bro

ကျေးဇူး Bro.

မှန်ပါတယ် ပဲ့ကိုင်ကောင်းမှ လိုရာခရီးရောက်တာပါ

ဟုတ်ပါတယ် အစ်ကိုရေ ။

ကောင်းတယ်ဗျာရေးသွားတာ
အားပေးနေတယ်ဗျာ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် Bro.

ကျွန်​​တော်​တို့ပတ်​ဝန်းကျင်​မှာလည်းပဲ့ကိုင်​မ​ကောင်းလို့အရမ်းဆိုးသွားတဲ့လူငယ်​​လေး​တွေ​တွေ့ရပါတယ်​ bro

ဟုတ်ပါတယ် အစ်ကို ပဲကိုင်ကောင်း ကိုယ်တိုင်လည်းပဲ့ကိုင်ခံမှ လိုရာခရီးကိုရောက်မှာပါ ။

မိဘာသွန်သင်တာနားထောင်သင့်ပါတယ်

ဟုတ်ပါတယ် Bro ။

ဟုတ်ပါတယ် ပဲ့ကိုင်ကောင်းမှ လိုရာရောက်မှာ

အမှန်ပါပဲ အစ်ကိုရေ ။

သိပ်​မှန်​တယ်

ဟုတ်ပါတယ် အစ်ကိုရေ ။

အိုးသည်က နာနာနှက်မှ လှသလို ပန်းပဲသမားလည်းနာနာနှက်မှ ဓါးကောင်းတစ်လက်ရမှာပါ

ဟုတ်ပါတယ် အစ်ကို ။

မိဘတွေပဲ့ကိုင်တတ်ဖို့ လိုအပ်သလို
သားသမီးတွေလည်း လိုက်နာနိုင်ဖို့ လိုပါတယ် ။
Nice Post ပါ Bro

ဟုတ်ပါတယ် Bro ရေ....Thanks 😃