.jpeg)
Image source
ကျနော်ငယ်ငယ် ကျောင်းနေစဉ်တုန်းက ဆရာက ဘဝနဲ့အလှဆိုတဲ့ခေါင်းစဉ်ပေးပြီး စာစီစာကုံးရေးခိုင်းဖူးတယ်။ ကျနော်မရေးတတ်ဘူး။ဘယ်လိုရေးရမှန်းလည်း မသိဘူး။ ကျနော်နဲ့မရင်းနှီးတဲ့ ခေါင်းစဉ်တစ်ခုလို့ပဲ မြင်နေမိတယ်။
ကျောင်းသားအရွယ်မှာလည်း ကျောင်းသားရဲ့ဘဝ ကျောင်းသားတစ်ယောက် ကျင့်ဝတ်လိုက်လိုက်နာခြင်းက အလှတစ်ခုလို့ ကျနော် မသိခဲ့ဘူး။
ဘဝဆိုတာ အပြင်က လူတွေ လူကြီးမိဘတွေက ပိုသိတယ်။ ပိုနားလည်ရမယ်လို့ ကျနော် ထင်ခဲ့မိတယ်။
အလှဆိုတာ ရုပ်ရှင်မင်းသားမင်းသမီးတွေလို ပြင်ဆင်နေကြမှလို့ ယူဆခဲ့မိတယ်။
ဘဝတွေကြားမှ အလှတရားတွေရှိတယ်ဆိုတာ ကျနော် နားမလည်နိုင်ခဲ့ဘူး။
လူတစ်ယောက်ဟာ ကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲတေနေပါစေ.သူဟာ စိတ်ချမ်းချမ်းသာသာနေနိုင်ရင် အဲ့ဒါ ဘဝရဲ့ အလှတစ်ခုပဲဆိုတာ ကျနော်နားမလည်နိုင်ဘူး။ ရိုးသားအေးချမ်းပြီး စိတ်ချမ်းသာုခင်းဆိုတာ ငွေရှိမှလုပ်လို့ရတဲ့အရာ မဟုတ်ဘူး။ပိုက်ဆံချမ်းသာမှ ဘဝလှရမှာ မဟုတ်ဘူးဆိုတာ ကျနော် တဖြည်းဖြည်း နားလည်လာခဲ့တယ်။
ကလေးတစ်ယောက်က အပြစ်ကင်းစင်စွာ ရယ်မောတတ်ခြင်းက ကလေးရဲ့ဘဝမှာ အလှတရား တစ်ခုဖြစ်တယ်ဆိုတာ ကျနော် သိခွင့်ရလာခဲ့တယ်။
အရူးတစ်ယောက်က အငြိုးအတေးမဲ့ ပျော်ရွှင်နေခြင်းဟာလည်း အရူးဘဝမှာ အလှတရားတစ်ခုပါပဲ။
လူတစ်ယောက်ရဲ့ဘဝမှာ သူ့ဘဝရဲ့ အလှတရားဟာ ဂုဏ်ဒြပ်မဟုတ်ဘူး။ရာထူးစည်းစိမ်မဟုတ်ဘူး။ပျော်ရွှင်စွာရှင်သန်နေထိုင်ခြင်းသာ ဖြစ်တယ်ဆိုတာ ကျနော် တဖြည်းဖြည်း နားလည်လာနေခဲ့တယ်..
အခုတစ်ခါ ကျနော့ကို ဘဝနဲ့အလှဆိုတဲ့ ခေါင်းစဉ်ကိုများ ရေးခိုင်းခဲ့မယ်ဆိုရင် ကျနော် စာစီစာကုံးကောင်းကောင်းတစ်ပုဒ်ကို ရေးနိုင်နေပြီဆိုတာ ဆရာသိချင်မှ သိပါလိမ့်မယ်။
.jpeg)
Image source
ဆရာပေးတဲ့ခေါင်းစဉ်ကို နားလည်နိုင်ဖို့အရင်ကြိုးစားရတာက စာစီစာကုံးရေးတာထက် ပိုခက်ခဲနေတယ်ဆိုတာ ဆရာလည်း သိချင်မှ သိခဲ့ပါလိမ့်မယ်။
သူဌေးသူကြွယ်ကြီးမှ ဘဝရှိတာ မဟုတ် အလှရှိတာမဟုတ် ပျော်ရွှင်ခြင်းရှတာမဟုတ်မဟုတ်...
လူတိုင်း လူတိုင်းက အလှကိုယ်စီ ဘဝကိုယ်စီ ပျော်ရွှင်မှုကိုယ်စီနဲ့လေ။
ဘဝရှိသူတိုင်းအလှရှိတယ်။ပျော်ရွှင်မှုရှိတဲ့ ဘဝတိုင်း အလှတရား ဖြစ်နေတယ်လို့ ကျနော်ဆိုချင်ပါတယ်။

Image source
Writter @htetnainglin
Msc 188
လှပသော ဘဝတွေပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်
ကျေးဇူးပါဗျ
နေတတ်ရင်ကျေနပ်စရာပါဗျာ
ဟုတ်ကဲ့ပါဗျ
Right
လူတိုင်းမှာအလှကိုယ်စီ၊ဘ၀ကိုယ်စီရှိကြပါတယ်....ကောင်းသောပိုစ့်ပါ
ကျေးဇူးပါ
ဘဝတိုင်းက အလှနဲ့..ကောင်းတယ်ဗျာ
ဟုတ်ကဲ့ပါဗျ
တစ်ကယ့်အလှတရားကို ရှာတွေ့ပါစေဗျာ
ဘဝလှဘို့ စိတ်ထားတတ်ဘို့ အရေကြီးပါတယ်။
တင်းတိမ်ရောင့်ရဲပြီး အကောင်း မြင်တတ်ခြင်းဟာလည်း ဘဝအလှပါပဲ
စိတ်ထားလေး တွေ ကောင်းခဲ့ရင် လှပသော ဘဝဆိုတာအမြဲရှိနေမှာ😊😊😊😊
ဟုတ်
အင်းပေါ့လေ ခုချိန်များစာစီစာကုန်းရေးခိုင်းကြည့်ပါလား ။
ဟီး😁😁😁
စာလုံးရေ နည်းနေပါတယ်ဗျ Pro ရျနိုင်ဖို့ စာပိုက်ထပ်ဖြည့်ပေးပါ ။
ဟုတ်
လှပတဲ့ဘဝကပဲဖြစ်ဖြစ် ခက်ခဲတဲ့ဘဝကပဲဖြစ်ဖြစ် ဘဝရယ်လို့ဖြစ်လာရင် ဖြစ်လာရကျိုးနပ်အောင်တော့ အသိဥာဏ်တွေ အားထုတ်မှုတွေနဲ့ ဘဝအမြတ်ကြံအောင် ကြိုးစားနိုင်ရင်အကောင်းဆုံးပါပဲ။
အခုတော့မရေးချင်လည်းရေးနေရပြီ။