ကျနုပ် ကြည့်မိသော ဗြိတိန်

in #myanmar6 years ago

ဒီရက်​ပိုင်းမှာ ဘယ်​တီဗွီလိုင်းကိုပဲ ကြည့်​ကြည့်​ ​နေရာယူထားတဲ့ သတင်းတစ်​ပုဒ်​ကြ​ဗိတိန်​နိုင်​ငံက ဘုရင်​မကြီးရဲ့ ​မြေးငယ်​ ​ခြောက်​​ယောက်ေုမာက်​ ထီးညွှန့်​နန်းလျာမင်းသား ဟယ်​ရီနဲ့ သူ့ချစ်​သူ အ​မေရိကန်​မင်းသမီး မီဂန်​မာကယ်​လ်​တို့ရဲ့ လက်​ထပ်​ပွဲက အ​တော်​​လေး ဟစ်​ဖြစ်​​နေခဲ့ပါတယ်​..။
image

Crd-org-source
ြ​ဗိတိန်​နိုင်​ငံရဲ့ မင်းသားတစ်​ပါးက သာမန်​အရပ်​သူမိန်းက​လေးဆိုတာထက်​ နိုင်​ငံချင်း လူမျိုးချင်း ဘယ်​လိုမှ မတူညီတဲ့ မိန်းက​လေးတစ်​​ယောက်​ကို လက်​ထပ်​လိုက်​တယ်​ဆိုတာ အံ့အားသင့်​စရာပါပဲ​​ဗျာ..အထူးသဖြင့်​ မိန်းက​လေးက အိမ်​​ထောင်​ကွဲတစ်​​ယောက်​ ဖြစ်​​နေလိုက်​​ပြန်​ပါ​သေးတယ်​...။

အများတကာက ချမ်းသာဖို့ မ​နေမနားမတရား ရုန်းကန်​​နေရချိန်​မှာ ​မွေးကတည်းက စည်းစိမ်ပုံကြားမှာ ​ရွှေဇွန်းကိုက်​​မွေးလာကြတဲ့ ​​လူချမ်းသာဇာတာရှင်​ ​တော်​ဝင်​မင်းသားရဲ့ ဇနီးဆိုတဲ့ အိမ်​မက်​​တွေကို မက်​​နေကြမဲ့ မိန်းက​လေး​တွေက​တော့ အသည်းတြ​ဗန်ြး​ဗန်းကွဲ​ကောင်းကွဲ​နေကြမှာ​ပေါ့​ဗျာ..
image

Crd-org-source
ကျွန်​​တော်​မြင်​တာတစ်​ခုက​တော့ သူတို့မင်္ဂလာ​ဆောင်​တာက ကျွန်​​တော်​တို့ဆီက​တွေလို ထုံ​နေ မွှန်း​နေ​အောင်​လည်း မပြင်​ကြဘူး...ဘယ်​လို စင်​တင်​အဆို​တော်​ကြီး​တွေရဲ့ တီးဝိုင်းမှလည်း မ​တွေ့ရဘူး...
ရိုးစင်းသလို ရိုးရှင်းတဲ့ပုံစံနဲ့ မင်္ဂလာ​ဆောင်​သွားကြတာမှ ဘာမှ​ကျွေးတာလည်း မ​တွေ့ရဘူး​ဗျ..
ဒါ​ပေမဲ့ သူတို့တိုင်းသူပြည်​သား​တွေရဲ့ အပြုံး​တွေက​တော့ ​တောက်​ပ​နေကြတယ်​..လူ​တွေက​လည်းကြွ​နေကြတယ်​။အဲ့ဒီမင်္ဂလာပွဲကို သူတို့အမျိုး​တွေ​ဆောင်​သလိုကို ဝင်​နွှဲပြီး ​ပျော်​​နေကြတာက ​ဘေးက​နေကြည့်​ပြီး​တောင်​အားကျစရာပါ။
ရွှေမလို ​ငွေမလိုတဲ့ဘဝမှာမှ ချစ်​ခြ​င်း​မေတ္တာ​တွေကိုပါ ရ​နေခဲ့ကြတဲ့ မင်းသား​လေး​တွေ​လေ..။

ဒါ​ကြောင့်​ တချို့က မီဂန်​မာကယ်​လ်​ကို စင်​ဒရဲလား မင်းသမီးနဲ့​တောင်​ နှိုင်း​နေကြ​လေရဲ့..။ဟုတ်​​လောက်​တာကိုး..
သူမဘဝမှာ ဘယ်​တုန်းကမှ မမက်​ခဲ့ဖူးတဲ့ အိမ်​မက်​ အ​မေရိကန်​သူဆိုတဲ့ဘဝက​နေ ခင်​ပွန်းတစ်​​ယောက်​ယူလိုက်​တာြ​ဗိတိန်​နိုင်​ငံသား​တွေရဲ့ အချစ်​​တော်​ခံ ဖြစ်​သွားခဲ့ရပြန်​တယ်​။

အဲ့ဒီ​တော်​ဝင်​မင်္ဂလာပွဲကို မြင်​ချိန်​မှာ ကျွန်​​တော်​ မင်းသားဝီလျံနဲ့မင်းသား​ဟယ်​ရီတို့ရဲ့ မိခင်​ ​ဝေလမင်းသမီး ဒိုင်​ယာနာအ​ကြောင်း​တွေကို ပါ ရှာ​ဖွေ​လေ့လာဖြစ်​ခဲ့ပါတယ်​။
အ​တော်​စိတ်​ဝင်​စားစရာ​ကောင်းသလို အ​တော်​သနားစရာ​ကောင်းတဲ့ မိန်းက​လေးတစ်​​ယောက်​ရဲ့ ဘဝတစ်​ခုလို့ပဲ ကျွန်​​တော်​ထင်​မြင်​လိုက်​မိတယ်​။
အချစ်​ကိုမသိ​သေးခင်​ လက်​ထပ်​ရတယ်​။ သာမန်​အရပ်​သူမိန်းက​လေးတစ်​​ယောက်​ရဲ့ လွတ်​လပ်​ခြင်း​တွေက ​တော်​ဝင်​မင်းသမီးဂုဏ်​​တွေထဲမှာ သူမ မြှုပ်​နှံလိုက်​ရတယ်​။အစစအရာရာ လိုတရ​နေတဲ့ဘဝ​ပေမဲ့ သူမရဲ့ လွတ်​လပ်​တဲ့ ရှင်​သန်​​နေထိုင်​မှု​တွေကို ဒိုင်​ယာနာက ပိုမက်​​မောပုံရပါတယ်​။ ပြီး​တော့ ချားလ်​မင်းသားကလည်း သူ့အချစ်​ဦးဆီကိုသာ ​ခြေဦးလှည့်​​နေခဲ့တာတဲ့..။
နန်း​တော်​ထဲမှာ အထီးကျန်​​နေမဲ့ မိန်းမတစ်​​ယောက်​ကို ကျွန်​​တော်​ မြင်​​ယောင်​ကြည့်​​နေမိတယ်​။ ချားလ်​မင်းသားနဲ့ ကွဲပြီးချိန်​မှာ​တော့ ဒိုင်​ယာနာမင်းသမီးက သူလုပ်​ချင်​တဲ့အလုပ်​​တွေကို လုပ်​ချင်​သလို လုပ်​​နေသလားလို့ ထင်​မှတ်​ရပါတယ်​။
လှူဟယ်​...တန်းဟယ်​နဲ့ ​တော်​ဝင်​အသိုင်းအဝိုင်းက ထွက်​ခွာခဲ့ရ​ပေမဲ့ ပြည်​သူ့အချစ်​​တာ်​​တော့ ဖြစ်​ခဲ့ရပါတယ်​။

ချော​မောလှပတဲ့ ရုပ်​ရည်​နဲ့ သူမရဲ့လုပ်​ရပ်​​တွေ​ကြောင့်​ ဒိုင်​ယာနာဆိုတဲ့ မင်းသမီးတစ်​​ယောက်​ရဲ့ဘဝကို လူ​တွေအခုထိ စိတ်​ဝင်​စား​နေကြတာ ဖြစ်​မယ်​ ထင်​ပါတယ်​။
image

Crd-org-source
အခုထိ ဒိုင်​ယာနာရဲ့အ​ငွေ့အသက်​​တွေဟာ ​တော်​ဝင်​ထီးနန်းမှာ လွမ်းမိုး​နေဆဲလို့ ကျွန်​​တော်​​တော့ ထင်​မိပါတယ်​။ ​တော်​ဝင်​ထီးနန်းဟာ ဒိုင်​ယာနာ​ကြောင့်​ တစ်​ကမ္ဘာလုံးကလူ​တွေ ပိုပြီး စိတ်​ဝင်​စားလာကြသလို​တောင်​ ထင်​ရပါတယ်​။ကျွန်​​တော်​ ရှာ​ဖွေ​လေ့လာမိသ​လောက်​​ပေါ့​လေ..။

အခုဆို ​ဝေလမင်းသမီးဒိုင်​ယာနာရဲ့ သားနှစ်​​ယောက်​လုံးဟာ အိမ်​ထာင်​ကိုယ်​စီကျကုန်​ကြပါပြီ..။
ဒိုင်​ယာနာရဲ့ ဖက်​ရှင်​​တွေကို မင်းသားဝီလျံရဲ့ဇနီး ကိတ်​မယ်​ဒယ်​လ်​တန်​က ပြန်​လည်​အသုံးပြု​တာ​တွေကိုလည်း ​တွေ့ရပါတယ်​။

ဒီတစ်​ခါ မင်းသားဟယ်​ရီရဲ့ ဇနီး မီဂန်​မာကယ်​လ်​က​ရော ဘယ်​လို​တွေများ ဖြစ်​လာမှာလဲဆိုတာ စိတ်​ဝင်​စားစရာ ​ကောင်း​နေပါတယ်​။
ဒီ​တော်​ဝင်​မင်္ဂလာကို အ​ကြောင်းပြုပြီး ဒီတစ်​ခါ​တော့ြ​ဗိတိန်​နိုင်​ငံရဲ့ ​တော်​ဝင်​အသိုင်းအဝိုင်းအ​ကြောင်း ​ဝေလမင်းသမီးအ​ကြောင်း​တွေကို ကျွန်​​တော်​ ​ရှာ​ဖွေ​လေ့လာ ဖတ်​ရှု့လိုက်​မိတာ​​တွေပါ။

စိတိဝင်​စားစရာများစွာနဲ့ လူချမ်းသာ​တွေကြားမှာလည်း အခက်​အခဲ​တွေ ပြဿနာ​တွေ ​ထောင်​​သောင်းနဲ့ပါလားလို့​တောင်​ ကျွန်​​တော်​ ​တွေးလိုက်​မိပါတယ်​။

Writter @htetnainlin
Msc 188

Sort:  

"ရှင်ဘုရင်တွေကြွလာဖို့ သာမန်လူတွေလမ်းဖယ်ပေးရတယ်"ဆိုတဲ့ စကားပုံလိုပေါ့

ဒီလိုပါဘဲ ၊သူတို့အခက်‌အခဲနဲ့ သူတို့ပါဘဲ။

ဟုတ်ပါတယ်😃

စိတ်ဝင်စားစရာတွေရှာပြီးရေးပေးတာကျေးဇူးနော်
ခုမှသေချာဖတ်ဖြစ်တော့တယ်

စိတ်​ဝင်​စားစရာ ​ကောင်းတယ်​​နော်

ကျေးဇူးပါ

စိတ်ဝင်စားစရာကောင်းပါတယ်
ဒီလိုမျိုးဆက်တင်ပေးပါဦး

အင်း အဲ့ပွဲကို fb ကနေကြည့်လိုက်ရတယ် Megan Markle ပုံကြည့်ရတာ သိမ်ငယ်မှုနည်းနည်းရှိသလိုပဲ ဘာလို့လဲဆိုတော့ divorce ဖြစ်ထားတဲ့သူတစ်ယောက်ကိုး တကယ်တမ်းစိတ်ဝင်စားစရာကောင်းတာက သူတို့အိမ်ထောင်ရေးတည်မြဲပါ့မလား ဆိုတာပဲ သူကအမည်းစက်ကြီးနဲ့ကိုး ဒါက ကိုယ့်အမြင်နော် ဘာလို့လဲ ဆိုတော့ သူဝင်ဆန့်ရမည့်အသိုင်းအဝိုင်းက တော်ဝင် မျိုးရိုး ကိုး

တည်​မြဲမယ်​လို့ထင်​တယ်​...မင်းသားကသိရက်​နဲ့လက်​ထပ်​တာဆို​တော့...ပြီး​တော့မီဂန်က​ဒီအသိုင်းအ၀ိုင်းထဲဝင်​တယ်​ဆိုကတည်းကသူ့ကိုယ်​သူယုံကြည်​မှုရှိပုံဘဲ...ထင်​တာ​ပြောကြည့်​တာ😁

အင်း ကျနော့်အထင်တော့ မတည်မြဲရင်တောင်မှ divorceုဖစ့်မလွယ်ဘူး အမ ပြောတာက မှန်ပါတယ် Megan က ယုံကြည်မှုရှိပေမည့် Harry ဘက်ကအသိုင်းအဝိုင်းက တစ်ချို့ကိုပြောတာပါ မလွှဲမရှောင်သာလို့လက်ခံလိုက်ရတဲ့သူရှိရင် သူ့ကို မျက်စိထောက် ထောကြည့်နေတော့မှာလေ ။ သို့ပေမည့် မပြိုကွဲလောက်ပါဘူး တော်ဝင်ုးရိုးဆိုတော့ ဘယ် အမည်းစက်အဖြစ်ခံမလဲ ဥပမာ Diana လိုပေါ့ မချစ်သော်လည်းအောင့်ကာနမ်းပေါ့ ...ဒါကျွန်တော့်အမြင်ပါ

😆😁😁

ဒိုင်ယာနာအကြောင်းဆိုခုထိစိတ်ဝင်စားတုံး 😆😆

အဲလို လူမျိုးတွေရှားတယ်ဗျာ။
ခုခေတ်ယောက်ျား တော်၂များက လက်ရှိလူထက် လက်ရှိလူရဲ့အတိတ် ကိုအပြစ်မြင်ပြီး အမှားကို ခွင့်မ လွှတ်နိုင်ကြပု

ဟုတ်ပါတယ်

စိတ်ဝင်စားစရာကောင်းပါတယ် good postပါ

မင်းသမီး ကံကောင်းချက်နော် တခုလပ်ဖြစ်နေတာတောင် မင်းသားနဲ့ ဖူးစာဖက်ခွင့်ရတယ်..။ စဉ်းစာကြည့်ရင် တော်ဝင် မင်းသမီးဖြစ်ဖို့ သာမန်လူတွေ လမ်းဖယ်ပေးခဲ့ရသလားလို့ စဉ်းစားမိတာလေး😊

ဟုတ်တယ်မမ

လူတိုင်းကတော့ အခက်အခဲဆိုတာ အနည်းအများစီရှိကြတာပါဘဲဗျာ

ဒိုင်ယာနာက သနားစရာမင်းသမီး ဘဝအဖြစ် ရှင်သန်ဖြတ်သန်းခဲ့ရတာပေါ့နော်