လမ်းကြောင်းကြီး (3)

in #myanmar4 years ago

image

အဖေသေဆုံးကြောင်း အထောက်အထား
ရိုက်ပေးသည့် ဒေသန္တရဆေးဌာနမှ ကွန်ပျူတာ
စာရေးမလေးအား လမ်းကြောင်းတို့ထုံးစံ
အတိုင်း လက်ဘက်ရည်ဖိုးပေးသည့်အခါ
မယူပါဘူးရှင် ဟုပြောသည်။ ကျန်းမာရေး
ဌာနက ဝန်ထမ်းတွေ ပြောင်းလဲချိန်တန်ခဲ့ပြီ။
ပြောင်းလဲခဲ့ပြီး ကျေးဇူးပါ။

သေဆုံးကြောင်းအထောက်အထားရ၍
ကျမ်းကျိန်ရန်နှင့် GP လွှဲရန် တရားရုံးမှ
စာရေးမထံသွားရောက်သည်။ ထိုစာရေးမ
မှတဆင့် ပွဲစားများဖြင့် GP ရုံးသို့ လာရောက်ရန်
ထပ်မံချိန်ဆိုသည်။

ကားငှား၍ အမေ့ကို ခေါ်ကာ GP ရုံးသို့
မနက်ကိုးနာရီ အရောက်သွားကြသည်။
GP ရုံးတွင် ပွဲစားက အမေ့ပြောရမည်
စကားများကို သင်ပြပေးသည်။
GP လွှဲသည်မှာ တရားရုံးမှ ရှေ့နေနှင့်
တရားသူကြီးတို့က ပြုလုပ်ပေးသည်ဟု
ထင်မှတ်ခဲ့သည်။

သို့သော် GP ရုံးဟူ၍ရှိပေသည်။ GP
နှစ်မျိုးအကြောင်းသိခဲ့ရသည်။ အရပ်GP နှင့်
ရုံးကြီး GP ဟူ၍ သိခဲ့ရသည်။ အရပ်GPမှာ
ရှေ့နေဖြင့်ပြီးသည်။ ရုံးကြီး GP ဟူသည်မှာ
(101 လမ်း)သိပ္ပံလမ်းနှင့် 73လမ်းမှ
သဇင်လမ်းကြားတွင် တွင်ရှိသည့် ရုံး၌
ရေးဆွဲရသည်။

4ddaf6.jpg

GP ရုံးဆိုသည်မှာ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး (မန္တလေးမြို့) ဖြစ်ပေသည်။
ထိုရုံးသို့ မနက်9နာရီတွင် အမေ့ကိုခေါ်ဆောင်
သွားရသည်။ GP ရုံးတွင် ကျွန်တော်တို့
စောစောရောက်သည် ထင်သော်လည်း
ကိုယ့်ထက် အရင်ရောက်သည့် ကားများကို
တွေ့ရသည်။

ပွဲစားမှ ကားကို အလွယ်တကူ ပြန်ထွက်နိုင်ရန်
ကားခေါင်းလှည့်ထားဖို့ ကားမောင်းသူကို
ပြောသည်။ မကြာမှီ ကားများအလျှိုလျှို
ရောက်ရှိလာကြသည်။ ကားပေါ်မှ
ရုံးခန်းအတွင်းသို့ အမေ့ကို တွန်းလှည်းဖြင့်
ခေါ်ဆောင်ရသည်။

GP ရုံးခန်းမှ အရာရှိကြီးက အမေ့အား
ဖခင်အမည်၊ အသက်နှင့် သားသမီး
မည်မျှရှိကြောင်းမေးမြန်သည်။ ထိုနောက်
အမေ့လက်ဗွေရာ၊ သက်သေနှစ်ဦး၏
လက်ဗွေရာနှင့် လက်မှတ်များယူကာ
GP လွှဲပြောင်းခြင်း ပြီးစီးသည်။ GP
စာရွက်ကိုမူ 3ရက်ကြာမှ လာရောက်
ထုတ်ယူရမည်အကြောင်း ပြောသည်။

GP ရုံးမှာ 1နာရီခွဲခန့်အကြာတွင်ပြီး၍
ကျမ်းကျိန်ရန် ခရိုင်တရားရုံးသို့ ဆက်လက်
သွားရသည်။ ခရိုင်တရားရုံးတွင် မိနစ်20
ခန့်သာကြာပြီး ကျမ်းကျိန်ခြင်း ပြီးဆုံးခဲ့သည်။
GPနှင့် ကျမ်းကျိန်ခြင်းအတွက် ပွဲစားအမျိုးသမီးအား ငွေကျပ်130000 အပြီးပေးချေခဲ့ရသည်။

ဆက်လက်ရေးသားပါအုံးမည်...…။

@htwegyi

Sort:  

လမ်းကြောင်း ကြီးတွေ မှတ်သားရပါတယ်လေ။

ကိုယ်လို မသိသူတွေ သိရအောင်ပါ

လမ်းကြောင်းကြီးတွေ ရှင်းရတာ ဘယ်လောက်ကုန်သွားလဲ

ဘယ် မပြီးသေးဘူး ကိုဟိန်းရ ခုမှ အစရှိသေး မန်းစည်ပင်ကိုသွားဖို့လုပ်နေရတာ။ အဲ့မှာမှ မြေစာရင်းမြေပုံတို့၊ သတင်းစာကြော်ငြာတို့
ဂရန်သက်တမ်းတိုးတို့လုပ်ရမှာ 10 သိန်းနီးပါးကုန်မှာတဲ့။

ခုလို လမ်းကြောင်းကြီး ချပြတော့ သိရတာပေါ့ဗျာ

ဟုတ်တယ် ကိုယ်လိုမသိတဲ့သူတွေ သိအောင်ပေါ့ဗျာ။

Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android: https://android.esteem.app, iOS: https://ios.esteem.app mobile app or desktop app for Windows, Mac, Linux: https://desktop.esteem.app
Learn more: https://esteem.app
Join our discord: https://discord.me/esteem