သြော်......ဘာလိုလိုနှင့် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားလိုက်တာ ဘာမှမကြာသလိုပဲနော်....။ အချိန်တွေကုန်တာ သိပ်မြန်တာပဲ...။
နွေမှသည် မိုး၊ မိုးမှသည် ဆောင်း၊ ဆောင်းမှသည်နွေ ဤသို့နှင့်ပင် တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားခဲ့လေပြီ။ ဒီလိုနဲ့ပဲ အသက်တွေတဖြည်းဖြည်းကြီးပြင်းလာရင်း အခုဆိုရင် သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် အလုပ်ခွင်ထဲ ရုန်းကန်လုပ်ရှားနေရခြေပြီ....။
အသက်တွေဘယ်လောက်ပဲ ကြီးပြင်းလာလာ ဟို....ငယ်စဉ်အချိန်တွေတုန်းက သူငယ်ချင်းတစ်သိုက်နှင့်ဆော့ကစားခဲ့သည့် အကြောင်းတွေကို ပြန်စဉ်းစားလိုက်ရင် အားလုံးသည့် မနေ့တစ်နေ့ကလိုပင်.....။
နေပူပူ ဖုန်ထူထူ လမ်းမတွေထက် ချွေးသံတရွှဲရွှဲနှင့် စက်ဘီးတာယာတွေကို လိမ့်ကာလိမ့်ကာ ပြေးလွှားခုန်ပေါက် ဆော့ကစားခဲ့တာတွေ မိုးရွာတွင်းဘက် သူငယ်ချင်းတွေနှင့် ရွှံ့ ဗွက်တွေထဲမှာ ဘောလုံးကစားခဲ့တာတွေ၊ သရက်သီးတွေလိုက်ကောက်ပြီး စားခဲ့တာတွေ၊ မြောင်းကြိုမြောင်းကြား ငါးရှာဖမ်းခဲ့သည့် ပုံရိပ်တွေ အခုချိန်ထိ မျက်ဝန်းထဲမှာ ဆွဲမြဲစွာ မြင်ယောင်နေမိသေးတယ်....။
ထိုပျော်ရွှင်ဖွယ် ကြည်နူးဖွယ် အချိန်တွေ နောက်တခါ ပြန်မရနိုင်တော့မှန်းသိပေမယ့် အပူအပင်ကင်းတဲ့ ခလေးဘဝကိုတော့ တစ်ခါပြန်လိုချင်မိပါသေးတယ်.....။
ထိုခလေးဘဝသည် အတ္တတွေ၊ မာန်မာနတွေ၊ လောဘတွေကင်းစင်ပြီး ဖြူစင်အေးချမ်းလှသည်။ သူငယ်ချင်းတွေ အချင်းချင်း ချစ်ချစ်ခင်ခင်ရှိခဲ့ကြသည်။ တစ်ခါတစ်လေ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားခြင်းမတိုက်ဆိုင်သည်အခါ ရန်ဖြစ်ကြသည်။ ဆဲကြဆိုကြ ထိုးကြိတ်ကြသည်။ နောက်လေးငါးရက်ကြာသွားလျှင်တော့ အရင်က ဘာမှ မဖြစ်ခဲ့သလို တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ခါ အရင်လို ပြန်ကစားကြလေသည်.....။
တစ်ယောက်ယောက်တွင် မုန့်တစ်ခုခုပါလာလျှင် ထိုမုန့်ကို အားလုံးဝိုင်းတောင်းစားကြသည်။ တောင်းလို့ မကျွေးလျှင် လုစားကြသည်။ အားမနာတတ်ကြပေ။ ရိုးသားပွင့်လင်းကြသည်။ စိတ်ထဲရှိသည်အတိုင်း ပြုလုပ်ကြလေသည်။
အသက်ရွယ်ကြီးရင့်လာသည်နှင့် အမျှ ထိုရိုးသားပွင့်လင်းမှုတွေ ချစ်ခင်ကြင်နာမှုတွေလည်း တစ်စတစ်စ လျော့ပါးသွားလေတော့သည်....။
Photo Credit, Google Image
Author By Jhon
MSC-046
အပူအပင်ကင်းတဲ့ကလေးလေးဘဝကိုတစ်ခါပြန်ပြီးရချင်သေးတယ်😌😌
မဖြစ်နိုင်တော့မှန်းသိပေမယ့် တစ်ခါပြန်လိုချင်မိတယ်
ညီ့စာလေးဖတ်ပီး ကလေးဘ၀က သူများမုန့်လုစားခဲ့တာလေး ပြန်သတိရတယ်ကွာ။
လွမ်းဆွေးဖွယ်အချိန်လေးတွေပေါ့အကိုရာ....။
(၉)တန်းစာစီစာကုံးအဆင့်ကပြန်စနေကြရတာ သနားဖို့တော့ကောင်းတယ် ၊ ဆက်ကြိုးစားပါ၊ ဝါကျဖွဲပုံလေးတွေရိုးစင်းပေမယ့်၊ အမှားမရှိပါ။
ဆရာရေ..... ကျနော် ၇ တန်းအထိပဲ ပညာသင်ခွင့် ရခဲ့တာပါ။ စာလည်း သိပ်မရေးနိုင်ပါဘူး။ အများကြီးသင်ယူရပါအုံးမယ်ဆရာ....။
ကလေးဘဝကတော့ ဖြူစင်ရိုးသားမှုတွေနဲ့ပူပင်မှုတွေနည်းပါးတဲ့ ဘဝလေးပါ။
အမှန်ပါပဲ အမရေ...။
အားပေးခဲ့တယ်နော်
ကျေးဇူးပါ အကိုကြီး
ငယ်ရွယ်စဉ် ပျော်စရာတွေကို သတိရမိတယ်ဗျာ
အမြဲအမှတ်ရနေတယ့် အရာတွေပေါ့ဗျာ....။
အားပေးနေပါတယ်ဗျာ
ဟုတ်ကဲ့
အားပေးခဲ့ပါတယ်
ကျေးဇူးပါ
ကလေးဘဝတော့ ပြန်ရချင်တယ် စာတော့မကျက်ချင်ဘူးဗျာ...
ဟုတ်တယ် စာကျက်ရတာအဆိုးမလွယ်ဘူးဗျ
ကလေးလေးတွေက အပြစ်ကင်းပါတယ်
အမှန်ပဲအကိုရေ
အဖြူစင်ဆုံးခလေးဘ၀တွေပါ