အားရင်​ဖတ်​မှတ်​တခန်းရပ်​​လေးများ

in #myanmar6 years ago

အိပ်စက်ခြင်းဆိုတာ လူတွေရဲ့ နေ့စဉ်ဘ၀မှာ မရှိမဖြစ်လိုအပ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် လူတစ်ချို့က အနားကပ်ပြီး ဆင်အော်ရင်တောင် မနိုးဘူးလို့ ပြောစမှတ် တွင်လောက်အောင် အိပ်ရေးမက် လွန်းလှပါတယ်။ အိပ်ရေးမက်လွန်းလို့ပဲဖြစ်စေ၊ အရက်အမူးလွန်လို့ပဲဖြစ်စေ၊ အရမ်းကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရင်ပဲဖြစ်စေ နောက်ပြောင်တတ်တဲ့ သူငယ်ချင်းတွေ ဘေးနားမှာ ရှိနေရင်တော့ သေချာပေါက် စနောက်ခံရမှာပါ။ အခုလည်း အစအနောက်သန်တဲ့ သူငယ်ချင်းတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ အိပ်ရေးမက်လွန်းသူတွေရဲ့အဖြစ်​အပျက်​​တေဟာလဲများစွာရှိကြပါတယ်​။တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ တစ်ခါတရံမှာ မိဘတွေက သားသမီးတွေကို စိတ်ပူလို့၊ ကောင်းစေချင်လို့၊ လမ်းမှားမရောက်စေချင်လို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ လိုတာထက်ပိုပြီး ချုပ်ချယ်ထားတတ်ကြပါတယ်။ လူဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို သူ့အရွယ်နဲ့သူ ထိုက်သင့်သလောက်ပေးရတာဖြစ်လို့ ချုပ်ချယတိုင်းလည်း အဆင်မပြေပါဘူး။ ချုပ်ချယ်တတ်လွန်းတဲ့ မိသားစုကနေ ကြီးပြင်းလာတဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရပါတယ်။ imageထိုင်နေရာကနေ ရုတ်ခနဲ ထလိုက်ရင် ရိပ်ခနဲ မိုက်ခနဲ ခေါင်းမူး ပြီး လူက ယိုင်သွားတာမျိုး လူအတော်များများ ကြုံဖူးကြ လိမ့်မည်။ ထိုသို့ ဖြစ်ခြင်း သည် သိပ်မစိုးရိမ် လောက်သော ကျန်းမာရေး ပြဿနာ ဖြစ်သော်လည်း သူ့နောက် ဆက်တွဲများကား စိုးရိမ်စရာရှိ သဖြင့် ထိုသို့ ဖြစ်ပါများလာ လျှင်တော့ မပေါ့ဘဲ ဂရုစိုက်ကြဖို့ လိုမည်။ကိုယ်က ညဘက်ကျရင် ဖုန်းကင်မရာနဲ့ စမ်းကြည့်ဖို့ အကြံရသွားတယ်။ နာမည်ကြီးဘုရား၁ဆူကို ဝင်ဖူးပြီး အပြန်အိမ်အတွက်လက်ဆောင်ဝင်ဝယ်တယ်။ ဆိုင်ရှင်မိသားစုနဲ့ စကားဆက်မိတော့ ကိုယ်တွေဆက်သွားရမယ့်တောလမ်းက သတိထားစရာ၁ခုရှိလို့ တချို့ကုန်ကားတွေကလွဲပြီး ဘယ်ဘုရားဖူးကားမှ မဖြတ်ရဲကြကြောင်းပြောပြတယ်။ကိုယ်တွေကလည်း ဝင်စရာရှိတော့ အဲ့လမ်းကဘဲအဆင်ပြေမှာမို့ မထူးဘူးဆိုပြီး ထွက်လာကြတယ်။ တဖြည်းဖြည်းနဲ့ အဲ့နေရာနားရောက်တော့ အတော်မှောင်နေပြီ။ ဘေးဘယ်မှာလည်း တောင်ကုန်းတွေနဲ့ ကွင်းပြင်တွေဘဲရှိတယ်။ဘော်ဒါကတော့ ကားပေါ်မှာ အိပ်နေပြီ။ ကားမောင်းတဲ့ကောင်လေးမသိအောင် ဖုန်းကင်မရာနဲ့ ပတ်ဝန်းကျင်ကို ဗီဒီရို ခိုးရိုက်ထားလိုက်တယ်။ ခဏကြာတော့ ဘာများထူးမလဲဆိုပြီး ဖုန်းကိုကြည့်လိုက်တော့။ ဟ၊ဘာကြီးလဲဟ။ အရိပ်လိုလို၊ အကောင်လိုလိုနဲ့ ဖုန်းကင်မရာထဲမှာတွေ့လိုက်တယ်။ ကြက်သီးတွေတောင် ချက်ချင်းထသွားတယ်။ဒီလိုလူတွေဟာ အားငယ်တတ်တဲ့သူတွေပါ။ သူတစ်ပါးရောက်ဖူးတဲ့နေရာတွေလည်း မရောက်ဖူး၊ သူတစ်ပါးပြောနေတဲ့အကြောင်းအရာတွေ၊ ပြင်ပလောကက အရာတွေလည်း တစ်ခုမှနားမလည်နဲ့ သူများပြောသမျှကိုပဲ ပါးစပ်လေးအဟောင်းသားနဲ့ နားထောင်ရင်း ကြီးပြင်းလာကြသူတွေပါ။ သူတစ်ပါးထက်လည်း ဗဟုသုတအတွေ့အကြုံနည်းပါးတာကြောင့် အများနဲ့မဆိုင်တဲ့သူတစ်ယောက်လို ခံစားရပြီး အားငယ်တတ်ကြပါတယ့်​ကိုဘလချာ​ပြောပါတယ်​။
Photo-google
Writing by@komoewai