မင်္ဂလာပါ Steemitကြီးခင်ဗျာ
အခုကျွန်တော်ရေးမည့်စာကတော့ မျက်မြင်ကိုယ်တွေ့အရာတစ်ခုကို အခြားသူတစ်ဦးရဲ့နေရာရှုထောင့်မှ ပြောပြပေးသည့်ပုံစံဖြင့်ရေးသားမည်ဖြစ်ပါသည်။စာသိပ်မရေးတက်သေးပါ၍ သည်းခံ၍ဖတ်ရှုပေးကြပါအုံးခင်ဗျာ။
နေ့တစ်နေ့ကို စတင်ခဲ့ပါပြီ...
ယခုအချိန်တွင် ကျွန်တော် အသက်ရှိနေသေးသည်ဟု ကိုယ့်ကိုယ်ကိုယ်ထင်မိပါသည်။ အဘယ်ကြောင့်အခုလိုပြောရသလည်းဆိုရသော် အသက်ရှင်နေသေးလို့သာ လူအများရဲ့လှုပ်ရှားသွားလာနေထိုင်မှုတို့ကို သိနေမြင်နေရသည်ပဲမဟုတ်လားဗျာ။ အိပ်နေချိန်ခဏတော့ လူ့လောကကြီးနှင့်အဆက်အသွယ် ပြတ်နေလိမ့်ဦးမည်ထင်ပါသည်။ အဆက်အသွယ် ပြတ်နေပေမယ့် ဦးဏှောက်အာရုံထဲမှာရှိနေသည့်အရာတို့ကတော့ ပျက်စီးသွားလိမ့်မည်မဟုတ်ပါဘူး။
ခဏတာအိပ်စက်ခြင်းသည် ပင်ပန်းနွယ်းနယ်မှုတို့ကို ပြေပျောက်စေရန် အနားယူခြင်းမျှသာဖြစ်ပါသည်။
ယနေ့တွင် နံနက်စောစော အိပ်ယာကထ၍ လူခင်လို့ မိဘကအမည်ပေးခဲ့သည့်ကျွန်တော် ရွာထဲသို့ကျန်းမာရေးအလို့ငှါ လမ်းလျှောက်ထွက်ခဲ့ပါသည်။ ရွာလမ်းသည် အင်မတန်မှ ကောင်းမွန်နေသည်ဟု ထင်မြင်မိပါသည် နံနက်စောစောပေမို့လည်း လူသူ သွားလာမှုနည်းသေး၍ ဖုန်မထသောကြောင့်
ကောင်းမွန်သောလမ်းလေးဖြစ်လို့နေပါသည်။
ရွာလမ်းပင်ဖြစ်သော်လည်း အိမ်ခြေက နည်းပါးနေသေးပြီး လယ်ကွင်းယာခင်းများသာ များနေတာကြောင့် အဝေးကိုလှမ်းမျှော်ကြည့်လိုက်လျှင် စိမ်းလန်းနေသော သီးနှံခင်းများနှင့် ဘေးပတ်ပတ်လည်မှ သစ်ပင်ကြီးများက သဘာဝပန်းချီကားတစ်ချပ်ပမာ ရှိနေပါတော့သည်။ ရွာလမ်းရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာ အရိပ်ရသစ်ပင်တွေကိုစိုက်ပျိုးထားတာကြောင့် လေအဝေ့မှာ ကြွေလွင့်လာတဲ့ သစ်ရွက်တွေနှင့် တိုက်ခတ်လာတဲ့လေပြေလေညှင်းတို့သည် ကျွန်တော့ရဲ့စိတ်ကို လန်းရွှင်နေစေပါတော့သည်။
Credit;google image
နံနက်ခင်းစောစောပေမယ့် ကျန်းမာရေးလိုက်စားသည့်ကျွန်တော်သည်သာ လမ်းလျှောက်ခြင်း အလေ့ကို ပြုလုပ်နေပေမယ့် အခြားသောသူတို့မှာတော့ဖြင့် ငွေကြေးပြေလည်သူက နံနက်စောစောအိပ်ယာကမထသေးသူများရှိကြသေးသလို။တစ်ခြို့သောသူတွေကတော့ နံနက်ဝေလီဝေလင်းကတည်းက လယ်ကွင်းတွေ ယာခင်းတွေထဲကိုရောက်ရှိလို့နေကြပါချေပြီ။ သူတို့သည် အလုပ်ကိုအလုပ်နှင့်တူအောင် လုပ်ဆောင်နိုင်ကြသူများသာဖြစ်ကြပါသည်။
လယ်ယာစိုက်ပျိုးအသက်မွေးနေပေမယ့် သူတို့မှာ ချမ်းသာခြင်းအစစ်မှန်ကိုလည်း ရှာနိုင်ကြသလို ဝမ်းစာရေးအဖြစ်ကိုလည်း ရှာနိုင်ကြပါသည်။
သူတို့ရဲ့ချမ်းသာရေးအစစ်မှန်ကတော့ အခြားမဟုတ်ပါဘူး လှူဒါန်း ပေးကမ်းခြင်းဆိုတာတွေသာဖြစ်ပါသည်။ သူတို့ ထိုလယ်သမားတို့သည် တစ်ဦးခြင်းတစ်ယောက်ခြင်းစီ လှူဒါန်းကြခြင်းသည်တော့မဟုတ်ပေ။စည်းလုံးခြင်း၏ ပြယုဂ်တစ်ခုဖြစ်သော စုပေါင်းလူအင်အားကိုစိုက်ထုတ်၍ မွန်မြတ်သောအလှူအတွက် မိမိတို့၏ချွေးနဲစာများမှစုဆောင်းထားသည်များကို လှူဒါန်းကြခြင်းဖြစ်ပါသည်။
Credit;google image
ထီပေါက်မှ လှူမည်ဟုလည်းမတွေးကြသောသူများသာဖြစ်ကြပါသည်။ သူတို့၏အတွေးတွင်ရှိနေမည့်အရာတစ်ခုကတော့ နောင်နှစ်တွင် ငါတို့ဘယ်လိုအလှူမျိုးကိုပြုလုပ်နိုင်မလည်းဆိုသော စိတ်ကူးအတွေးတို့သာရှိနေလိမ့်မည်ထင်ပါတယ်။ ဒီနှစ်ထက် နောက်နှစ်မှာပိုပြီးလှူဒါန်းနိုင်ရမည်ပေါ့။ တစ်ကယ်ကျိုးစားသူတို့ရှိနေကြသလိုအပြောသမားများကလည်းရှိနေကြပါသေးသည်။ ထိုအပြောသမားတို့သည် ကပ်ပါးပိုးများနှင့်တူနေပါသည်။ရရစားစားသမားများပါပေ။ မိမိကိုယ်တိုင်မကြိုးစားပဲ ကြိုးစားပါမည်ဟု ကတိတွေပေးပြီးကာမှ သူတပါး ပိုက်ဆံရှိသော သူများထံသို့ ကပ်မြောင်ဖားလျား စားသောက်နေကြသူများသာဖြစ်ပါသည်။ ထိုသူတိုသည် အလှူတွင်လည်း ငွေကြေးလည်းမစိုက် လူအားလည်း မထုတ်ပါပဲ စားသောက်ခါနီးမှသာရောက်ရှိလာတက်ကြပါသည်။ အလှူရှင်တို့မည်သည်က စေတနာ သဒ္ဒါပြတ်၏ လှူပြီးရင် ကုန်မှာကိုမပူကြပါဘူး ဝေဖန်ချင်သူရှိကလည်းဝေဖန်ပါစေ နားမထောင်ပါဘူး အလှူကို အလှူနှင့်တူအောင်သာ လှူကြပါသည်။ ဘယ်သူကဖြင့် အလကားနေပြီးလာစားတယ် တစ်ခွန်းမပြောပါဘူး ။စားပါစေ သူတို့များများစားနိုင်ရင် ငါတို့ကုသိုလ်ပိုရတယ်ပဲတွေးနေမှာပါ။ တချို့ကရှိသေးအလှူကဟာတွေအိမ်ကိုသယ်မယ်ဆိုတဲ့အတွေးနဲ့လာကြတာ။ အဲ့ဒါမျိုးကျ မကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ် စားနိုင်သလောက်စားပါ တစ်အိမ်သားလုံး တစ်မျိုးလုံးတစ်ဆွေလုံးလာစားကြပါစေ ဘာမှမဖြစ်ပါဘူး။ အိမ်ကိုပြန်သယ်ဖို့ ကြွပ်ကြွပ်အိပ်တွေ ခါးပိုင်ချောင်ထဲထည့်လာတယ် သယ်လို့ရရင် သယ်ကြတယ်ဆိုတာ အလှူမှာ ငရဲလာပေးပြီး သူတို့ကိုတိုင် ငရပြန်ယူသွားနေကြတာပါ။ ငရဲဘာလို့ပေးလည်းဆိုရင် သူတို့အိပ်တွေနဲ့သယ်တာကိုတွေ့တဲ့သူများက ဒီလူတွေကြ အိပ်နဲ့သယ်တယ် ငါတို့ကြမသယ်ရဘူးဆိုတာဖြစ်လာပါတယ်။ဒီတော့ အကုသိုလ်စိတ်တွေဖြစ်လာရပြီး ငရဲကိုတွန်းပို့နေသလိုဖြစ်နေပါတယ်။
ဘယ်အရာမဆို အချိန်ဆိုတာရှိပါတယ်။ အလှူဟင်းအလှူထမင်းကို အိမ်ပြန်သယ်တဲ့အချိန်ဟာ အလှူအိမ်မှာ သွားရောက်စားသောက်သူကျဲပါးတဲ့အချိန်ပါ။ ကိုယ်တိုင်လည်း ဝိုင်းလုပ်တယ် အိမ်ကိုလည်းပြန်လည်သယ်ယူပြီးစားသောက်ခဲ့ဖူးပါတယ်။
သို့ပေမယ့် လှူလို့ ပိုမှ သယ်တာပါ။
Credit;google image
ယခုလည်း အလှူအကြောင်းစဉ်းစားကြည့်ရင်း
ရွာထဲမှာဒီနေ့နံနက် အလှူပွဲတစ်ခုရှိတာ သတိရမိလိုက်မိပြီဗျာ။ ဗိုက်ကလည်းဆာနေတာနဲ့အတော်ပဲ
လော်စပီကာကြီးဖွင့်ထားတဲ့အလှူအိမ်သို့Goပြီဗျိုး
တွေးမိတွေးရာအရေးကမ္ဘာလေးပါဗျာ။
အလျင်းသင့်လျှင်ဆက်လက်ရေးသားပါအုံးမည်။
ကျွန်တော်ရေးတဲ့စာကို ဒီတစ်ခါတော့ပြန်မဖတ်တော့ပဲတင်လိုက်ပါပြီ။
စာဖတ်သူအပေါင်းမှ အမှားပေါင်းများစွာကိုထောက်ပြဝေဖန်ပေးကြပါအုံးခင်ဗျာ။
စာဖတ်သူညီကိုမောင်နှမအပေါင်းကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
ဟာဗျာ အလှူသွားတာလက်တောင်မတို့ဘူး လိုက်ချင်ပါတယ်ဆို။
မရှိတော့ဘူး ကုန်ပြီတဲ့ 😂😂😂
တောသဘာဝ တောအလှလေးတွေနဲ့ ဘဝမှာ အေးအေးချမ်းချမ်း နေချင်စမ်းပါဘိဗျာ
ဘဝအရေး တွေးလို့ကဖြင့် ဟိုပြေးဒီပြေး ရုန်းကန်နေရဆဲပါပဲ
ဟုတ် ရုန်းကန်လှုပ်ရှားနေရတော့ အေးချမ်းမှုကိုလိုချင်မိတာအမှန်ပါပဲ
ဟိုအဆိုတော် ကောင်မလေးဆိုထားသလို လေး အော်ပါလား '' အလှူအိမ်သို့ ကြွကြပါဗျို့ ''
သူမအော်ခင်ကတည်းကကိုယ်ကအရင်ရောက်နေမယ်ထင်တယ်😁😁😁
ကိုမိုးရေ ကျွန်တော်ကတော့ အလျှူတွေရင်
သိသိမသိသိ ဝင်စားတက်တဲ့ အကျင်ရှိတယ်ဗျ ဟီးး
အဲ့ဒါကောင်းတယ်ဗျ လှူတဲ့သူတွေအားရှိသွားတာပေါ့ဗျာ
နေရာစုံမှာကြည့်လိုက်ရင် အလှူအတန်းကတော့ ရက်ရောတဲ့တိုင်းပြည်ပါ။ ဘာလို့တိုးတက်မှုနှေးနေလည်းဆိုတာတော့ သိပီးသားထင်ပါတယ်ဗျ :)
ရက်ရောလွန်းနေလို့များလားကိုအယ်ဒိုရ
သိပီးလည်းထပ်ပြောပြပေါ့
မသိသေးတာလည်းဖြစ်ချင်ဖြစ်နေမှာ
အရမ်းကောင်းတဲ့စာပါ
ကျွန်တော်ရွာမှာအရိပ်ရသောအပင်စိုက်မယ်ဗျာ
ကမ္ဘာကြီးလှပအောင်ပေါ့
စိုက်ပါ ညီ သစ်ပင်က လူသားတွေကိုအကျိုးပြုတာပါပဲကွာ
ရွာအလှူတွေ သတိရစေတယ်ဗျာ မြန်မာတွေရဲ့ရိုးရာ ဖော်ကြူးထားတယ်
ဟုတ် ပုံတော့သိပ်မပေါ်လွင်ဘူးbroရေ
သိပ်မရေးတက်တော့ ဖတ်ရတာမကောင်းဘူး
အားပေးနေတယ် အစ်ကိုရေ
ဟုတ် အားပေးဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဗျာ
များများလှူနိုင်ပါစေ ကိုမိုးရေ.......
သာဓု.....သာဓု....သာဓု....
ဟုတ် ကျွန်တော်က လှူတာထက် စားတာကပိုများနေမလားပဲ😁😁
မသိဘူး vote မယ်
မသိဘူး ကျေးဇူးတင်တယ်ဗျာ😁
ကျွန်တော်အတွက်ပါပိုစားခဲ့ပါလား ကိုမိုးဇော်
ပိုတော့စားတာပဲ မနိုင်ဘူးဖြစ်နေတာ ဗိုက်ကလေးလေ တွတ်ပီမပါ😁😂
ကိုမိုး လည်း ဒီထက်ပိုလှုနိုင်ပါစေဗျာ
ဟုတ် ကျေးဇူးတင်ပါတယ်ဗျာ လှူတော့သိပ်မလှူနိုင်သေးဘူး
အလှူအိမ်ပဲလိုက်ချောင်းနေတာ😁😁
ကျွန်တော်တို့အညာမှာလည်း ဒီရာသီက အလှူပွဲတွေနဲ့ခြိမ့်ခြိမ့်သဲနေပြီဗျ
ကျွန်တော်တို့အိမ်တော့ပါဘူးပေါ့ဗျာ😂😂😂
သူများလှူလို့ကိုယ်သွားစားရင် ကုသိုလ်လည်းရဝမ်းလည်းဝတယ်ဗျိုး
သွားစားကြမယ်😁😁
အလှူက ဘာဟင်း နဲ့ကျွေးတာလဲ Bro😁
လိုက်ခဲ့မယ်လေ...
လိုက်ခဲ့ဗျာ ကလားဟင်း ငါးပိချက်ကို အတို့အမြှပ်က သရက်ကင်း ပဲပင်ပေါက်။ အရည်အတွက်က ဟင်းချို
သောက်ရေအတွက်က အအေးနဲ့ဗျာ။
ဆယ်တန်းတွေဖြေပြီးရင်တော့ အလှူကြီးတစ်ခုရှိသေးတယ်ဗျ
စားရတော့မယ်ဟေ့😁😁😄😄
ဒီကလည်း အလှူဆိုလိုက်ရှာနေတာ လာခဲ့အုံမယ်
ခေါ်ပီလေဗျာ ဝါသနာတူတွေကို
အလှူတွေလိုက်ရှာကြမယ်😁😂
ဝက်သားတုံးကြီး လက်သီးဆုပ် သဏ္ဍန် ...
နှိပ်ဟ.......
နောက်ထပ်အလှူပွဲရှိသေးတယ် အဲ့ဒီနေ့ကျရင်တော့ လက်သီးဆုပ်သဏ္ဍန်ထက်ပိုပြီး နှိပ်ပစ်မယ်😂😂😂
ဘယ်နပန်းကန်လောက်ဆွဲလိုက်လဲ ဘရို
နှစ်ပန်းကန်လောက်ပါပဲဗျာ
သိပ်စားနိုင်ဘူးလေ😋😋
အလှူ တော်ကြီးက ဗျောသံသာ ဒို့ရွာအလှူ ပွဲမှာ ကာလသားများ ဝိုင်းလို့ ပျော်ကြတာ ကိုမိုးကြီးလဲ လှူနိုင်ပါစေဗျား
ပေးတဲ့ဆုနဲ့ပြည့်ဝစွာလှူဒါန်းနိုင်ရပါလို၏ဗျာ
ကျေးဇူးတင်ပါတယ်ဘုရာ့
ညီရှင်ပြုတုန်းကအချိန်ကိုတောင်ပြန်ပြီးသတိရမိပြန်ရောဗျာ
ဒီတစ်ခါရှင်ပြုရင် ဦးဇင်းဖြစ်ပြီလားညီရေ
အလှုအိမ်သို့ ကြွကြပါဗျို့ ရို့ရို့
ရေ ရေရေ့ရေး
အလှူအိမ်သို့.....ရောက်နှင်ပြီဗျိုး😁😁
ငါးခြောက်ကြော် ပဲပင်ချဉ် ပဲဟင်းချို အဲ့ဒီသုံးခွက်နဲ့စားရေရင်တော်ပါပြီ
အပြန်ကျငါးဆင့်ချိုင့်လေးနဲ့ပိုရင်လည်း
ထည့်ပေးဦးပေါ့
ဟုတ်တယ်ဆိုဗျ
ငါးဆင့်ချိုက်နဲ့မှဝမှာ😁😁
လွမ်းမိုးသီချင်းလိုမျိုး ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်😁😁
တောအလှူ ကတော့ အရမ်းချစ်စကာကောင်းတဲ့ ဓလေ့တစ်ခုပဲဗျို့
ဟုတ်တယ်ဗျ တောအလှူလေးကိုမြို့ကအလှူတွေထက်ပိုပြီးကြိုက်မိတယ်
Upvoted ☝ Have a great day!
Thanks You.
ဟိုးးတုန်းတော့ တောသူတောင်သား ဘဝတွေက အရမ်းကိုအားကျဖို့ကောင်းတယ် စားလည်းစားနိုင်တယ် လှူလည်းလှူနိုင်တယ်။ အခုများကျတော့လည်း.......?
ခုများကျတော့လည်း လှူနိုင်သလောက်လေးပေါ့ ကိုလင်းရာ
ဘဝတွေကလည်း ဖြတ်သန်းရသေးတာလေ
ထမင်းရည် ချောင်းစီးလို့သာ အယုတ်လတ်မရွေး ကုသိုလ်ပါ
ညောင်စေ့လောက်လှူလည်း ညောင်ပင်ကြီးလောက်ရပါတယ်
ထီမပေါက်လဲ လှူလို့ရပါတယ်ဗျာ
အင်း
မနောရဲ့သီချင်းဆိုပြနေတာမှက်နေတာ😁😁
အလှူကတော့ နည်းနည်းများများ.အလှူကအလှူပါပဲ
ကုသိုလ်ရနေမှာပါ
ဟိ မနောက ခေတ်ကောင်းနေတယ်ဗျ😃
ကျွန်တော်တို့ဆီဆိုရင် အလှုရက်ကို တစ်နှစ်လောက်ကြိုသတ်မှတ်တာ ဒါမှရွာနီးဝန်းကျင်ကပါ ရက်မတိုက်အောင်လို့လုပ်ကြတာ
ဟုတ်
ကောင်းမွန်တဲ့ အကြံပါပဲကြိုတင်ပြင်ဆင်ထားတော့ လူအများပိုသိရတာပေါ့
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by KoMoeZaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
စာကိုcopy pastဆွဲသွားပါရစေ ပြန်ဖက်ဖို့
ဆွဲပါ ညီ ဖတ်ဖြစ်အောင်လည်းဖတ်အုံးနော်