Sorry(နားလည်ပေးပါ)

in #myanmar5 years ago

28000လောက်တောင်းပြီး 30000လောက်အိပ်စိုက်ဖြစ်သွားတာလည်း ဖုန်းပြုပြင်တဲ့သူအချင်းချင်းပဲသိနိုင်မှာပါ။
ရမယ့်လက်ခက 7000,8000ပေါ့။
ပြန်စိုက်လိုက်တာက အချိန်ရယ် ပိုက်ဆံရယ်။

ဘယ်အရာမှအလကားမရနိုင်ပါဘူး။
ငွေတစ်ထောင်ဖြစ်ဖို့ ငွေတစ်ဆယ်ကနေလည်း စုချင်စုခဲ့ရလိမ့်မယ်။ တစ်ရာ တစ်ထောင်ကနေလည်း စုချင်စုရလိမ့်မယ်။
ငွေတစ်သောင်း ၊တစ်သိန်း ၊ သိန်းတစ်ရာစသဖြင့် စုဖို့ဆိုတာအချိန်အများကြီးပေးခဲ့ကြရပါတယ်။

အဲ့ဒါကိုမှ လူတချို့က ငွေငါးရာတစ်ထောင်နဲ့ဘာမှဖြစ်မလာပါဘူးကွာဆိုပြီးရမလောက်သုံးစွဲကြလေရဲ့။
ပြီးတော့ ပိုက်ဆံသိန်းငါးဆယ်လောက်ထိရောက်အောင်စုထားတဲ့သူကို မင်းဆီမှာ ပိုက်ဆံဒီလောက်အများကြီးရှိနေတာ ငါ့ကို ငါးရာတစ်ထောင်လေးတောင်ပေးဖို့တွန့်တိုနေတာလားဆိုပြီးအပြစ်သွားပြောနေပြန်တယ်။

ကျနော်လည်းအဲ့ဒီလိုလူတွေကိုပြောချင်တယ်..
#လူကြီးမင်းရဲ့အပြုအမူ၊ အပြောအဆို၊ အနေအထိုင်နဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို မရှက်တက်ဘူးလားလို့.......

moezaw

Sort:  

လူအမျိုးမျိုး စိတ်အထွေထွေ နားလည်ရခက်ပေ

Posted using Partiko Android

ကိုယ့်ဝမ်းနာ ကိုယ်သာသိ မဟုတ်လားဗျာ။

Posted using Partiko Android