အားကျပြီ

in #myanmar6 years ago (edited)

image
အားကျပြီဆိုတော့ စဉ်းစားစရာတွေက ဘာလား
ညာလား?
လားပေါင်းများစွာနဲ့ ဘာကိုအားကျလဲ စိတ်ထဲမှာနေရာယူသွားမှာအမှန်...
အဲ့ဒါဘာလဲဆိုတော့...
စောစောက(ပို့စ် မရေးမီ) Facebookမှာ post တစ်ခုဖတ်ရတယ်။ ကျွန်တော်တို့ခေါင်းဆောင်ကြီး ကိုကချင်ရေးထားတဲ့ ဆောင်းပါး။
ဖတ်ပြီးတော့တော်တော်လေးကို အားကျသွားတယ်။ ငါ့မှာ SPတွေအများကြီးရှိရင်ကောင်းမှာလို့...
ကိုယ့်ကိုကိုယ်ပြန်စဉ်းစားကြည့်တယ်။
ဝယ်ပြီးရင်းနှီးရအောင်လည်း နည်းတဲ့တန်ဖိုးမဟုတ်ဘူး။ ပိုက်ဆံချမ်းသာတဲ့ အသိုက်အမြုံကပေါက်ဖွားလာခဲ့ရင်တော့ spကိုဝယ်ပြီးရင်းနှီးမိမှာအမှန်..
အားတော့မငယ်ပါဘူး၊😁
ခုလည်းငါတို့ sp စုနေကြတာပဲ။ အားတင်းတယ်။့
ဒါပေမယ့် ကိုယ့်လုပ်ရပ်ကိုလည်း စဉ်းစာမိပြန်တယ်။ ကျွန်တော်ဆို proရှိမှစာရေးဖြစ်တာ။ကျန်တဲ့နေ့တွေဆို မရေးဘူး။မတင်ဘူး။ ဘာလို့မရေးလဲ၊မတင်လဲဆိုတော့ ရေးပြီးတင်လိုက်တဲ့post က $ရမှာမဟုတ်ဘူး(စစ်မရောက်ခင်ကတည်းက မြားကုန်နေခဲ့တာ) ။ ညီကိုတွေ botတွေသုံးပြီး postကို $တက်အောင်လုပ်ကြတယ်။အဲ့ဒါတွေကြည့်ပြီးလုပ်မယ်ကြံတော့ ခုတလော အရှုံးပဲပြနေတယ်ဆိုတာ တွေ့နေရတယ်။ မရှိမဲ့ရှိမဲ့ sbd လေးကုန်ပါမယ်ကွာဆိုပြီး ဆက်မလုပ်ရဲတာတော့အမှန်။😁😁😁😁
ရပ်နေရင်တော့ရှေ့ရောက်မှာမဟုတ်ဘူးဆိုတာလည်းသိတယ်။ ကိုယ်နဲ့စလုပ်တဲ့ညီကိုတွေထဲ ကိုယ်ပဲနောက်ကျကျန်ခဲ့တာဆိုလည်း သိနေပြီ။
ခုကစပြီး နောက်ကနေလိုက်လာပါပြီဗျာ...
ကိုကချင်ပြောစကားနားထဲကြားရောင်ရင်းနဲ့...
" Steem ဈေးမတက်မှာ မပူပါနှင့် Steem ဈေးတက်လာသောအချိန်တွင်ကိုယ့်တွင် လုံလောက်သော SP မရှိမှာကိုသာ ပူပါ" ။ တဲ့
နောင်မှ နောင်တမရအောင် ကြိုးစားတော့မယ်ဗျာ...
အောင်မြင်ကြပါစေ...
@kyawthetaung(MSC125)

Sort:  

အားကျတယ်...
Sp အများကြီးရအောင်လုပိမယ်
နည်းလမ်းပေါင်းစုံနဲ့ စဉ်းစားရမယ်။
လေ့လာမယ်၊မှတ်သားမယ်..ဒါပဲလေ