ကျနော်တို့နိုင်ငံမှာ နည်းပညာအနည်းငယ်တိုးတက်လာမှူနှင့်အမျှ ကောင်းကျိုး ဆိုးကျိုးဟုသမျှသည် ဝင်ရောက်လာကြသည်၊
မြို့မှာ နေသောသူအဖို့ ရွာရဲ့အေးချမ်းမှူကို လိုချင်တပ်မက်ကြသည်
ရွာမှာ နေသာသူအဖို့ မြို့၏ပြည့်စုံမှူကို ခံစားချင်ကြသည်
ရတာလို မလိုတာ ရ သလိုပုံစံဖြစ်နေသော ကျနော်တို့လောကမှာ တကယ်တမ်းရခဲ့တာက ခေါင်းထဲကိုရောက်ရှိတဲ့အသိဥာဏ်ပါ
ထိုအသိဥာဏ်သာသောသူက ရှေ့သို့ရောက်ပြီး တိုးတက်ကြသည်၊ လိုချင်တပ်မက်ရုံမှ လွဲပြီး
ရှေ့မဆက်ချင်ကြသောသူအဖို့ တိုးတက်ခြင်းဆိုတာ ဟိုးအဝေးမှာ...မြူမှူန်မျှလောက်တောင် မမြင်ရပေ၊
တောင်တန်းတွေကျော်ဖြတ်ကာ ရောက်ရှိလာတဲ့လေပြေဟာ လူတိုင်းရင်ကိုတော့ အေးစေမှာပါပဲ သို့ပေမယ့် ထိုသို့အေးချမ်းမှူရအောင် ထိုလေပြေလေး တောင်တန်းတွေဖြတ်ခဲ့လို့ပါ၊
ဘယ်အရာအလုပ်ကိုမဆို ပေါ့ပေါ့လေးမတွေးမိစေဘဲ သူနဲ့တန်ရာ ပေးဆပ်ရတာပဲ ဆိုတဲ့အတွေး အမြဲရှိပါစေ ဒါမှသာ အဆင်ပြေလိမ့်မည်ဖြစ်သည်၊
လူသားဆိုသည်မှာ သတ္တ၀ါ ထဲတွင် ဦးနှောက်အသိဥာဏ်အရှိဆုံးဖြစ်သည် ဒါ့အပြင် တီထွင်ကြံဆနိုင်သော သတ္တိ ရှိသည်၊ ထိုသို့သဘာဝတရားအရ အသက်ရှင်နေသော ကျနော်တို့သည် မိမိတွင်ရှိသော အဖိုးတန်ပစ္စည်းများကိုမူ သတိမ မူ ပဲ ရတနာလက်ဝတ်လောက်တင်သာ ရတနာဟု သတိမှတ်လျက်ရှိ၏
အောင်မြင်မှူနောက်ကွယ်မှာ အားထုတ်ခြင်းဆိုတာ ရှိသဖြင့် ဟိုအဝေးကြိုတွေးကာ အလုပ်နေကြသူများမှာ ပေးဆပ်ခဲ့တာ ဒုနဲ့ဒေးဆိုတာ တွေးမိပါစေ၊ သင်ထမင်းစားဖို့အတွက် သွားကလေးတွေ ကြိတ်ပေးရသလို၊ Oxygen ကို ရူရာမှာ မိမိအားထုတ်မှူပါမှသာ အသက်ရူရ သလိုပါ၊
လွယ်လွယ်တွေးတတ်သော ကျနော်တို့လူတွေ၏ အကျင့်တစ်ခုဟာ ကောင်းသောအကျင့်မဟုတ်ပဲ ဆိုးသောအကျင့်ဖြစ်နေပါသည်၊
ပျင်းရိခြင်းဖြင့် လွှမ်းမိုးထားတယ်၊
ကျနော်အပါအဝင် ငပျင်းအဖွဲ့ထဲ ပါပါတယ်၊
ပျင်းရိခြင်းကြောင့် ဘဝပျက်သွားနိုင်သလို ပျင်းရိခြင်းကြောင့် ဖြစ်တဲ့အကျိုးကို ပညာယူပြီး ဘဝတက်နိုင်ပါသည်၊
မိမိကိုယ်ကို အားကိုးပါ သူတစ်ပါးကိုအားကိုးတတ်သော ကျနော်တို့မြန်မာတွေရဲ့ စိတ်တွေကြောင့် တိုးတက်မှူ နှောင့်နှေးနေရတာပါ ဒါလည်းပြောင်းလဲသင့်သော အချက်တစ်ခုအပါအဝင်ဖြစ်ပါသည်၊
ကျနော်ကိုယ်တိုင်ပြုပြင်စရာတွေ ဒုနဲ့ဒေး ရှိနေသေးတော့ မနက်ဖြန်များစွာမှာ ကောင်းသောအကျင့်တွေမွေးရင်း မကောင်းတာတွေ ပြုပြင် ပြီး ရှေ့ဆက်ရအောင်ဗျာ.........
Written by Kyawthuu
Myanmar
good
Hoke
အရေးအသားကောင်းတယ် ထပ်ကြိုးစားနော့
Thanks
Thank for sharing
Thanks
Nice post bro
Thanks
ကောင်းလိုက်တာဗျာ
တစ်ထောင်ကျပ်တန်ငွေစက္ကူလေးဟာ သစ်လွင်နေလို့လဲ သူ့ရဲ့တန်ဖိုးက ၁၀၀၀ ပါ ဟောင်းနွမ်းသွားခဲ့ ရင်လဲ ၁၀၀၀ ပါဘဲ ။ ရောင့်ရဲတတ်ဖို့သာ အရေးကြီးတယ်လို့ ထင်မိတယ် ။ ဘယ်မှာနေနေပေါ့ ကိုယ့်နေရာနင့်ကိုယ့်တန်ဖိုးပေါ့ ။ ဖက်လို့ကောင်းပါတယ် ။
စာများများလေးရေးပါဗျာ အကြောင်းအရာတင်ပြပုံ ကောင်းပါတယ် ချဲ့ ရေးပါ
Hoke
I think you need to write little bit long.
Just advise. Keep Carry On.
စာရေးတာကောင်းပါတယ်ခင်ဗျာ စာတိုနေပါတယ် စာတိုနေပါက promotion တင်ပေးသူများအတွက် promotion တင်ရန်အခက်အခဲရှိပါတယ်ခင်ဗျာ
Hoke bro
စိတ်ကူး အတွေးအရေးလေးတွေ ကောင်းနေသော်လည်း ဆောင်းပါးပီပြင်အောင် စာပိုက်များများရေးသင့်ပါတယ်။ ပရိုမိုးရှင်း တင်သည့်နေရာတွင် နောက်ကျန်နေခဲ့နိုင်သည်။ ပြန်လည် edit လုပ်ပီး စာအကြောင်းအရာများ ထပ်ဖြည့်စေချင်သည်။
Hoke bro
ok fighting.
"ရတာမလို လိုတာမရ"ဟုတ်ဘူးလားဟင်
"ရတာလို လိုတာ မရ"ဖြစ်နေလို့ပါ
Nice writing
Thanks for sharing
good
Good