နယ်မြို့‌ လေးရဲ့‌ဆောင်းတစ်ည

in #myanmar3 years ago (edited)

၀သန်ရာသီ လက်ပြနှုတ်ဆက်သွားလို့ ဟေမာန်ဆောင်းကအစားထိုး၀င်ရောက်လာချိန်...
နယ်မြို့ရဲ့အေးမြမြ အငွေ့အသက်တစ်ချို့က ကျွန်ုပ်တစ်ကိုယ်လုံးကိုစုပ်ယူသွားသလို ခံစားမိလိုက်တယ်...
ဆောင်းဦးလေပြေနုနုရဲ့ ဝေ့ဝိုက်ကျီစယ်မှုကကျောရိုးထဲထိစိမ့်၀င်နေရာယူနေသလို..
ဟေမာန်ရဲ့သရုပ်ပြနှင်းစက်တို့က ပန်းမာန်သစ်ပင်တို့ရဲ့အရွက်၊အပွင့်ထက်မှာခိုအောင်းလျက်ပေါ့...
ရွက်ပွင့်ထက်ကနှင်းစက်တွေပေါ် လရောင်ပြပြကျရောက်အဖော်ပြု‌ လေတော့ တလက်လက်တောက်ပမှုနဲ့အတူ လောကကြီးကိုလက်ပြနှုတ်ဆက်ရှာတယ်...
ညသည် ငြိမ့်ငြိမ့်‌လေးပျံ့လွင့်နေတဲ့ တေးသံလေးမှအပ အေးမြ၍တိတ်ဆိတ်နေ၏....။
ဝေဟင်ကြီးကိုမော့ကြည့်မိတော့ စန္ဒာလ၀န်းကြီးက
ပြုံးပြနေသယောင်ယောင်။
ဆောင်းညရဲ့အေးစိမ့်နေတဲ့၀န်းကျင်၊ဆူညံမှုတွေကင်းမဲ့နေတဲ့တိတ်ဆိတ်တဲ့ဇုန်၊ကမ္ဘာ‌ မြေပေါ်ကျရောက်နေတဲ့လရောင်နုနု....တလက်လက်တောက်ပနေတဲ့နှင်းစက်လေးတွေ...အို...ပနံရလိုက်လေခြင်း၊လှပလိုက်‌လေခြင်း...။
ဒီတစ်ညတော့ လှပလွန်းတဲ့‌ ဆောင်းညရဲ့အလှတရားဆီမှာအကျွန်ုပ်တစ်‌ယောက် ရုန်းမထွက်နိုင်လောက်အောင်ကို နယ်ကျွံလျက်ပေါ့။
နွေဦးသစ်(မာရိတ်မြေ)
@kyawthuyein

FB_IMG_1638851730624.jpg

Sort:  

တော်တော်အေးနေပြီလား
မမတို့ဆီမှာတော့ ခုထိအနွေးထည် ဝတ်ရသေးဘူး!LOLZ

I saw 4 guys beating up 1 guy so i stopped to help.
He had no chance against all 5 of us.

@kyawthuyein, I sent you an $LOLZ on behalf of @mamamyanmar
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/1)

Congratulations @kyawthuyein! You received a personal badge!

Happy Hive Birthday! You are on the Hive blockchain for 4 years!

You can view your badges on your board and compare yourself to others in the Ranking

Check out the last post from @hivebuzz:

PUD - PUH - PUM - It's all about to Power Up!
Christmas Challenge - 1000 Hive Power Delegation Winner
Support the HiveBuzz project. Vote for our proposal!