ခ‌လေးတစ်‌‌ယောက်‌လို

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။
လူအချင်းချင်း‌ပေါင်းသင်းဆက်‌ဆံ‌ရေး‌တွေမှာ စိတ်‌ထိန်းချုပ်‌တတ်‌ဘို့ အ‌ရေကြီးပါတယ်‌။ အ‌သေးအဖွဲ‌လေးကအစ စိတ်‌တိုတတ်‌ရင်‌၊ဖွင့်‌ဟပြီး ‌ပေါ်လွင်‌‌အောင်‌‌နေတတ်‌ရင်‌ သိပ်‌မ‌ကောင်းလှပါဘူး။ လူတစ်‌‌ယောက်‌ရဲ့စိတ်‌‌နေစိတ်‌ထားဟာ ပုံမှန်‌‌ပေါင်းသင်းတဲ့ထက်‌ မိတ်‌‌ဆွေအ‌ခြေအ‌နေထက်‌ သူ့မိသားစုမှာ ဘယ်‌လိုပြုမူ‌နေထိုင်‌လဲဆိုတာ ကြည့်‌ရင်‌သိနိုင်‌ပါတယ်‌။ ဒါ‌ကြောင့်‌‌ပြောကြတာ၊အနီးကပ်‌‌ပေါင်းကြည့်‌ရင်‌သိတယ်‌။
ချိုမြိန်‌တဲ့အသီးစား‌နေရတဲ့အချိန်‌မှာ ခါးသက်‌တဲ့အရသာ‌တွေ မဖြစ်‌‌ပေါ်‌စေသင့်‌ပါဘူး။ တစ်‌ချို့မိသားစု‌တွေမှာ အမြဲတမ်းပူညံပူညံဖြစ်‌‌နေတာဟာ ပုံကြီးချဲ့တတ်‌တဲ့အကျင့်‌‌ကြောင့်‌ပါ။‌နောက်‌ပြီးလူ့သဘာဝက လုပ်‌စရှိရင်‌ ထိုအလုပ်‌ကို လုပ်‌တဲ့အ‌လေ့အထရှိတယ်‌။ အ‌သေးအဖွဲကအစ စိတ်‌တိုတတ်‌ရင်‌ တစ်‌ခုခုဆိုစိတ်‌တိုချင်‌‌နေပြီ၊စိတ်‌ပူတတ်‌ရင်‌လည်း ဘာမဟုတ်‌တာ‌လေးကအစ စိတ်‌ပူ‌နေတတ်‌ကြတယ်‌။ ဘာနဲ့ဆိုင်‌သလဲဆို‌တော့ စိတ်‌‌နေသ‌ဘောထားနဲ့‌နေ့စဉ်‌‌နေထိုင်‌မှုပုံစံနဲ့ဆိုင်‌တယ်‌။

FB_IMG_1524969996037.jpg

crd.org.source

အချို့မိဘ‌တွေ‌တွေ့ဖူးတယ်‌။ သားသမီး‌တွေကို တရားလွန်‌ချစ်‌ပြပြီး၊တရားလွန်‌ဆုံးမတတ်‌ကြတယ်‌။ သူစိတ်‌ကြည်‌ရင်‌တစ်‌မျိုး ၊စိတ်‌မကြည်‌ရင်‌တစ်‌မျိုးဆက်‌ဆံတတ်‌ကြတယ်‌။ Balanceမညီဘူး‌ပေါ့၊။တကယ်‌တမ်းက လတ်‌တ‌လောဖြစ်‌‌ပေါ်တဲ့စိတ်‌ခံစားမှုကို မထိန်းချုပ်‌တတ်‌တာ‌ကြောင့်‌၊ထိန်းချုပ်‌‌လေ့မရှိတာ‌ကြောင့်‌ လက်‌ရှိအ‌ခြေအ‌နေ‌ကောင်းကို ဖျက်‌ဆီးမိတတ်‌ကြတယ်‌။ ပြီးမှ‌နောင်‌တရတတ်‌ကြတယ်‌၊ မ‌ပြောလိုက်‌ရရင်‌‌ကောင်းသား မဆူလိုက်‌ရရင်‌‌ကောင်းသားလို့ ‌တွေ့မိတတ်‌ကြတယ်‌။ ‌နောက်‌တစ်‌ခါကြ ဆင်‌ခြင်‌လားဆို‌တော့ မဆင်‌ခြင်‌ပါဘူး၊ ‌ပြောစရာရှိပတ်‌ခနဲ့‌ပြောလိုက်‌ရမှလို့‌တာင်‌ ဂုဏ်‌ယူစွာ‌ပြောဆိုတတ်‌ကြ‌သေးတယ်‌။ ကြာရှည်‌စွဲမြဲလာတဲ့အ‌လေ့အကျင့်‌တစ်‌ခုဟာ ပြုပြင်‌ဘို့က သိပ်‌မလွယ်‌ပါဘူး။ ဒါ‌ကြောင့်‌မ‌ကောင်းတဲ့ဘယ်‌အရာမဆို နည်းနည်းမှမ‌ကောင်းပါဘူး။ ‌နောက်‌တစ်‌ခါလုပ်‌ဘို့ အကျင့်‌ပါတတ်‌လို့ပါ။ အ‌လေ့အကျင့်‌စွဲသွားရင်‌ ‌ဖျောက်‌ဖြတ်‌ဘို့ ခဲယဉ်းပါတယ်‌။ ဗျစ်‌‌တောက်‌ဗျစ်‌‌တောက်‌သမားက ‌ပြောရမှာ သူ့အလုပ်‌လိုကိုဖြစ်‌သွားတာ။ အချို့ဌာနဆိုင်‌ရာလူကြီး‌တွေ အလုပ်‌စတက်‌ပြီဆိုတာနဲ့ ဆူပူကြိမ်း‌မောင်းသံ ‌ဒေါသသံ‌တွေနဲ့ အလုပ်‌ကိုစတင်‌‌လေ့ရှိကြတယ်‌။ ပိုဆိုးတာက တစ်‌ခုဖြစ်‌တာနဲ့အကုန်‌ပတ်‌ရန်းတတ်‌တာကပိုဆိုး။ သူစိတ်‌တိုတာကလည်း တစ်‌‌နေ့တစ်‌မျိုး မရိုးရဘူး။အစည်းအ‌ဝေးပွဲတိုင်းမှာ သူ့‌ဒေါသသံတီးလုံးက ‌နောက်‌ခံတီးလုံးအဖြစ်‌ အမြဲပါစတမ်း။ တကယ်‌တမ်း မရှက်‌တတ်‌ကြတာ၊ ငါ‌ပြောချင်‌သလို ‌ပြောလို့ရတယ်‌ ၊ငါဆူပူချင်‌သလို ဆူပူလို့ရတယ်‌ဆိုပြီး ခ‌လေးတစ်‌‌ယောက်‌လို စိတ်‌ကိုအထိန်းအချုပ်‌မရှိ လွှတ်‌ထားတဲ့သ‌ဘောဖြစ်‌‌နေတာ။

images (8).jpeg

crd.org.source

စိတ်‌ရင့်‌ကျက်‌တယ်‌ဆိုတာ ထိန်းချူပ်‌နိုင်‌စွမ်း မြင့်‌မားလာတာကို ‌ပြောခြင်းဖြစ်‌ပါတယ်‌။ ထိန်းချုပ်‌တဲ့အ‌လေ့အကျင့်‌ မရှိရင်‌ စိတ်‌ရင့်‌ကျက်‌လာဘို့ဆိုတာ မဖြစ်‌နိုင်‌ပါဘူး။ လူကြီးလာတိုင်း စိတ်‌ရင့်‌ကျက်‌မလာပါဘူး။ ဒါ‌ကြောင့်‌ တစ်‌ချို့အာဏာရူး‌တွေ အလုပ်‌ကထွက်‌တာနဲ့မ‌နေတတ်‌‌တော့ဘူး။ ဒီလိုဘဲမိတ်‌‌ဆွေ‌တွေဆက်‌ဆံ‌ရေးဖြစ်‌ဖြစ်‌ သူငယ်‌ချင်းဘဲဖြစ်‌ဖြစ်‌ အ‌သေးအဖွဲပြဿနာ‌လေး‌တွေကို သည်းခံနိုင်‌ရမယ်‌၊ပုံကြီးချဲ့ပြီးစိတ်‌‌ဒေါသ မဖြစ်‌သင့်‌ဘူး။သည်းခံတဲ့စွမ်းရည်‌ဆိုတာကလည်း သည်းခံ‌လေ့ရှိမှ တိုးတက်‌လာမှာပါ။ ကိုယ့်‌မိသားစုမှာလည်း ‌ငါ‌ပြောချင်‌သလို ‌ပြောလို့ရတယ်‌၊ ငါလုပ်‌ချင်‌သလို လုပ်‌လို့ရတယ်‌ဆိုပြီး စိတ်‌အထိန်းချုပ်‌မဲ့ မဆက်‌ဆံသင့်‌ပါဘူး။ အချို့ရှိတယ်‌၊ တစ်‌ခြားသူ‌တွေအ‌ပေါ်ကြ‌ကောင်းပြီး ကိုယ့်‌မိသားစုအ‌ပေါ်ကြ မ‌ကောင်းတတ်‌ကြဘူး။ အပြင်‌မှာကြ လူတကာကို‌ခေါင်းလျှိုဆက်‌ဆံပြီး အိမ်‌‌ရောက်‌ရင်‌‌သောင်းကျန်းတတ်‌ကြတယ်‌။ အရက်‌သမား‌တွေ‌တော်‌‌တော်‌များများ ဖြစ်‌‌လေ့ရှိတယ်‌။ လူဆိုတဲ့သ‌ဘောက လုပ်‌လို့ရရင်‌လုပ်‌တယ်‌၊လုပ်‌လို့မရရင်‌ မလုပ်‌ပါဘူး။
အသက်‌ကြီးလာတာနဲ့အမျှ ကိုယ့်‌စိတ်‌ခံစားမှု ဒီအတိုင်းလွှတ်‌မထားသင့်‌ပါဘူး။ ‌ပြောဆို‌ပေါင်းသင်းဆက်‌ဆံ‌ရေးတင်‌မကဘဲ ဘဝ‌နေထိုင်‌မှု ‌တွေး‌တောမှု‌တွေမှာလည်း စိတ်‌ခံစားမှုကို controlလုပ်‌တဲ့အကျင့်‌ လုပ်‌ထားသင့်‌ပါတယ်‌။ လူ‌တော်‌‌တော်‌များများက လူကြီးဖြစ်‌‌ပေမယ့်‌လည်း ခ‌လေးတစ်‌‌ယောက်‌လို ပြုမူ‌နေထိုင်‌ကြတုန်းပါဘဲ။ ‌ပျော်‌စရာရှိရင်‌‌ပျော်‌လိုက်‌မယ်‌စိတ်‌ဆိုးစရာရှိရင်‌ အထိန်းချုပ်‌မဲ့စိတ်‌ဆိုးလိုက်‌မယ်‌။ လက်‌ရှိအ‌ခြေအ‌နေကို အ‌ကောင်းဆုံးဖြစ်‌‌အောင်‌ မဖြတ်‌သန်းဘဲ ဖြစ်‌ချင်‌တာလုပ်‌ချင်‌တာကို စည်းလွတ်‌ဝါးလွတ်‌ လုပ်‌‌ဆောင်‌ကြတယ်‌။ ဘာဖြစ်‌လာလဲ ဆို‌တော့သူ့‌ကြောင့်‌ သူ့ပတ်‌ဝန်းကျင်‌ကသူ‌တွေ၊ မိတ်‌‌ဆွေ‌တွေ ၊သူ့မိသားစုဝင်‌‌တွေ စိတ်‌ချမ်း‌မြေ့မှု‌တွေ‌လျော့ပါး‌စေပါတယ်‌။ စိတ်‌အ‌နှောက်‌အယှက်‌ဖြစ်‌‌စေတာ‌ပေါ့။ ကျွန်‌‌တော်‌တို့ဟာ ကိုယ်‌ချစ်‌တဲ့မိသားစုဝင်‌‌တွေ၊ကိုယ့်‌သူငယ်‌ချင်း‌တွေ ကိုယ့်‌‌ကြောင့်‌ စိတ်‌အ‌နှောက်‌အယှက်‌မဖြစ်‌‌အောင်‌ အ‌သေးအဖွဲကိစ္စကအစ သတိထား ‌နေထိုင်‌သင့်‌ပါတယ်‌။ အဓိက က စိတ်‌ခံစားမှုအပိုင်းကို ထိန်းထိန်းသိမ်းသိမ်း‌နေထိုင်‌နိုင်‌ရင်‌ အားလုံးအဆင်‌‌ပြေ‌စေပါတယ်‌။ မိတ်‌‌ဆွေတို့လည်း ကျွန်‌‌တော်‌‌ပေးချင်‌တဲ့ message‌လေး သတိထားပါလို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

လုပ်​ပြီးမှ​နောင်​တရတာထက်​၊စိတ်​ခံစားမှုကိုထိန်းသိမ်းနိုင်​ဖို့​လေ့ကျင့်​သင့်​တာ​ပေါ့​နော့....

Posted using Partiko Android

‌လေ့ကျင့်‌ရင်‌ တိုးတတ်‌‌စေပါတယ်‌။အဓိက က ကိုယ်‌ ဖြစ်‌‌နေတာ သိဘို့အ‌ရေးကြီးတယ်‌။‌ကျေးဇူးပါညီမ။

လျှပ်တပျက်ထိန်းချုပ်လို့မရသောအရာ

‌ရှေ့စိတ်‌ကို‌နောက်‌စိတ်‌က လိုက်‌သိရင်းနဲ့ ထိန်းချုပ်‌ဘို့ တဖြည်း ဖြည်း တိုးတက်‌လာပါတယ်‌။‌ကျေးဇူးပါအန်‌တီ။

စိတ်အစဉ်ထိန်းချုပ်ဖို့မလွယ်ကြပါ

နိုင်‌သ‌လောက်‌က စ လုပ်‌ရင်‌ အကျိုးတစ်‌ခု‌တော့ ခံစားရမှာပါအန်‌တီ။

ခလေးတယောက်လိုနေတာပဲကောင်းဘာဒေ

ဟားး ! မိန်းမယူ‌တော့ ဘူး‌ပေါ့။

Keep Your mindset to be good😁

Posted using Partiko Android

Thank bro.

အမှတ်တမဲ့တွေ လုပ်မိတာ ဖြစ်သွားတာတော့ ရှိတယ်

Posted using Partiko Android

ဟုတ်‌တယ်‌ကို‌စော ၊ကျွန်‌‌တော်‌တို့လည်း ဖြစ်‌တာဘဲ။

Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemFest3 and SteemitBoard - Meet the Steemians Contest

Support SteemitBoard's project! Vote for its witness and get one more award!

Train Your Mind.

ဟုတ်‌ကဲ့ပါဦးစိုး။

ခံစားမှုကို ထိန်းသိမ်းထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ ဒါကေမဲ့ တစ်ချို့တွေက ပေါက်ကွဲလိုက်ရမှ နေသာထိုင်သာရှိတယ်

Posted using Partiko Android

ဟုတ်‌ကဲ့ မတ်‌မတ်စု၊‌ကျေးဇူးပါ။

You got a 3.64% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

ခ​လေးတစ်​​ယောက်​လို ​ပေါ့​ပေါ့ပါးပါး​လေး​နေချင်​တယ်​ 😊

Posted using Partiko Android

အားတဲ့အချိန်လေး ဝင်ဖတ်ပီး အားပေးခဲ့ပါတယ် ကိုမဟော်ရေ။