No Plan လူသားများ (or) Myanmar
No Plan ဟူသည် အစီအစဉ်မရှိ၊ စီမံချက်မရှိ၊ စီမံကိန်းမရှိသည့်သူများကိုသာ ရွေးချယ်ပြောလိုရင်းဖြစ် ပါသည်။မြန်မာတွေ အားလုံး No Plan ဟုမဆိုလိုပါ။ အများစုဟုတော့ဆိုနိုင်လိမ့်မည်ထင်ပါသည်။ တရုတ်လူမျိုး တို့သည် သန္ဓေဘဝကပင် အလုပ်လုပ်ဖို့အစီအစဉ်တွေရှိကြသည်ဟုတင်စားပြောဆိုကြသည်။ နောက်တစ်ချက်မှာ သားများကို ဆုံးမသွန်သင်ကြသည့်အခါ မိန်းမယူရင်လှဖို့မလိုဘူး၊ အလုပ်လုပ်ဖို့သာလိုတယ်ဟုဆိုဆုံး မတတ်ကြ သည်။ မြန်မာတွေကတော့ အချစ်ပါမှအိမ်ထောင်ပြုတာကိုမှန်သည်ဟုထင်ကြသည်။ သို့သော်ချစ်လှပါသည် ဆိုသော သူများ ထမင်း ငတ်ကြသောအခါ စလယ်ဝင် ဖင်မမဲခင်ကွဲတတ်ကြလေသည်။
မြန်မာအိမ်ထောင်စုတစ်ခုတွင် တစ်ယောက်လောက်အလုပ်လုပ်နေပြီး ၅ ယောက်လောက်မှီခိုစားသောက် နေသော မိသားစုအများအပြားတွေ့ဖူးပါသည်။ ဆယ်တန်းကျောင်းသူတစ်ဦးကို ကျောင်းပြီးရင်ဘာ လုပ်မလဲဟု မေးသောအခါ အမေ့ကိုမေးပါလားဟု ဖြေသူများကိုလည်းကြုံခဲ့ဖူးပါသည်။
ဟိုတစ်နေ့ကတွေ့ခဲ့ရသည့် သားအဖနှစ်ယောက်ဆိုလျှင် မိမိထမင်းစားဖို့ပင် Plan မရှိ။ ယခင်က သမီးနှင့် အမေက စားစရာထမင်းဟင်းကို အမြဲအဆင့်သင့်ချက်ပြုတ်ထားတတ်ရာ သမီးကဆေးရုံတက်ရပြီး အမေလုပ် သူက ဆေးရုံစောင့်ရသည့်အခါ ကျန်ခဲ့သူသားအဖမှာ ည ၉း၃၀ နာရီတွင် ထမင်းစားရန် ထမင်းအိုး ကိုထ လှန်ကြည့်မှထမင်းမရှိလို့ထမင်းငတ်ရသည့် အဖြစ်ကိုကြုံရသည်လည်းရှိလေသည်။
ရွာကညီမ ဖြစ်သူတစ်ယောက်အား နင်ချမ်းသာအောင်မလုပ်ချင်ဘူလားဟုမေးကြည့်သောအခါ မရှိအေး အေး ရှိအေးအေးပဲနေချင်တယ်ဟု ဖြေလေသည်။အိမ်ထောင်ပြုလျှင် မိဘများက လယ်တစ်ဧက၊ နွားတစ်လျဉ်း၊ ရွှေတစ်ဆင်စာလက်ဖွဲ့လိမ့်မည်ဟု အပိုင်တွက်ထားသည်။ လယ်သမားတွေ စပါးဈေးမကောင်းလို့ နှစ်ပတ် လည်ထမင်းစားဖို့တောင်အနိုင်နိုင်ရုန်းကန်နေရပြီး သူ့မိဘမှာကြွေးတင်နေတာကိုပင် သိလျက်နဲ့ထည့်တွက်မထား ပေ။ မိရိုးဖလာလယ်ယာလုပ်ငန်းကိုမည်သို့ချဲ့ထွင်တိုးတက်လာအောင်ကြံဆောင်ကြမလဲဟုတွေးကြည့်ဖို့နေနေသာ သာ နှစ်လုံးသုံးလုံးထိုးခြင်းကသာ ဘဝလွတ်မြောက်ရေးသဖွယ် ကျိုးစားအားထုတ်၍ ထိုနေကြလေသည်။ “ဒီနေ့ဘာဂဏန်းကောင်းသလဲ” “ဘာထွက်သွားလဲ”ဆိုသောစကားတွေကိုသာ ကျေးရွာအနှံ၊ရပ်ကွက်အနှံ မကြား ချင်အဆုံး၊ အမြင်ချင်အဆုံး ကြားရ၊သိရ၊မြင်ရပါလေမည်။ ရွာမှမိမိ၏ညီ တစ်ဝမ်းကွဲများဆိုလျှင်လည်း အရက် သမားဘဝကိုခံယူကာ ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် တစ်ယောက်ပြီးတစ်ယောက်သေပွဲဝင်ကုန်ကြလေပြီ။
ဤကဲ့သို့သော ပေါ့ပေါ့နေပေါ့ပေါ့စား မြန်မာများဖြင့် ခေတ်မီတိုးတက်သောနိုင်ငံတော်သစ်ကြီး ထူထောင် နေသည်ဆိုသည်မှာ အလွန်တရာရယ်မောဖွယ်ကောင်းလှပေသည်။အလုပ်လုပ်လျှင်ပိုက်ဆံရလိမ့်မည်ဆိုသည် ရိုးရှင်းသောသောသဘောတရားထက် အချောင်ရနိုင်မည့်နည်းလမ်းများကိုသာရှာဖွေနေထိုင်တတ်ကြသည်။
ထို့အပြင်နိုင်ငံသူနိုင်ငံသားတွေသာမဟုတ် အစိုးအုပ်ချုပ်ရေးယန္တယားကလည်း ညံ့ဖျင်းလှသည်။ သည် အကြောင်းကို ဂျပန်နိုင်ငံထုတ် The Diplomat မဂ္ဂဇင်းတွင် ယေးလ်တက္ကသိုလ်ကြီးမှာ နိုင်ငံတကာနှင့် စီးပွားဖွံ့ဖြိုးမှု မာစတာဘွဲ့ရရှိခဲ့တဲ့ ဆောင်းပါးရှင် Tej Parikh က “လွန်စွာခေတ်နောက်ကျနေပြီဖြစ်သော အုပ်ချုပ် ရေးယန္တယားကို ပြုပြင်ပြောင်းလဲခြင်းမရှိပဲ မြန်မာသည် ရှေ့သို့မြန်မြန်ဆန်ဆန်ရွေ့လျားနိုင်မည်မဟုတ်” ဟုရေး သားခဲ့ပါသည်။
မကြာသေးမီက ပိုက်ဆံအိတ်ကိုခါးကြားထိုး၍သွားနေသူထံမှပိုက်ဆံအိတ်အား ဆိုင်ကယ်သမားနှစ်ဦးက နောက်မှလိုက်လာပြီးလုယူသွားသည့်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။ ဓမ္မရုံတစ်ခုမှအလှူခံပုံဖေါက်ယူမှုတစ်ခုဖြစ် ပွားခဲ့သည်။ရဲဖမ်းမိသည်ဟုမကြားမပါ။ ဂျပန်နိုင်ငံတွင် မိမိကျကျန်ခဲ့သော ပစ္စည်းကိုပင် နောက်တစ်လနေမှပြန်ရှာ လျှင် ၉၉% ပြန်ရနိုင်သည်ဆိုသည်နှင့် အုပ်ချုပ်ရေး၊ယန္တယားနှင့် အကျင့်စာရိတ္တပျက်ပြားလွန်မှုကို မြင်နိုင်လိမ့် မည်ထင်ပါသည်။
မြန်မာပြည်က ရဲသည် ဖြစ်ပြီးသည်မှုခင်းကိုသာ မဖော်ထုတ်ပေးနိုင်သည်မဟုတ် ဖြစ်လတ္တံဖြစ်ဆဲမှုခင်းများ အတွက် ဖုန်းဆက်ခေါ်လျှင်ပင် ရောက်လာဖို့မသေချာသော အခြေအနေမျိုးတွင်ရှိနေပါသည်။ သြော်...ဘယ်ဘဝက မကောင်းကံတွေပါလာလို့ဒီလိုခေတ်နဲ့ကြုံနေရပါလိမ့်။စိတ်ပျက်စရာ။
မင်းစိုးနိုင်
MSC -010
Photo –Google
ကိုမင်း လက်ဖြောင့်လှချေလား၊ တိုက်ရိုက်ကိုထိတော့တာပဲ။ အဲဒီအကျင့်တွေမပြောင်းမချင်းတိုးတက်ဖို့ဘယ်လောက်အော်အော်မဖြစ်နိုင်ပါ။ ကျွန်တော်ဆယ်တန်းကလေးတွေကိုမေးပါတယ်၊ အောင်ရင်ဘာလုပ်မှာလဲဆိုတော့ အဖြေအသင့်မရှိဘူး။
ပန်းတိုင်လည်းမရှိ။ Plan လည်းမရှိ ။ဒါတွေကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးဖို့လိုနေပြီထင်တာပဲ ဆရာတင်ရေ။
အချောင်စိတ်ဓာတ်တွေများလှတယ်
ငယ်ငယ်ထဲကလေ့ကျင့်ယူရတော့မလားမသိပါဘူးဗျာ
ကျွန်တော်တို့လည်း plan ဆွဲပြီး အော်သင့်တယ်ပြီ ထင်တယ်
အော်
Fail to plan is plan to fail.
Fail to no plan
အမှန်တွေပါပဲရှင်။
နေရာတိုင်းမှာလေ
ရေမြေသဘာဝသယံဇာတပေါကြွယ်ချမ်းသာသောနိုင်ငံပါမိဘလမ်းပြမှုလိုအပ်သောသားသမီးဖြစ်နေရတော့တို့တတွေကံကောင်းကြပါစေလို့ဆုတောင်းရအုးံမယ်မင်းစိုးနိုင်
ဆန်ရေစပါးများလည်းများ၏။များပါလေလည်းတမွဲမွဲနှင့်ဆိုတဲ့ ကဗျာကမှန်လို့မဆုံးနိုင်ဘူး
မင်းစိုးနိုင် ချီတာကကြောင်ပီးဘာလုပ်လာလဲသူlinkကိုကြည့်လိုက်ပါအမစာအသေအချာရေးထားတာပါမိခင်ကြီးကိုကျေးဇူးဆပ်တဲ့စာပါ
Cheetah လို့မပြောတော့ ဘာပြောပါလိမ့်ပေါ့။ Cheetah ကခဏခဏဒီလိုဖြစ်နေတယ်။ Admin တွေပြန်စဉ်းစားသင့်တဲ့အချက်တွေပါ Chat Group မှာတော့ပြောထားလိုက်ပြီ
ကွီးက ရဲမြညွန့်အဖွဲ့ကိုစောင်းရေးတာလားဗျာ။
မဟုတ်ပါဘူးဗျာ အားလုံးကို ဒဲ့ပဲပြောတတ်တာပါ
ရွှေပြည်တော် ကတော့ တော်တော်နဲ့ရောက်နိုင်ဦးမယ် မထင်ဘူး။
သွားဖို့ကို Plan မရှိတာ အများစုက
Planမရှိအကျင့်ပျက်တော့ ကြာရင် နိုင်ငံပါပျက်တော့မယ်ထင်တယ်နော်ဆရာ။
အခုခေတ် မြန်မာတွေက လောင်းကစားနဲ့ဂိမ်းဘက်ကို အားများနေသလားလို့
လူငယ်တွေဆိုရင် ဂိမ်းဆော့တာမှာ ဆေးစွဲသလိုကိုဖြစ်နေကြပြီ။
ဃုအချိန်အထိ ၂ လုံး ၃ လုံးမပျောက်သေးဘူး
စည်းစနစ်မရှိခြင်းရဲ့ ဆိုးကျိုးတွေပါဘဲ
ဘာမှကိုမတတ်နိုင်တောပါဘူး
မရှိအေးအေး ရှိအေးအေး ဆိုတော့လည်း ဆရာပြောတဲ့ no plan
အမှန်တော့အခက်အခဲပြဿနာတွေကြောက်ကြတာလားမသိပါဘူး၊ ရင်မဆိုင်ချင်ကြဘူးလေ
မြန်မာပြည်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကတော့ ရင်လေးစရာကြီးပါ။
အဲ့ဒါပြောချင်တာပဲဗျာ
ကိုယ်ကိုယ်တိုင်တောင်ဘာplanမှမရှိဘဲ
ထိုင်းက ကလေးတွေဂူထဲကပြန်ထုတ်လာဖို့
နားလည်တတ်ကျွမ်းတဲ့သူတွေplanတွေဆွဲနေတာ
ကိုမြန်မာတွေကထိုင်ဝေဖန်နေကြတယ်
ဝေဖန်ရေးမှာတော့planမလိုအောင်တော်သောမြန်မာတွေပါပဲဗျာ
Facebook ပေါ်မှာ လူသိလူတတ်မြန်မာတွေ အများကြီး ၊ခက်တာက စာရေးတတ်ဖတ်တတ်ရုံနဲ့ သုံးကြတဲ့လူတွေကများတော့လည်း
ဟုတ်ပ ကိုကြီးစိုးရေ တိုင်းပြည်က အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေပါပီဗျာ။
စာတွေရေးပြီးအကြိမ်ကြိမ်တင်ပြနေလည်းဖတ်ကြပါဘူးဗျာ ။
ဘယ်လိုပြောရမလဲဗျာ ကျွန်တော်လဲ no plan ပါ
ဘုန်းကြီးသာဝတ်လိုက်
ကျောင်းဆောက် ကားဝယ် ပစ္စည်းလိုတာ အကုန်ပြန်ဖြည့် တစ်လနေ သိန်းတစ်ထောင်ကပ်လို့ကတော့ အပြေးလေးပေါ့ဗျာ ခက်တာက အဲ့လိုဒကာ ငါးယောက်လောက်လိုချင်တာ တစ်ယောက်မှ မရှိလို့ ဝတ်ဖူး
အမှန်တွေပါ ဦး
အမှန်အကန်တွေပါပဲဘဒို
နယ်မှာ သူများ ဓားကိုင်သောင်းကျန်းနေရင်တောင်
နီးရာဓားပဲ အရင်ကြောက်နေရတာ
ရဲက ဇာတ်ကားထဲကလိုပဲ ဖြစ်ပြီးမှ ရောက်တာ။
ရှေးခေတ်ကလို ဓားလွတ်တွေလွယ်ပြီးသွားရလာရမလိုပဲ
ရွှေ ပြည်တော်ရယ် မျှော် လေတိုင်းဝေး😊