ကျွန်တော် နှင့် MSC - အပိုင်း 3

in #myanmar6 years ago (edited)

received_1951452655181713.png

Steemit မှညီအစ်ကိုမောင်နှမ များအားလုံး မင်္ဂလာပါခင်ဗျာ။ကကျွန်တော်က @myatthuaung ( MSC - 032 ) ပါ ။အခု ရေးသားမှာကတော့ ကျွန်တော် နှင့် MSC- 3 ပဲ ဖြစ်ပါတယ်။အရင် တစ်ပါတ်က ရေးခဲ့ရာမှာ steemit က ညီအစ်ကို မောင်နှမတွေ power up ကြမဲ့ အကြောင်း ရေးခဲ့ပါတယ်။

ကျွန်တော်လည်း 2 steem ကို power up ခဲ့ပါတယ်။ ကျန်တဲ့ sbdကိုတော့ bot သုံးဖို့ ချန်ထားသေးတယ်ဗျ။ဈေးတွေကျနေတဲ့ အတွက် ခုထိတော့ မသုံးရသေးပါဘူး။

အခု တစ်ပါတ်မှာတော့ steemit က ကျွန်တော်အားကျရတဲ့သူတွေ အကြောင်း ရေးချင်ပါတယ်။ပထမဦးဆုံး အားကျမိတာက steemit ရွာက ရွာသူကြီးရဲ့ သား ကိုသက် @thatkozaw ဗျ ။သူက သူကြီးသား ဆိုတော့ သိတဲ့ အတိုင်း ရွာ ရိုးကိုးပေါက် လျှောက်လည်နေတာ ။

မနေ့ကပဲ facebook မှာ တင်ထားတာတွေ့လိုက်ပါ သေးတယ် ။ ကို ဒိုမီ တို့ မ ပြည့်စုံ ခင်ခင် တို့ နဲ့ တွေ့ပြီး Fb မှာ တင်ထားတာဗျ။

MSC မှာက မြန်မာနိုင်ငံ အနှံက လူတွေ ပါဝင်နေကြတာဆိုတော့ ရှေးလူကြီး တွေ ဆုံမခဲ့တဲ့ တစ်ရွာတစ် ကျည် ဆောက်ပါ ဆိုတဲ့ ဆုံးမ စကားအတိုင်း လိုက်နာပြီး မိတ်ဆွေဖွဲ့ဖို့ က မခဲရင်းဘူးရယ်။

songbirds.jpg
ကျွန်တော် မှတ်မိသလောက် MSC ရွာရိုးတစ်လျှောက် ကိုသက် သွားခဲ့တဲ့ နေရာတွေက အနည်းမနောဗျ။ကျွန်တော် တစ် ခုချင်း ပြန်စဉ်းစားပြီး ရေးကြည့်လိုက်မယ်။ မှာတာတွေ လည်း ပြင်ပေးပါဗျ။

သူပထမဦးဆုံးတွေ့တာက ဘကြီးတင်နဲ့ ဗျ ။ ကားဂိတ်တစ်ခုမှာ ရိုက်ပြီးတင်ထားတာ ။ အဲဒီလို ဆုံတွေ့နိုင် တယ် ဆိုတာက တစ်ကယ်လည်း ဂုဏ်ယူ ဝမ်းမြောက်ဖို့ ကောင်းပါတယ်။ Steemit မရှိခင် က ဘာမှ မသိခဲ့ မတွေ့ဆုံ ခဲ့ကြဖူးတဲ့ သူတွေ။ steemit ကို ဆရာ ဟင်နရီက ချပြခဲ့ လက်တွဲခေါ်ခဲ့ပြီး နောက်ပိုင်း ညီအစ်ကို မောင်နှမတွေ ဖြစ်ကြ။

သားအဖတွေ ဖြစ်ကြနဲ့ဗျ။ ဘကြီးတင်နဲ့ ကိုသက်နဲ့ က အဲဒီတွေ့ဆုံမှု ပြီးကတည်းက သားအဖတွေ ဖြစ်သွားကြတယ် ထင်ပါတယ်။ တကယ် ဝမ်းသာပါတယ်ဗျ။
ပြီးတော့ သူတွေ့ဆုံခဲ့တဲ့ နောက်တစ်ယောက်က ထိုင်းမှာ နေတဲ့ ကိုသာအေးဗျ။အရင်က fb ဟာ နိုင်ငံ တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် တတိယ အကြီးဆုံး နိုင်ငံ ဖြစ်မယ် ဘာညာ ကြားခဲ့ဖူးပါတယ်။အခုတော့ ဘယ်လောက် ကျယ်ဝန်းနေပြီလဲ မပြောတတ်ပါဘူး။

Steemit ရဲ့ နယ်ပယ်ခွဲတစ်ခု ဖြစ်တဲ့ MSC ရွာကြီးကလည်း အတော် ကျယ်ဝန်းလာပါပြီဗျ။အဲတော့ MSC ရွာကြီးကို နှံ့အောင် လည်မယ် ဆိုရင် ထိုင်းက ကိုသာအေး တို့ စင်ကာပူ က ဆရာ ဟင်နရီတို့ အထိ လည်နိုင်မှ နှံ့စပ်မှာပါ။ အဲတာကြောင့် MSC ရွာကြီးဟာလည်း အတော်ကျယ်ပြန့် လာပါပြီလို့ပြောချင်တာပါ။

နောက် ကိုသက်သွားလည်ခဲ့တဲ့ နေရာတစ်ခုက ရန်ကုန်ဗျ။ ကိုအတာဦးနဲ့ တွေ့ဆုံခဲ့တာကို FB မှာ တင်ထား တာတွေ့ခဲ့ရပါတယ်။အဲဒါကတော့ ဘီယာဆိုင်မှာဗျ။ကိုသက် အကြိုက်ပေါ့ ။

သူ့ခမြာ မနေ့က ကို ဒို တို့ မ ပြည့်စုံ တို့ နဲ့ တွေ့ရတာတော့ ဘီယာသောက်ဖို့ အခွင့် အလမ်း မရဘူးနဲ့ တူပါတယ်။ မျက်နှာကို သိပ်မ လန်း ဘူးဗျ။ ကျွန်တော်အထင် သူကြီးသား ကိုသက် က ဒီလောက်နဲ့ ရပ်လိမ့်ဦးမှာ မဟုတ်ပါဘူး။

သူ ခရီးတွေ ထပ်ဆန့်နေဦးမှာပါ။ ကျွန်တော်လည်း လောလောဆယ် အနေအထားနဲ့ သူ့ကို ဆက်ပြီး အားကျနေရဦးမှာ ပေါ့ဗျာ။
Steemit မှာ ကိုသက် ရောက်ခဲ့တဲ့ နေရာတွေ ဒီထက်မက ရှိနိုင်သေးတယ်ဗျ။ ကျွန်တော် မသိသေးတာနေမှာ ။

အဲလို လျှောက်လည် နေရတာကိုက ကျွန်တော် ကိုသက် ကို အားကျရတဲ့ အကြောင်းပါ။ steemit မှာ နောက်ထပ် အားကျရတဲ့ အစ်ကို တစ်ယောက် ရှိပါသေးတယ်။ သူကတော့ကို @bobokyaw ဗျ။သူက တော့ ဆရာ ဟင်နရီရဲ့ post မှာ တောင် ထည့်သွင်း ရေးသားခြင်းခံခဲ့ရတာပါ။
FB_IMG_1515673463378.jpg

ဘာဖြစ်လို့လဲဆိုတော့ သူဟာ steemit platform ပေါ် လျှောက်လှမ်းခဲ့တဲ့ 5 လ 6 လ အတွင်းမှာ steem power 1000 ကျော်အောင် စုစည်းနိုင်ခဲ့တဲ့ အတွက်ပါပဲ။အခု အချိန်မှာ သူ့ acc ရဲ့ တန်ကြေးဟာလည်း ကျွန်တော်တို့ ထက် အဆများစွာ အတော်ပင် တန်နေခဲ့ပါပြီ။

သူ့ရဲ့ အဲဒီလို လုပ်ဆောင်ချက်တွေကြောင့် လည်း ကျွန်တော့် အနေနဲ့ လေးစားအားကျခဲ့ရတာပါ။အခု ရေးခဲ့တာတွေကတော့ MSC အားကျရစရာ အစ်ကို တွေ အကြောင်းပါပဲ ။
နောက်တစ်ပတ်မှာလည်း ကျွန်တော် နဲ့ MSC - 4 အားပေးလှည့်ပါဦး ခင်ဗျ။

ရေးသားသူ>>>@myathuaung
MSC-032

Sort:  

Good post.

ဖတ်ရှု့ပေးတဲ့အတွက်ကျေးဇူးပါ

နောက်ကျလှချည်လား၊အခုမှတင်

ဟုတ်တယ်အစ်မ နည်းနည်းအလုပ်များသွားလို့

Goodတယ်

ဖတ်ရှု့ပေးတဲ့အတွက်ကျေးဇူးပါ

အတုယူစရာလေးတွေပါဗျာ

ဟုတ်ကဲ့ အတုယူနိုင်ပါစေ ကိုကြီး

ကောင်းပါတယ်

ဘာမှလဲပါဘူး

အ​ရေးအသား မိုက်​တယ်

ဖတ်ရှု့ပေးတဲ့အတွက်ကျေးဇူးပါ

အားကျစရာပါ

အားကျယုံနဲ့မပြီးသေးဘူးယေ

အတုပါယူရပါမေ :D

ကျွှန်တော်လဲ အားကျတဲ့သူတွေ အများကြီးပါ ဒါပေမဲ့ မရေးဖြစ်ဖူးရယ် very good ပါ အကိုလဲ mm steemers တွေ အားကျရသူအမြန်ဖြစ်ပါစေ

ဒါတောင်ကျန်သေးတယ် ကိုဒိုမီလဲလာမယ်လေ

good post

ကျေးဇူးပါဆရာ

Good post

ကျေးဇူးပါ

အတွေ့အကြုံလေးတွေကို စိတ်ဝင်စားအောင် သေချာပြောပြထားနိုင်ပါတယ်. . . နောက်တစ်ပိုင်းမျှော်နေပါ့မယ်ဗျ

ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးပါ

good bro

ကျေးဇူးပါ

ဖိုက်တင်း ဘဒိုလည်းဖြစ်နိုင်ပါတယ်ဗျာ့

ဟုတ် ကျေးဇူးပါ

Bro ကိုလည်းအားကျတယ်

နောက်ပါနဲ့ ဗျ ဟဲဟဲ

အားကျစရာလူတွေကြောင့် အားတက်နေရတာပါ

ဟုတ် တူတူ ကြိုးစားကြမယ်လေ

နံပါတ် ၄ စောင့်နေပါတယ်ခင်ဗျ

ဟုတ် ဖတ်ရှုတာ ကျေးဇူးပါ

မိုက်တယ်ဗျာ ရေးသားချက်က

ဟုတ် ဖတ်ရှုတာ ကျေးဇူးပါ

ကိုဟင်​၊ အတာဦး၊ ကိုစိုး ansoe၊ သာ​အေး၊ ကိုကို​ကျော်​၊ ​စောအယ်​ဒို၊ ဒိုမီ​လေး၊ ပြည့်​စုံခင်​ခင်​၊ မကြည်​ အပြင်​မှာ​တွေ့ဖူးတယ်
Steemit မှာခင်​ပီး ​ရောက်​​အောင်​သွားတယ်

ကသက် ဆီ အရင်လာမေးရမာ လောသွားတယ် ဟီး

ဒို့များတနေ့ အတူတွေ့နိုင်ရမည်ပေါ့ညီ

ဟုတ် bro သိပ်မကြာတော့ပါဘူး

စိတ်ဝင်စားဖို့ ကောင်းတဲ့ post ပါ