မြန်မာ့ရိုးရာခြင်းအကြောင်းသိကောင်းစရာ

in #myanmar6 years ago (edited)

chinlone1.jpg

ည ကမ္ဘာအေးဘုရားပွဲကလဲရှိတော့ ညနေရေမြန်မြန်ချိုး ထမင်းတွေဘာတွေစားပြီး ဘုရားဘက်ထွက်လာခဲ့တယ်။ ဘုရားရောက်တော့နည်းနည်းစောသေးလို့ထင်တယ်။လူကသိပ်မရှိသေးဘူးဗျ။ဒါပေမဲ့ကျွန်တော်အရမ်းစိတ်ဝင်စားတဲ့ ကမ္ဘာအေးဘုရားပွဲကျင်းပတိုင်းအမြဲလိုလိုပါတဲ့ ခြင်းအလှခတ်ပွဲကတော့စတင်ခတ်နေပြီ။

ဒါနဲ့ရှေ့နားကိုသွားမတ်တက်ရပ်ပြီးကြည့်နေလိုက်တယ် ။ခုံကတော့မရဘူးဗျ ။ဘုရားဂေါပကလူကြီးတွေပဲ
ခုံပေးတယ်ထင်ပါရဲ့။ ဂေါပကလူကြီးနှစ်ယောက်သုံး
ယောက်လောက်ပဲထိုင်နေတာတွေ့တယ်။ နည်းနည်းစောသေးတော့ရပ်ကွက်ထဲက ဝါသနာရှင်ဦးလေး
ကြီးတွေပဲ အစပိုင်းတစ်ဖွဲ့ကိုနာရီဝက်ဆီခတ်နေကြတယ်။

တစ်ဖွဲ့ပြီးတစ်ဖွဲ့ခတ်နေကျတာပေါ့ ။ဝါသနာရှင်ဆိုတာ သိပ့်တော့ကြည့်လို့မကောင်းဘူး ။အသင့်တင့်တော့တော်ကြပါတယ်။ တဖြေးဖြေး၉နာရီနောက်ပိုင်းကျတော့ ခြင်းအလှခတ်ပွဲလာကြည့်လူတွေကများလာကြတယ်။ ခြင်းအလှခတ်တဲ့လူတွေကလဲ တကယ့်ဆရာတွေအလှည့်ရောက်လာတယ်။

chin-lone.jpg

ကျွန်တော်ကိုယ်တိုင်လဲခြင်းလုံးခတ်တာကို တော်တော်လေးစိတ်ဝင်စားတယ်ဗျ။ ထမင်းမေ့ဟင်းမေ့ကိုကစားဖူးတယ်။ ခုလဲမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြီးတော့ဒုဥက္ကဋ္ဌ ပြီးတော့အတွင်းရေးမှူးပါ ကျွန်
တော်တို့ကမ္ဘာအေးဘုရားပွဲကိုလာပြီး အားဖြည့်ကူညီ
ပေးကြတယ်။ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဆို အသက်က
ခြောက်ဆယ်ကျော်အရွယ်လောက် လူကခပ်ဝဝ။ ဒါပေမဲ့ ခြင်းလုံးကိုခက်သွားတာ တကယ်ပေါ့ပါးတဲ့လူ
ငယ်လေးတစ်ယောက်အတိုင်းပဲ ။ဒါပေမဲ့လူငယ်တွေလို ခုန်ပြီးဝိုက်တာတို့ ဘာတို့လဲမလုပ်တော့ဘူး။

ခြင်းခက်ပြီး အောက်ကိုဆင်းတော့လူတစ်ယောက်နဲ့လှေကားထစ်ကိုတွဲပြီးဆင်းရမယ်။ တကယ်တော့
မြန်မာ့ရိုးရာခြင်းအလှခတ်တာဟာ လူတစ်ယောက်
ကိုလျင်မြန်ပေါ့ပါးစေတယ် အကြောတွေကိုပျော့ပျောင်းစေတယ်။ ဘယ်လောက်ပင်ခန္ဓာကိုယ်ဝနေပါစေ
ခြင်းခတ်တဲ့အချိန်မှာတော့ပေါ့ပါးလျင်မြန်စေပါတယ်။

images.jpg

အဲ့ဒီခြင်းအလှခတ်ပွဲမှာ ကျွန်တော်ထူးခြားတဲ့အဖွဲ့နှစ်
ဖွဲ့တွေ့ခဲ့တယ်ဗျ ။ပထမတစ်ဖွဲ့က အသက်ခုနှစ်ဆယ် အရွယ်အဘဦးဆောင်တဲ့အဖွဲ့ပါ။ အဲ့ဒီအဘက ခန္ဓာကိုယ်ကတော့ပုံမှန်အနေထားလောက်ပါပဲ ။အသက်ခုနှစ်ဆယ်ကျော်ဆိုတော့ အဘကိုအလယ်မှာထားပြီးလူလတ်ပိုင်းအရွယ်လူလေးယောက်က ဘေးမှာဝိုင်းထားတယ်။ ခြင်းလုံးလာရင်အဘဆီကို ပို့ပေးကြတယ်။အဘကအလယ်ကနေအလှပြခတ်တယ် ။တကယ်တော်ပါပေတယ် ။အဘအသက်ခုနှစ်ဆယ်ကျော်လို့မထင်ထားရလောက်အောင် ပေါ့ပေါ့ပါးပါးနဲ့ခတ်ပြသွားတယ်။

IMG_20180123_194139.jpg

အဘတို့အဖွဲ့ပြီးတော့နောက်တစ်ဖွဲ့က မယ်လမုဘုရားကအဖွဲ့ စင်ပေါ်တက်လာတဲ့တော့လူကခြောက်ယောက် ။အဲ့ဒီထဲမှာတရုတ်လေးတစ်ယောက်ပါလာတယ်။ တဖြေးဖြေးခတ်ရင်းခတ်ရင်းနဲ့ တရုတ်လေးကနောက်တော့အလယ်ကိုရောက်လာတယ်။ သူ့ဆီရောက်လာတဲ့ခြင်းလုံးကို အမျိုးအမျိုးကိုအလှခတ်ပြသွားတာ အံ့သြမင်သက်စေပါတယ်။

ကျွန်တော်တို့မြန်မာ့ရိုးရာခြင်းလုံးကိုနိုင်ငံခြားကလူတွေတော်တော်များများပါ စိတ်ဝင်စားလာကြတာကို ခုနောက်ပိုင်းတော်တော်များများတွေ့ရတယ်ဗျ ။
မြန်မာတွေကလဲ တော်ပါကြတယ်။အရှေ့တောင်အာရှမှာခြင်းအလှခတ်ပြိုင်ပွဲဆိုကျွန်တော်မြန်မာတွေပဲရွှေရတာများပါတယ် ။တချို့ကလေးလေးတွေဆိုလဲ အမြဲလေ့ကျင့်ထားကြတော့ တော်တော်လေးကျွမ်းကျင်ကြတယ်။

Chinlon-Traditional-Sport-of-Burmese.png

steemitက ကျွန်တော်အစ်ကိုအစ်မတွေကို ခြင်းလုံးဟာလူတစ်ယောက်ကိုလျင်မြန်ပေါ့ပါးပြီးကျန်းမာရေး
ကောင်းတယ်ဆိုတဲ့ကြောင်း ပြီးတော့လူတစ်ယောက်ဘဝတစ်ခုကိုပါပြောင်းလဲစေနိုင်တယ်တဲ့အကြောင်း
လေးတွေကိုဗဟုသုတအဖြစ် ကျွန်တော့်ရဲ့အသိ
လေးကို ပြန်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်။

steemit myanmar gpကြီး တိုးတက်အောင်မြင်ပါစေလို့အမြဲထာဝရဆုတောင်းပေးနေပါတယ်ခင်ဗျ။

ရေးသားသူ >>>@myathuaung
MSC-032

Sort:  

ဝါသနာပါတယ် ဒါပေမဲ့ ဝေးတစ်လုံး ဘေးတစ်လုံးပဲ ခတ်တတ်တယ်

တဖြေးဖြေးဖြစ်လာမှာပေါ့ bro

အဲတာ bro မဟုတ် အရှင်ဂုဏပီယ
ဦးဇင်းဟ
ဘုန်းကြီးကျောင်းသားရ

အရှင် ထည့်မထားတော့မသိလိုက်လို့
ကန့်တော့ပါဘုရား

Thanks for sharing

ဝါသနာပါတယ်​ bro

ဟုတ်​ bro

တို့ ရပ်ကွက် ကဘုရားပွဲ မှာ ခြင်းအလှပြိုင်ပွဲ
ရော ခြင်းခတ်ပြိုင်ပွဲရော အခု ပြိုင်နေကြပီ

အာ့လမ်းညွှန်​​လေ လာမလို့

မြန်မာ့ခြင်းအကြောင်းသိခွင့်ရတဲ့အတွက် ကျေးဇူးပါ

ဖတ်​ရူ့​ပေးတဲ့အတွက်​​ကျေးဇူးပါအစ်​မ

ခြင်းလုံး မြန်​မာ့အားကစားတစ်​​ခု ​ကောင်းတယ်​ဗျ

ဖတ်​​ပေးတဲ့အတွက်​​ကျေးဇူးပါ

ကိုယ်တွေရပ်ကွက်ထဲမှာ မကြာခဏပွဲရှိတယ်

ခဏခဏကြည့်​ရတ​ပေါ့

ခြင်နေ့တိုင်းခက်ဖြစ်တယ် ရေးတင်ဖို့စိတ်မကူးမိဘူး idea ကောင်းတယ် bro

ကျေးဇူးပါ

ငယ်ငယ်တုန်းကတော့ ကျောင်းမှာအမြဲခြင်းခေတ်ဖြစ်တယ်။ခုတော့မခတ်ဖြစ်တာတောင်ကြာပါပီ။
တကယ့်ကို ကျန်းမာရေးအတွက်ရော၊Team work ပါကောင်းမွန်စေတဲ့ ရိုးရာကစားနည်းတခုပါပဲ။

သုံးထားတဲ့ပုံလေးတွေလည်းcrdပေးဖို့မမေ့နဲ့အုံးနော်...bro..

ကျေးဇူးပါ

ကိုယ်တော့ မကြည့်လိုက်ရ

အမြဲအိပ်ငိုက်နေတာကို

ခြင်းခတ်တာ ကျန်းမာရေးကောင်းတယ်။

ဟုတ်တယ် ကိုကြီး

ခြင်းလုံး ဘောလုံး အားကစားမှန်ရင် တော်တော်များများဝါသနာပါတယ် ကျေးဇူပါ bro

ဖတ်ရှု့ပေးတဲ့အတွက်ကျေးဇူးပါ

ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုသလို
ကျင့်တုန်းကတော့လေ့ကျင့်လိုက်ရတာ နေရာကမရှိ
ကျောက်စရစ်ခဲတွေပေါ်မှာ တကယ့်ပွဲလည်းကျရော
လက်တစ်ဖတ်အကြောတင်ပြီး ခုထိကို ဒဏဖြစ်နေတုန်း ။
အတူတူကျင့်တဲ့တစ်ယောက်က မြို့ နယ်ထိပါသွားတယ်
အဲ့တည်းကစိတ်နာလို့ ခြင်းကိုမတို့ တော့တာ

ဟုတ် ပြန်တို့ကြည့်ပါ

Thanks for your sharing

Thank you myathuaung for making a transfer to me for an upvote of 0.92% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?