Miss you……

in #myanmar6 years ago (edited)

ကျနော့်ကိုမြင်ရင် ပုံမှန်လည်ပတ်နေတဲ့ သူ့နေ့ရက်လေးတွေ အနှောက်အယှက်ဖြစ်သွားမှာစိုးလို့ ကျနော်သူ့အကောင့်လေးကို follow တောင်မလုပ်နိုင်ခဲ့ပါဖူး။

သူပင်ပန်းနေတဲ့အခါ အနားကိုချက်ချင်းသွားချင်ခဲ့ပေမယ့် မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုအတွက် ရင်နာနာနဲ့ရပ်ကြည့်ရင်းဆုတောင်းပေးရုံပဲတတ်နိုင်ခဲ့ပါတယ်။

ကျနော့်အတွက်တော့ သူက ခလေးလေးတစ်ယောက်လိုပါပဲ။
အရာရာမှာ ဘယ်လိုပဲစိတ်မချဖူးဆိုပေမယ့် ကျနော် တစ်သက်လုံးဘေးနားရှိနေပေးဖို့ဆိုတာထက် သူကိုယ်တိုင်ရင့်ကျက်တည်ငြိမ်လာတာလေးပဲ တကယ်လိုအပ်တယ်လို့ထင်ပါတယ်။ ဒါကြောင့်မျက်စိမှိတ်ပြီး လွှတ်ထားပေးရတာလေးတွေရှိလာတဲ့အခါ ကျနော် အဲဒီအချိန်တွေကို အမြန်ကုန်ဆုံးစေချင်ခဲ့တယ်။

ကျနော်က သူ့အတွက် အရာရာတာဝန်ယူပေးတဲ့ သက်ဆိုင်သူဖြစ်ချင်ခဲ့ပေမယ့် ခုလက်ရှိ သူတာဝန်ယူပေးထားတဲ့ မိသားစုလေးက ရှိနှင့်နေပြီလေ။ ကျနော်က သူ့အတွက် လူကြီးတစ်ယောက်ဖြစ်ပေးဖို့အဆင့်သင့်ရှိနေချင်ခဲ့ပေမယ့် သူလူကြီးလေးအဖြစ်နေပေးရမယ့်ဘဝက သပ်သပ်ရှိနေခဲ့တယ်။

ကံတရားကိုကျနော်အပြစ်မတင်ပါဖူး။
ဒါ ကျနော်တို့လုပ်ခဲ့တာမို့ပြန်ရခဲ့တာပါ။
သူ့ကိုပိုပြီးအပြစ်မတင်ရက်ပါဖူး။
တကယ်လည်းသှူုမှာဘာအပြစ်မှမှမရှိခဲ့တာလေ။

ပျံသန်းပါတော့ဌက်ကလေးရယ်။ ဟိုးဝေးဝေးအမြင့်တစ်နေရာကနေ မင်းသတိရလို့ငုံ့ကြည့်လိုက်တဲ့အခါ နာနာကျင်ကျင်နဲ့အဝေးကနေလှမ်းမျှော်ကြည့်နေတဲ့ငါကိုမြင်တွေ့နိုင်မှာပါ။
ငါ့ရဲ့နာကျင်ခြင်းတွေအရာထင်အောင် အကောင်းဆုံးဘဝလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့သာဖြတ်သန်းသွားလိုက်ပါ။
ငါက ဒီလောက်ဆို ကျေနပ်နေပါပြီ :')

ခုလက်ရှိရင်ထဲကခံစားချက်လေးက တစ်ခုတည်းပါ..
ငါ နင့်ကို အရမ်းလွမ်းတယ်……

image

@paingphyothu
MSC-201

Sort:  

အလွမ်းမင်းသားလားဗျ

ဒီလိုပဲ ချရေးကြည့်တာပါဗျာ

အသဲကွဲသမားလေးပေါ့

အသဲမကွဲဖူးတဲ့လူလည်းရှိသေးလားဗျာ

လွမ်းတတ်လိုက်တာ။Good.

thank you sis

ချတီးမစ်​​ပေါ်မှာစိတ်​ရှိလက်​ရှိfeelလို့ရပါတယ်​ရှင့်​😜😜😜.
အ​ရေးအသား​ကောင်းပါတယ်​။စာ​လေးနည်းနည်းရှည်​ရှည်​​ရေးသင့်​ပါတယ်​။

အဟား ဟုတ်ကဲ့ပါဗျာ မအိ

အသဲကွဲဇာတ်လမ်းလေး

ကွဲစရာလည်းမကျန်တော့ပါဖူးဗျာ

Good post bro

thank you bro

ရင်တွင်းခံစားချက်တွေဆိုတော့ကောင်းပါတယ်

ဟုတ်

ဒီတပတ်အလွမ်းသမားတွေများလာတယ်နော်
14 နီးလာလို့ထင်ပါ့

ဟုတ်မှာပါဗျာ

လွမ်းတာကတော့ ၉ လောက်ပဲ။ Pro ပို့စ်မို့ရှည်ရှည်ရေးစေချင်သည်။

ဟုတ်ကဲ့ ဆရာစိုး။ ကြိုးစားပါမယ်ခဗျာ

ဖီလ်းးးပြီဗျာ...plz v and c me back @mgtoetat

Congratulations! This post has been upvoted from the communal account, @minnowsupport, by PPT from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.