ကျွန်တ်ာတို့စကားဝိုင်းထဲမှာ သူမောင်း ကိုယ်မောင်းလာတဲ့ ကားတွေထဲက ဘယ်သူရဲ့ကားဟာ ဘယ်သူထက် မော်ဒယ်လ် ပိုမြင့်တဲ့အကြောင်း ပိုတန်ဖိုးကြီးတဲ့အကြောင်း သူတို့ဝတ်လာကြတဲ့ အဝတ်အစားရဲ့ နာမည်ကြီးတံဆိပ်ဈေးနှုန်းအကြောင်း ဘယ်သူကတော့ဖြင့်မြေကွက်တွေ ဘယ်လောက်ပိုင်ဆိုင်ထားပြီး တိုက်ကြီးနဲ့နေရတဲ့အကြောင်း လုပ်ငန်းတွေအောင်မြင်နေတဲ့အကြောင်း မွေးနေ့ပွဲလေးရဲ့ ညနေစာထမင်းဝိုင်းထဲမှာ အချင်းချင်း ဘဝရဲ့လူနေမှုအဆင့်အတန်းတွေ ဂုဏ်ပကာသနတွေကို ရှေ့တန်းတင်အားပြိုင်ပြောဆိုနေခဲ့ကြတယ်လို့ ကျတော်စိတ်ထဲခံစားရမိတာအမှန်ပါ။သူတို့နဲ့အတူပါလာကြတဲ့ ဇနီးမယားတွေကလည် အလှမ်းမဝေးတဲ့ အခြားစားပွဲဝိုင်းတစ်ခုမှာ အတူစုထိုင်ပြီး ထမင်းစားသောက်နေရင်းကဘယ်သူယောက်ျားက ဘယ်သူယောက်ျားထက် ပိုထက်မြက်သလောက် ငွေလည်ပိုရှာနိုင်တဲ့ ချီးမွန်းခန်းအကြောင်း သူတို့ ဝတ်စားလာတဲ့ ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာအကြောင်း ဘန်ကောက်ဘက်က ဈေးကြီးပေးဝယ်သုံးစွဲနေတဲ့ အလှပြင်ကုန်ပစ္စည်းအကြောင်း သူတို့ရဲ့အိမ်ထဲမှာ တန်ဖိုးကြီးပစ္စည်းများနဲ့သာ အလှပြင်မွမ်မံထားတဲ့အကြောင်း။အမှန်ပြောရင် အဲဒီနေ့ရဲ့ ညစာစားပွဲမှာ ကျွန်တော်စိတ်ထဲ အလွန်ကိုသိမ်ငယ်ပြီး မျက်နှာလည်အလွန်ငယ်ရသလိုခံစားမိတယ်။
HFS-1
Good
အားပေးနေပါတယ်
ကောင်းတယ်....
လူတန်ဖိုးလေးဖြစ်ကြပါစေ
တန်ဖိုးအမှန်ကိုမြင်တတ်ကြပါစေ
Good bro.
Fighting
အားပေးနေပါတယ်...good post
👍
လူ့မနောက ရေးကွက်အများကြီးပါကွာ၊ ရဲရဲရေးဖြစ်သွားလိမ့်မယ်။
very good
အမှန်ပဲလေ bro