မြန်မာ့ဆေးပညာနှင့် သန့်စင်သောရေ(၃)

in #myanmar7 years ago (edited)

ခဏိဇ' ခေါ် တွင်းထွက်ပစ္စည်းများဆိုသည်မှာ မြစ်ရေချောင်းရေကန်ရေများ ဖြတ်သန်းစီးဆင်းရာ မြေသာထု၏အောက်တွင် သံဓာတ်ကြေးဓာတ်ခဲဓာတ်ကန့်ဓာတ် စသည့်သတ္တဓာတ်များ ပျော်ဝင်ပါရှိနေခြင်းကို ဆိုလိုပါတယ်။ထိုဓာတ်စင်များကြောင့် ရေထုညစ်နွမ်းပြီး မသန့်စင်သော ရေအဖြစ်ပြောင်းလဲသွားခြင်းဖြစ်သည်။
'ဝနပ္ပတိဇ' ခေါ် အပင်မှဖြစ်သောပစ္စည်းများဆိုသည်မှာ အသီးအရွက် အကိုင်းအခက်များ ရေထဲသို့ကျပြီး အချိန်ကာလကြာလာသောအခါ ပုပ်သိုး၍ အညစ်အကြေားဖြစ် အသွင်းပြောင်းသွာရေဖြစ်သည်။
'ပါဏိဇ'ခေါ် သတ္တဝါထွက် ပစ္စည်းများဆိုသည်မှာ ဆင် မြင်း ကျွဲ နွား လူ စသော သတ္တဝါတို့မှ စွန့်ပစ်သော ပစ္စည်းအမျိုးအစားများကြောင့် သန့်စင်မှုမရှိဘဲ ညစ်ညမ်းသွားသည့်ရေကို ဆိုလိုပါသည်။
ရေသန့်စင်မှုမရှိသော အထက်ပါသုံးမျိုးအနက် အဆိုးဆုံးနှင့်ကြောက်စရာအကောင်းဆုံးမှာသတ္တဝါတို့မှ စွန့်ပစ်သောပစ္စည်းအမျိုးအစားများ စိမ့်ဝင်နေသည့်ရေဖြစ်သည်။တစ်ဖန် ကုန်မြေတွင် ကျက်စားသည့် သတ္တဝါများနှင့် ရေတွင်ပျော်ပါးကြသော သတ္တဝါတို့၏ အညစ်အကြေးများသည် အကြောင်းအမျိုးမျိုးကြောင့်သောက်ရေ သုံးရေများထဲတွင်ပျော်ဝင်ပြီး အဏုဇီဝပိုးပေါင်းမြောက်များစွာပေါက်ဖွားစီးမျောလျက်ရှိသည်။
မသန့်ရှင်းသော ရေအမျိုးအစားသုံမျိုးကို သောက်သုံးမိပါက အောက်ပါအတိုင်း ရောဂါဝေဒနာများကို ခံစားရမည်ဖြစ်သည်။
'ခဏီဇ'ဟုသော တွင်းထွက်သတ္တဝါကြောင့် ဖြစ်ရသည့် ရေညစ်သည့် ဝမ်းမီးကိုနုံ့စေသည်။ကျင်းကြီး ကျင်းငယ် ချူပ်စေနိုင်သကဲ့သို့ ဝမ်းသွားခြင်းများလည် ဖြစ်စေတက်သည်။လည်ပင်းကြီးရောဂါ ဒွါရပေါက်များမှ သွေးယိုစီးသည့်ရောဂါ သွေးအားနည်းဖျော့တော့သည့် ရောဂါများဖြစ်စေနိုင်သည်။
HFS-1# header

Sort:  

သတိထားစရာပဲ ဘဒိုရေ
ကျေးကျေးပါ

ကျေးဇူးတင်ပါတယ်

Thanks for sharing.

Good post....

Good post....

ကျေးကျေးbro

ကျေးဇူးပါ

ဗဟုသုတရပါတယ် ..