Me&My friends …… 2

in #myanmar6 years ago

မနေ့က အဆက်လေးကို B Pyae နဲ့အတူ သိချင်ကြသူ အကိုအမများနဲ့ ဘုန်းဘုန်းအပါအဝင်ပေါ့ အားလုံးဖတ်ရအောင်ရေးပါအုံးမယ်ရှင့် ……

ငါမပြောချင်လို့ နော် ဆိုတာကို သိအောင်မေးချင်တော့လဲ ဖုန်းကို B Pyae ကစပြီး ခေါ်လိုက်တာပေါ့ ။

B Pyae အကြောင်းသိတဲ့သူငယ်ချင်းကလည်း သိချင်ပါတယ်ဆိုမှ ဝေ့တေ့တေ့က လုပ်နေသေးတာ ခက်ပြီ ။ ဖုန်းထဲကနေပြီး B Pyae လည်း ခြိမ်းလားခြောက်လား ဟောက်ရသေးတာ ။ အဲတော့မှသူက ပြောပြတော့တာ ။

အကြောင်းမှာကား အထွေအထူးတော့ မဟုတ်ပါ ။ သူ့မှာ မျက်လုံးထောင့်လေးမှာ မှဲ့ပါတာကို သူ့ ရည်းစားက နမိတ်ဖတ်လို့ တဲ့ ။ နမိတ်ရုံမကဘဲ သူတကာတွေကို လျှောကထပြောပြတဲ့အတွက် အဆင်မပြေကြတာပါတဲ့တော် ။

ဒါလေးပြောတာများ ဘာဖြစ်လဲ B Pyae က ထပ်မေးတော့မှ သူပြောတဲ့နမိတ်ဖတ်တာကို နားလည်သဘောပေါက်တော့တယ်လေ ။

မျက်လုံးမှာ မှဲ့ပါတဲ့သူတွေဟာ ယောင်္ကျားယူရင် အဲဒီယောင်္ကျားက သေကြတယ်လို့  နမိတ်ဖတ်ပါသတဲ့ ။ B Pyae တော့ မယုံပါ ။ အိမ်က စာအုပ်တွေထဲမှာ မှဲ့အကြောင်း သိကောင်းစရာ ရှာဖတ်ကြည့်ပါအုံးမည် ။

သူလဲပြောပြပြီးရော B Pyae က အကြံတခု ဖျက်ကနဲဝင်လာပြီး ထိုအကြံကို သူငယ်ချင်းအား မပေးခင် အရင်ဆုံးမေးမိတာက " နင်တကယ် အဲဒီနမိတ်ကိုယုံကြည်တာလား " ဆိုတော့ သူက ယုံကြည်တာပေါ့လို့ ပြန်ဖြေပါတယ် ။

B Pyae ကလဲ ဟုတ်ပီ နင်ဒါဆို ငါပြောသလို လုပ်ပါလား ဆိုပြီး အကြံပေးလိုက်ပါတယ် ။
" နင့်မှာ အမုန်းဆုံးကြည့်မရတဲ့သူရှိလား ? ရှိရင် အဲ့ဒီသူကို နင်အိမ်ထောင်ပြုလိုက်ပါလား ?
အဲဒါဆို သူသေမှာလေ " အဲ့လိုအကြံပေးမိတာ မသာမဆိုပြီး ဖုန်းချသွားတော့တာဘဲ ။

သူဖုန်းချသွားတော့ B Pyae က သူ့ ကိုထပ်ပြောစရာကျန်နေသေးတာ မပြောလိုက်ရပြန်ဘူးလေ ။ နက်ဖန်ကျတခါဖုန်းဆက်ပြောအုံးမယ်လေ ။

received_285973298640067.jpeg

ရေးစရာတွေကလဲ ပေါကို ပေါနိုင်လွန်းပါတယ်လေ ။ ဆက်ရန်ကို မနက်ဖြန်မှ ထပ်ရေးမယ်နော် ……

MSC မှ အကိုအမများအားလုံး မင်္ဂလာပါရှင် ။

@pyaesonekhinkhin

MSC 021

Sort:  

ဓါတ်ပုံမှမမများလှကြပါသည်

thank you အန်တီရေ

ဆက်​ဖတ်​ပါ့မယ်​...​အားလုံးအလန်း​လေး​တွေ...လှလိုက်​တာ👍👍

ကျေးဇူးပါမမ

မယုံလွန်းအားကြီးရင်လည်း မကောင်း ယုံလွန်းအားကြီးရင်လည်း မကောင်း မယုံတယုံဆိုလည်း မကောင်း ကဲ ဘာ လုပ်ရမလဲ b pyae ?

ဟယ် လည်ပင်းညစ်ခံထားရတာလား အာ့ကြောင့် ပြောပါတယ် သွားမပြောပါနဲ့ဆိုနေတာကို ☺☺☺

ဟီးးး ဟုသယ်အုအုချိုး

ဟိုက ချောင်းရိုက်မလို့ တဲ့ အူးစိုးကျောင်းကြိုခဲ့ပေးပါ

မဟုတ်တာမလုပ်ရင်ချောင်းရိုက်ခံရပါဘူး မဟုတ်တာမလုပ်နဲ့လို့

အ့ဆို ကျောင်းမသွားတော့ဘူးနော် ခ်ခ်

ရေးစရာ ပေါရင် များများရေးပါကွယ်
များများရေးတော့ များများ ဗုတ်ရမယ်😁😁😁

ဟု ဟု thz q bro

"အမုန်းဆုံးလူကို အိမ်​​ထောင်​ပြုလိုက်​ပါ့လားတဲ့"
အဟပ်​ ...အဟပ်​....

အ့ဆို သူသေရောလေ ခိခိ ဟုဖူးလား

လုပ်ကြအူးပေါ့ကွာ

နပြည့်လည်း လုပ်တက်လာပြီနော့ အပိုင်းဆက်လေးတွေ

သူငယ်‌ချင်းခဗျာ စိတ်‌မ‌ကောင်း ဖြစ်‌‌နေတာကို အ ရှိုက်‌တည့်‌တည့်‌ ထပ်‌ထိုးလိုက်‌တာကိုး။လုပပ်‌ရက်‌ပါ‌ပေ့ B pyaeရယ်‌။

အကြံကောင်း ဥာဏ်ကောင်းဒေ ပေးတတ်တဲ့ ငပြည့်တို့ လို သယ်ရင်းတွေရထားတာ ကြိတ်ပြီးပျော်နေမလားမသိဘူးနော် ဟားဟား

ရေးစရာတွေ များတယ်ဆိုတော့ vote တွေလည်း များ
များပေးရပါမည်

အေးပါကွာ

မှဲ့ပါတိုင်းမသေးပါဘူး။လူတွေဟာ ဥပါဒ့န်ကြောင့် ဥပဒ့န်ဖြစ်တာပါ

B pyae တို့ကတော့ ရေးစရာပေါပ 😁

သူငယ်ချင်းတွေက အချောလေးတွေ ချိဆုံးမြင်ရင် ကြွေနေတော့မေ😁😁

အကြံကောင်းပါ့ ဟားး

အာ့​ကြောင့်​ မ​ပြောပါနဲ့ဆို ဟီး