Steemit Newbies' Guide (How to write a post in Steemit - Part 2 ) _ Myanmar

in #myanmar7 years ago (edited)

မင်္ဂလာပါ ...

နှစ်သစ်ကူးတဲ့ တန်ခူးလမှာ မြန်မာစတီးမစ်မိသားစုဝင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်စွာ နှစ်ဦးကြိုဆိုနိုင်ပါစေလို့ အကြိုပမာဏ ဆုမွန်တောင်းလိုက်ပါရစေ ...

စတီးမစ်က newbies များအတွက်သာမက မသိရှိသေးတဲ့ ညီအစ်ကိုမောင်နှမများအတွက် Guide တစ်ခုအဖြစ် အသုံးပြု၍ ရအောင် post မှာ တန်ဆာဆင်မယ့် code တွေ အကြောင်း ရေးသားခဲ့တာ အပိုင်း-၁ တော့ ပြီးစီးခဲ့ပါပြီ။ ယခုအခါ အပိုင်း-၂ အဖြစ် Unordered နှင့် Ordered list ပြုလုပ်နည်း၊ Image ထည့်သွင်းနည်း၊ blockquote ပြုလုပ်နည်းများကို ဆက်လက်တင်ဆက်ပေးပါရစေ ...


Unordered List

နံပါတ်စဉ် မတပ်ဘဲ မိမိ၏ post တွင် item များကို ဖော်ပြသည့်အခါ list ပြုလုပ်နိုင်ပါသည်။ * သင်္ကေတကို ရှေ့မှ ခံကာ space bar ခြားပြီး list item တစ်ခုချင်းစီကို အစဉ်အတိုင်း ချရေးပေးရပါသည်။ နမူနာပြသထားသည့်ပုံစံကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။

သင်္ကေတထည့်သွင်းထားသည့်ပုံစံ = စတီးမစ်တွင် တွေ့မြင်ရသည့်ပုံစံ


Ordered List

နံပါတ်စဉ်အလိုက်ရေးသားချင်ပါက 1, 2, 3 အစရှိသည့် နံပါတ်များကို တပ်ကာ အောက်ပါအတိုင်း ရေးသားရပါမည်။ နံပါတ်စဉ်နှင့် item များကြားတွင် space bar ခြားပေးရန် မမေ့ပါနှင့်။

သင်္ကေတထည့်သွင်းထားသည့်ပုံစံ = စတီးမစ်တွင် တွေ့မြင်ရသည့်ပုံစံ


Unordered List နှင့် Ordered List များကို ရောနှောအသုံးပြုပုံ

Unordered List နှင့် Ordered List များကို သပ်သပ်စီ အသုံးပြုနိုင်သလို အောက်ပါအတိုင်း ရောနှောပြီးလည်း အသုံးပြုနိုင်ပါသည်။

သင်္ကေတထည့်သွင်းထားသည့်ပုံစံ = စတီးမစ်တွင် တွေ့မြင်ရသည့်ပုံစံ


Image ထည့်သွင်းနည်း

Image များကို ထည့်သွင်းပါက မိမိထည့်သွင်းတဲ့ image ၏ link က စတီးမစ်ရှိ စာရေးသည့်နေရာတွင် ရောက်ရှိသွားမည် ဖြစ်ပြီး ၄င်းပုံမှန်ကန်မှု ရှိ မရှိ ကို အောက်ဘက်ရှိ preview တွင် စစ်ဆေးရပါမည်။

Image များကို ထည့်သွင်းရာတွင် နည်းလမ်း ၂ မျိုးဖြင့် ထည့်သွင်းနိုင်ပါသည်။

  1. ပထမတစ်နည်းကတော့ မိမိထည့်သွင်းလိုသည့် ပုံကို copy လုပ်ကာ စတီးမစ်ရှိ ထည့်သွင်းလိုသည့် နေရာတွင် mouse cursor ကို ချကာ paste လုပ်ခြင်း ဖြစ်ပါသည်။

  2. ဒုတိယနည်းလမ်းကတော့ စတီးမစ်ရှိ post အသစ်ရေးသည့်နေရာက selecting them စာသားကို နှိပ်ကာ မိမိဖုန်း/ ကွန်ပျူတာအတွင်းရှိ ပုံကို ရွေးယူထည့်သည့်နည်း ဖြစ်ပါသည်။

မှတ်ချက် ။ ။

  • ပုံများကို uploading လုပ်နေသည့် percentage မပြည့်မချင်း မိမိနေရာချထားသည့် cursor ကို နေရာရွှေ့ပြောင်းခြင်း မပြုလုပ်ရပါ။
  • နေရာရွှေ့ပြောင်းလိုက်ပါက ထိုရွှေ့ပြောင်းသည့်နေရာတွင် image link က ရောက်သွားမည် ဖြစ်ပါသည်။


Blockquote ပြုလုပ်နည်း

စကားပြေတွင် စကားပြောပုံစံဖြင့် ရေးထားသည့် စာကြောင်းများကို သီးသန့်ဖြစ်စေချင်သည့်အခါ၊ အဆိုတစ်ရပ်ရပ်ကို ကိုးကားဖော်ပြသည့်အခါ > သင်္ကေတကို ၄င်းစာကြောင်း၏ အရှေ့တွင် ထည့်သွင်းဖော်ပြရပါသည်။

သင်္ကေတထည့်သွင်းထားသည့်ပုံစံ = စတီးမစ်တွင် တွေ့မြင်ရသည့်ပုံစံ

မှတ်ချက် ။ ။


ယခု post ကို စီစဉ်ရာတွင် သင်္ကေတထည့်သွင်းထားသည့်ပုံစံနှင့် စတီးမစ်တွင် တွေ့မြင်ရသည့်ပုံစံ ၂ မျိုးကို နှိုင်းယှဉ်ဖော်ပြထားပါသည်။ စာဖတ်သူများ အမြင်မရှုပ်အောင် ပုံများကို တိုက်ရိုက်မထည့်ဘဲ link အနေဖြင့် ချိတ်ဆက်ပေးထားသောကြောင့် အစိမ်းရောင်သမ်းနေသည့် link ချိတ်ဆက်စာကြောင်းများကို နှိပ်ကာ ရေးသားထားပုံများကို ကြည့်ရှုနိုင်ပါသည်။

အဆုံးထိ ဖတ်ရှုပေးသည့် စာဖတ်သူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါသည်။


Author - @sawlwin

MSC - 176

References - Markdown Styling Guide

Images Credit - https://pixabay.com

Sort:  

အသုံးဝင်စေမဲ့လမ်းညွှန်မှုလေးတွေပဲဗျ။

ဟုတ် ကိုထွေး ...

Steemit သုံးသူတွေအတွက် အသုံးဝင်လှတဲ့ လမ်းညွှန်ချက်တွေပါပဲ။

ဟုတ်ကဲ့ တကယ်သုံးဖြစ်ကြမယ်လို့လည်း မျှော်လင့်ပါတယ်

ဒါလည်းသိသင့်​တာပဲ

ဟုတ်တာပေါ့

This is really helpful for us. Thank you for your sharing.

Thank you for reading.

steemitသုံးသူမြန်​မာများအတွက်​အသုံးဝင်​​သောအချက်​​တွေပါပဲရှင်​။

ဟုတ်ကဲ့ ၀မ်းသာပါတယ်

လိုအပ်တာတွေ သိရှိလိုက်ရလို့ ကျေးဇူးကိုစောရေ

ဟုတ်ကဲ့ အသုံးပြုနေတာကို တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်

ပည​တွေ ဗဟုသု​တွေအမျာကြီးရပါတယ်​ဗျ

ဟုတ် ကိုအယ်ဒို သုံးစွဲကြည့်ပါဗျာ

ဗဟုသုတရပါတယ် ကိုစောရေ
ကျနော်မအားလို့ postမတင်တော့ဘူးနော်

ဟုတ် ကိုမိုး

မသိသေးတဲ့ လူတွေအတွက်တော့ ပညာတစ်ခုရသွားတယ် ကိုစောရေ... ကျေးဇူးတင်ပါတယ်

ဟုတ် ကိုလင်း

မျှဝေးပေးတဲ့အတွက်ကျေးဇူးပါ။
ကျွန်တော်လဲ အခုချိန်ထိ bewbieပါပဲ။

ဟုတ်ကဲ့ senior ဖြစ်သင့်နေပါပြီ ... နည်းပညာပိုင်းကလူအတွက် စတီးမစ်မှာ အခွင့်အလမ်းတွေ များပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.