( အတွေးလေးနည်းနည်းထည့်ပါရစေ ... ခေါင်းထဲမှာ ရှင်းနေပြီး လက်ခံနိုင်မှ ဖတ်ပေးပါလို့ ကြိုတင်ပြောပါရစေ )
ဖြစ်မလာသေးသော ဖြစ်မလာခဲ့သော ဖြစ်မလာနိုင်သော အရာများက ကိုယ်စီ ကိုယ်စီ ရှိကြပါတယ်။ အရာရာတိုင်းမှာ အခြေအနေနှင့်အချိန်အခါအပေါ် မူတည်ပြီး အရေးပါသော အရာတွေက ကွဲပြားကြတယ်။ ကိုယ်တွေဆီမှာရော ဘယ်အရာတွေက အရေးပါနေသလဲ။
မိမိအလုပ်လား ... မိသားစုဘဝလား ... ဘာတွေလဲ ...
ထိုထိုအရေးပါတဲ့အရာတွေအတွက် အချိန်ရော ပေးနိုင်ကြလား ... ပေးရော ပေးဖြစ်ရဲ့လား ...
ဘဝမှာ အချိန်တွေကုန်ဆုံးပြီး အသက်တွေလည်း ကြီးလာကြသလို အတွေ့အကြုံတွေလည်း ပိုမိုများပြားလာပါတယ်။ များပြားလာတဲ့အတွေ့အကြုံတွေဆိုတာ မိမိရဲ့အမှားတွေက ရရှိတဲ့ သင်ခန်းစာတွေဆိုတာ မငြင်းနိုင်ပါဘူး။ အဲဒီသင်ခန်းစာတွေက ဘဝနဲ့ ချီပြီး ရလာမယ်ဆိုရင် တန်ဖိုးထားရပါမယ်။ ဘဝနဲ့မချီရင်တောင် သေးသေးလေးပဲ ဖြစ်ဖြစ် တန်ဖိုးထားသင့်တာတော့ အမှန်ပါပဲ။ အမှိုက်ကစ ပြသာဒ်မီးလောင်သလို မလိုအပ်ဘဲ ဘဝတစ်ခုလုံး ထိုးကျွေးလိုက်ရမယ်ဆိုရင် တန်ပါ့မလား။
ကြီးကြီးကျယ်ကျယ်တွေ ပြောနေလို့ မြင်မှာ မဟုတ်ရင် အားလုံးနားလည်တဲ့ ဥပမာနဲ့ ပြသပါ့မယ်။
ဆယ်တန်းကျောင်းသားဆိုပါတော့ ...
တစ်နေ့စာကို တစ်နေ့မလုပ်တာ သူ့အမှားပါ။ မှားမှန်းသိရဲ့နဲ့ မပြင်တာက ပိုပြီးကြီးတဲ့အမှားပါ။ တကယ့်စာမေးပွဲရောက်တော့ မဖြေနိုင်တာက အမှားဆုံးဖြစ်သွားပြီ။ အဲဒီအခါ နောက်တစ်နှစ်ကို ပြန်စရမယ်။ သူ့ဘဝမှာ ဆယ်တန်းဆိုတဲ့ အတားအဆီးတစ်ခုကို မကျော်နိုင်ခဲ့ဘူး။ အသေးလေးကနေ ဘဝနဲ့ ချီပြီး မှားသွားပြီ။ ဒီတော့ ဘာဆက်လုပ်မလဲ။ ထပ်ကြိုးစားဖို့ပဲ ရှိတော့မယ်။ ဒါပေမဲ့ ဘဝအပြေးပြိုင်ပွဲမှာ တစ်နှစ်နောက်ကျသွားပြီ။ ဒါဟာ သိသာတဲ့ဇာတ်လမ်းတစ်ကွက်ပဲ ရှိပေမယ့် ဒီထက်ပိုပြီး သေးနုပ်တဲ့ကိစ္စတွေလည်း ရှိပါသေးတယ်။ လူဆိုတာ အမှားမကင်းတာကြောင့် အတွေ့အကြုံတွေ ကိုယ်စီကိုယ်စီရှိကြပြီး ပြန်လည်သုံးသပ်မယ်ဆိုရင် မိမိရဲ့ချို့ယွင်းချက်တွေကို မြင်လာမှာပါ။ ဒါပေမဲ့ ပြင်တာနည်းကြတယ်။
ဘာကြောင့်လဲ ?
ကြည့်ရတာတော့ မိမိနာမည်ကို ကုန်အမှတ်တံဆိပ်တစ်ခုအနေနဲ့ ပုံသေသတ်မှတ်ထားတာကြောင့်ပဲ ဖြစ်ပါမယ်။
ဦးကျော်သူဆိုပါတော့။ သူ့နာမည်ကို ကြားတာနဲ့ သူ ဘယ်လိုလူလဲဆိုတာ လူတွေ အကုန်သိကြတယ်။
လူဆိုးဇာတ်လိုက်တွေဆိုလည်း သူတို့နာမည်နဲ့ သူတို့ပြုမူတဲ့အကျင့်ကို တွဲပြီး သိကြတယ်။
လောကကြီးဟာ ဇာတ်ခုံကြီးပါ။
လူတိုင်းဟာ ကိုယ့်အမှတ်တံဆိပ်ကို လူသိများအောင် ကြော်ငြာနေကြတဲ့လူတွေချည်းပါပဲ။
တစ်ချို့က ကိုယ့်အရည်အသွေးပိုကောင်းအောင် လုပ်ကြတယ်။
နာမည်ကျော်လာတယ်။
တချို့က ဒီအတိုင်း မပြောင်းလဲဘူး။
ကြာတော့ ရိုးအီလာကြတယ်။
သူကတော့ ဒါမျိုးချည်းပါ။ သူက ဒီအတိုင်းချည်းပဲ။ သူ့ကို မေးရင် ဒီအဖြေဘဲ ကြားရမှာပါ။ စသဖြင့်တွေနဲ့ အမှတ်တံဆိပ်ဖြစ်လာခဲ့တယ်။
လိုရင်းကို ပြောရရင်တော့ ကိုယ့်အမှတ်တံဆိပ်က ကိုယ့်အတွက် တန်ပါရဲ့လား။ ကိုယ်တွေ ရင်းခဲ့ရတဲ့အချိန်တွေနဲ့ ထိုက်တန်ပါရဲ့လား။ ပြင်ပလောကနဲ့ ကိုယ့်ခံစားချက်တွေက ထပ်တူကျပါရဲ့လား။ မပြောနိုင်ပါဘူး။
ကိုယ်တွေ လုပ်ခဲ့သမျှဟာ တန် မတန်ဆိုတာ ကိုယ်တွေ နေဝင်ချိန်ကျမှ သိကြတယ်။
ဒီလိုအဖြစ်အပျက်တွေက များကြတယ်။
ဒီတော့ နေဝင်ချိန် မရောက်ခင် သိလို့ ရော မရဘူးလား။ ဘာလို့ အချိန်တိုင်း အမြဲတိုင်း မသုံးသပ်တာလဲ။
သုံးသပ်တယ်ဆိုရင်ရော ဘာလို့ ကိုယ့်အမှတ်တံဆိပ်က ချို့ယွင်းချက်ကို မပြုပြင်တာလဲ။
ငွေတွေကို သုံးဖြုးန်းတယ်။ အချိန်တွေကို ဖြုန်းတီးတယ်။ ဇာတိ ဇရာ ဗျာဒိ မရဏာက ကိုယ်နဲ့ မဆိုင်သလို ရုပ်ဖျက်ပြီး လိပ်လို ခေါင်းဝှက်နေကြတယ်။ ကိုယ့်ကိုယ်တွင်းက အချက်ပြသင်္ကေတကို မသိချင်ယောင်ဆောင်ကြတယ်။ ဒါပေမဲ့ အချက်ပြသံက တဖြည်းဖြည်းကျယ်လာတဲ့အခါ ဆေးရုံကား မြည်သံနဲ့အတူ အသံလှိုင်းထပ်တူကျသွားပြီး စိတ်ချို့ယွင်းမှုက ဦးဆောင်တဲ့ ခန္ဓာချို့ယွင်းမှုကို ပြုပြင်ဖို့ အဖြေရှာရတော့တယ်။
ဒါပေမဲ့လည်း နောက်ကျသွားပြီ။
ကိုယ့်အတွက် recovery ပြန်လုပ်စရာ အချိန် မရှိတော့ဘူး။
ထပ်ပြီး မချို့ယွင်းအောင်သာ နေထိုင်ရတော့မယ်။
ဒီအခါ မေးခွန်းတချို့ရှိလာပါတယ်။
ဘာလို့များ အစကတည်းက အဲဒီလို မနေခဲ့တာလဲ။
ဘာလို့များ ငါ ဒီလို ဖြစ်တဲ့အထိ ပေတေနေရတာလဲ။
အဖြေကတော့ တန်ဖိုးသဘောကို မှားယွင်းတွက်ချက်မိတာပဲ။
အစားအသောက်အပျက်ခံပြီး အလုပ်တွေလုပ်တယ်။
ပြီးတော့ ပြုပြင်မရတဲ့ ခန္ဓာကိုယ်အပျက်အစီးကို ပိုင်ဆိုင်ရတယ်။
တန်ရော တန်ရဲ့လား။
ကိုယ်ရတာနဲ့ ပေးရတာနဲ့။
နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်တော့ အိပ်ရေးပျက်ညတွေ များလာတယ်။
အဖြေမရဘဲ အိပ်ရေးပျက်တာ တန်ပါရဲ့လား။
အဖြေရရင်ရော အိပ်ပျက်တာက အစားပြန်ရပါ့မလား။
ဒီတော့ ပစ္စုပ္ပာန်မှာ ကုန်လွန်ခဲ့ရတာတွေက ပြန်ရှာမရတော့ဘူးဆိုတာ သိသာသွားတယ်။
မလိုအပ်ဘဲ ဖြုန်းတီးတဲ့အချိန်တွေကလည်း သူများနဲ့ ရာထူး ဝင်ငွေ အဆင့်ပေါင်းများစွာ ကွာသွားတဲ့အခါ သိသာသွားတယ်။
ကိုယ်တွေ မတန်တာတွေကို တန်တယ် အထင်နဲ့ လုပ်နေကြတယ်။
ရေလိုက်လွဲနေကြတယ်။
နောက်ဆုံးတော့ အပေါစားပစ္စည်းတွေကို မတန်မဆနဲ့ ဝယ်စားပြီး ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေကို ကုသနေရတယ်။
အချိန်ကုန်သက်သာအောင် တီထွင်လိုက်တဲ့ ပစ္စည်းတွေကို ဝယ်နိုင်အောင် ကြိုးစားရင်း ကိုယ့်ရဲ့အချိန်တွေ ငွေတွေ ဆုံးရှုံးသွားတယ်။
အလုပ်သက်သာပြီး ခန္ဓာကိုယ်လှုပ်ရှားမှု မရှိတော့ အပြေးစက်တွေ လေ့ကျင့်ခန်းစက်တွေ ဝယ်ယူပြီး အထူးတလည် လေ့ကျင့်နေရတယ်။
နောက်ဆုံးတော့လည်း ဒုံရင်းက ဒုံရင်းပါပဲ။
ကိုယ်လုပ်သမျှဟာ ကိုယ်တတ်လို့ လုပ်တာ မဟုတ်တော့ဘဲ ကိုယ် မသိဘဲ ဖြစ်လာတာတွေက များသွားတာကြောင့် ရရှိတဲ့အတွေ့အကြုံက ဘာမှ သုံးစားလို့ မရတော့ဘူး။
အဖိုးတန်တာ ဘာလဲ မသိခင် အဖိုးတန်တာ ဘာလဲ သိတဲ့ပညာကို အရင် မယူမိတာက ကိုယ့်အမှားလား။
မျိုးဆက်အလိုက် လင့်ဆင့်ကမ်းတဲ့တာဝန်ကို ပျက်ကွက်ခဲ့တဲ့သူတွေ အမှားလား။
အမှားကိုပဲ လက်ဆင့်ကမ်းခဲ့တာက ဘာကြောင့်လဲ။
အဲဒီအမှားကို အမှန်လို့ ထင်နေတာကပဲ မှားနေတာလား။
တော်ပြီလေ ... စဉ်းစားဖို့ မတန်တဲ့ စကားလုံးတွေကို စဉ်းစားရင်း အဖိုးတန်တဲ့ အချိန်တွေကို အကုန်မခံနိုင်တော့ဘူး။
စားချိန်တန်စား အိပ်ချိန်တန်အိပ်တဲ့အပြင် စားတဲ့အခါ အိပ်တဲ့အခါ mental ပိုင်းဆိုင်ရာ physical ပိုင်းဆိုင်ရာ အလုပ်တွေ မလုပ်ဖို့ပဲ အဓိကထားပါတော့မယ်။
ပါးစပ်ကလည်း ပြီးတော့လည်း ပြီးတာပါပဲ ဆိုတာ ရေရွတ်ရင်း အရာရာတိုင်းကို အရေးမကြီးသွားအောင် ကြိုးစားနေတော့မယ်။
ဖြစ်သမျှ ပျက်တတ်တော့ ဘာကိုမှ အထွေအထူး ဝမ်းမနည်းအောင် ကြိုးစားတော့မယ်။
လမ်းလျှောက်နေရင်း လျှောက်တဲ့လမ်းမှာ အာရုံရောက်ဖို့ ကြိုးစားတော့မယ်။
အဆုံးသတ်မှာ ငါဟာ သာမန်လူတစ်ဦးသာ ဖြစ်စေရမယ် ...
MSC - 176
ဟုတ်ကဲ့ motivation ကောင်းကောင်းရတယ်ဗျ
ဟုတ်ကဲ့
အစမ်းလေ့ကျင့်လို့ မရတဲ့ လောကဇာတ်ခုံမှာ ဘာပဲလုပ်လုပ် ဆုံးဖြတ်ချက် မှန်ကန်ဖို့ လိုပါတယ်
အမှားထဲကပဲ အမှန်ပြင်နေရတာပါဗျာ
အဲဒီလို သုံးသပ်တွေးခေါ်မှုတွေ မရှိကြလို့ လူတိုင်းတစ်ယောက်နဲ့တစ်ယောက်ကွဲပြားသွားကြတယ်ထင်ပ
တွေးတာကတော့ တွေးနေရပါတယ် ဒါမှ ကိုယ် ဘာလဲဆိုတာ သိမှာပါ
ကောင်းပြီလေ တွေးခေါ်ကြတာပေါ့
Let's do it.
အတွေပေါင်းများစွာ ချန်ခဲ့တဲ့ ကိုစောရေ...
ဖတ်ပြီးတော့ထိုင်တွေးနေရပြီ။
ကောင်းပါတယ်ဗျာ
ပြင်ရမယ့်အချက်တွေပေါ့ကိုစော
ဟုတ် ကိုက်ညီမယ်ဆိုရင်ပါ
မကောင်းဘူးလို့ထင်ရတဲ့အကျင့်တွေကို စောနိုင်သမျှစောစောပြင်ရမယ်
အသက်ကြီးလာလေ ပြင်ရမှာ များလာလေပါပဲဗျာ
အတွေးပေါင်းများစွာတို့ဖြင့်
ကိုဒိုလို ခေါင်းပြောင်ချင်လာလို့နဲ့ တူပါတယ်လေ
အကြောင်းအရာတစ်ခု မှန် မမှန် ဆိုတာက အခြေအနေ အချိန်အခါ နေရာဒေသ ကွဲပြားမှုရှိတတ်ပါတယ်။ မှန် မမှန်ကို ခွဲခြားနိုင်တဲ့ အသိပညာလည်း လိုပါတယ်။ အမှားကို အမှန်ထင်တာကြာလာရင်လည်း အမှန်ဖြစ်နေတတ်ပါတယ်ခင်ဗျာ။ ဘာပြောပြော ရေးသားထားတာ ကောင်းပါတယ်။
ထပ်မံဖြည့်စွက်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ
ဟုတ်တယ် ကိုစောရေ ကိုယ့်ကိုယ်ကို နံပါတ်တစ်ခု တပ်ကြည့်လိုက်ရင် ကျန်တဲ့သူတွေက ဘာနံပါတ်တွေလဲဆိုတာကို သိချင် နှိုင်းယှဉ်ကြတာ ဟိုးအရင်ခေတ်ဦးမှာကတည်းက တည်ရှိလာခဲ့တဲ့ မှားနေသော အမှန်တရားတခုပေါ့ဗျာ။ ဒါကို မြင်အောင်ကြည့်နိုင်တဲ့သူ ပြုပြင်နိုင်တဲ့သူက ဘ၀ရဲ့ အေးချမ်းခြင်းကိုတွေ့ပါလိမ့်မယ်။
နောက်ဆုံးတော့လည်း ကိုယ်က သာမန်လူပါပဲဗျာ
WARNING - The message you received from @habibur81 is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!
For more information, read this post:
https://steemit.com/steemit/@arcange/phishing-site-reported-steembottracker-dot-trade
If you find my work to protect you and the community valuable, please consider to upvote this warning or to vote for my witness.
Thank you for your notification.
Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thanks a lot
ကိုစောရေးမှတွေးမိတယ်။
ကျန်တော်ကော ပြင်စရာတွေရှိနေသေးသလားလို့ 😁
ပြင်မဆုံးနိုင်အောင် အမှားသံသရာက ရှည်လှပါတယ်လေ
သာမန်လူတစ်ယောက်ပါဗျာ
အကောင်းဆုံးပြုပြင်ဖို့ကတော့ ဒိဌေဒိဌမတ္တံ ကျင့်စဉ်ပါပဲဗျာ။
Congratulations,
you just received a 18.76% upvote from @steemhq - Community Bot!
Wanna join and receive free upvotes yourself?

Vote for
steemhq.witness
on Steemit or directly on SteemConnect and join the Community Witness.This service was brought to you by SteemHQ.com
Hello, as a member of @steemdunk you have received a free courtesy boost! Steemdunk is an automated curation platform that is easy to use and built for the community. Join us at https://steemdunk.xyz
Upvote this comment to support the bot and increase your future rewards!