ဒီနေ့တော့ အစိုးရသောမင်းအကြောင်းကိုပြောချင်ပါတယ် အစိုးရဆိုလို့နိုင်ငံတော် အုပ်ချုပ်နေသော အစိုးရမင်းများကို ပြောခြင်းမဟုတ်ပါ အစိုးရဆို သည်မှာ မိမိပိုင်ဆိုင်သောနယ်မြေ. မိမိသြဇာရှိသောနယ်မြေမှာ အုပ်ချုပ်ခွင့်ရသောသူ မိမိသဘောအတိုင်း လုပ်ပိုင်ခွင့်ရှိသောသူကို အစိုးရမင်း ဒါမှမဟုတ် ဘုရင် ခေါ်ကြပါတယ်
ဒီလိုပဲ လူတွေအားလုံးဟာ မိမိပိုင် မျက်စိ နား နားခေါင်း လျှာ ကိုယ် စိတ်ဆိုတဲ့ နယ်မြေကြီး၆ခုကို ပိုင်ဆိုင် ထားတဲ့ ဘုရင်တွေ မင်းတွေပါ ဒါပေမဲ့ အုပ်ချုပ်ပိုင်ခွင့် (သို့)အစိုးရ ဖို့တော့လိုမယ် အစိုးမရရင်တော့ မငြိမ်းချမ်းနိုင်ဘူး ဆင်းရဲဒုက္ခရောက်ကြရမယ်
တစ်ခါတစ်ခါ အဆင်းနဲ့တိုက်ရင် မျက်စိဆိုတဲ့နယ်မြေကပုန်ကန်မယ် အသံနဲ့တိုက်ရင် နားဆိုတဲ့နယ်မြေကပုန်ကန်မယ် အနံ့နဲ့တိုက်ရင် နှာခေါင်းဆိုတဲ့နယ်မြေကပုန်ကန်မယ် အရသာနဲ့တုက်ပြန်ရင်လည်း လျှာကပုန်ကန်မယ် အထိအတွေ့နဲ့တိုက်ပြန်ရင်လည်း ကိုယ်ဆိုတဲ့နယ်မြေက
ပုန်ကန်မယ် မနောကနဲ့တိုက်ပြန်ရင်လည်း စိတ်ဆိုတဲ့နယ်မြေကပုန်ကန်မယ် အဲဒီနယ်မြေတွေကပုန်ကန်လာရင် လောဘ ဒေါသ မောဟ မာန ဒိဠိ ဆိုတဲ့ရန်သူမျိုး ၅ပါး ၀င်လာမယ်အဲ့ဒီ ရန်သူဝင်လာရင်ကိုယ်အုပ်ချုပ်တဲ့နယ်မြေကို အစိုးမရတော့ဘူးငြိမ်းချမ်းမှု လည်းမရှိနိုင်တော့ဘူး ပျက်စီးဆုံးရှုံးမှုတွေ အနည်းနဲ့အများဖြစ်မယ် ယခုဘ၀တွင်သာမက နောင်ဘ၀များစွာ ပျက်စီးဆုံးရှုံးနဲကြုံရမယ်
နိုင်ငံတစ်ခုမှာ အစိုးရသောမင်းတွေဟာ စစ်လက်နက်တွေ တပ်ဆင် စစ်အင်အားတွေတိုးချဲ့ ပြီး မိမိပိုင်နယ်မြေကို ရန်သူတွေ မ၀င်ရောက် မကျူးကျော်နိုင်အောင် ကာကွယ်ကြတယ် တချို့နိုင်ငံတွေဆို နယ်စပ်ခြံစည်းရိုး တောင်ခတ်ကြ ရတယ် ဒါကြောင့် ကျွန်တော်တို့ဟာလည်း မိမိတို့အုပ်ချုပ်ခွင့်ရသော မျက်စိ နား နှာခေါင်း လျှာကိုယ် စိတ် ဆိုတဲ့နယ်မြေတွေကို ရန်သူတွေ မ၀င်လာအောင် သီလ သမာ ဓိ ပညာဆိုတဲ့လက်နက် တပ်ဆင်ပြီး သတိပဋ္ဌာန် တရားနဲ့စောင်ကြည့်နိုင်မှ ငြိမ်းချမ်းမှုရပြီးအမှန်တကယ် မိမိကိုယ်ကို တကယ်အစိုးရသောမင်း ဖြစ်မှာပါ
ဒီအတွက်ကြောင့် လူသားအားလုံး ရန်သူဝင်ရောက် ခြင်း ကင်းပြီး မိမိကိုယ်ကိုငြိမ်းချမ်းပြီးသောက ကင်းဝေးသော အစိုးရ မင်းများဖြစ်နိုင်ကြ ပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်းးး
steemit member များကိုကျေးဇူးတင်လျက်
Msc236
@soeyan
credit photo google&facebook
အသိနဲ့သတိဟာ အလွန် အရေးကြီးပါတယ်။
ဟုတ်ကဲ့ပါ
အနတ္တ အစိုးမရခြင်း (သူ့သဘောအလျောက်ဖြစ်ပျက်နေခြင်း)
အနတ္တကိုမြင်ဖို့ အတ္တကိုပြောရသလို ချမ်းသာကိုမြင်ဖို ဒုက္ခဆိုတဲ့ဆင်းရဲခြင်းကိုသိရတယ် ပရမဂ်ကိုသိဖို ပညတ်တင်ပြောရတယ် ဒါကြောင့်ပါ
အမှန်ပါပဲ။အကုသိုလ်ကိုဖြစ်ပေါ်စေမည့် အာရုံများအား ဖြစ်ပျက်မြင်အောင်ကြည့်တတ်ဖို့လိုပါသည်ရှင်။
မှတ်သားထားပါ့မယ်
သတိဆိုတာ ပိုတယ်လို့ မရှိပါ။အားပေးလျက်ပါဗျာ။
ကျေးဇူးပါ
အားပေးနေပါတယ် bro
ကျေးဇူးပါ
အဓိကအရေးကြီးဆုံးကတော့သတိပေါ့။
သတိ အမြဲမပြတ်ရှိဖို့ ဝီရိယလေးစိုက်လိုက်ရင်
သမာဓိ က ဖြစ်တည်လာမှာပါ။
နောက်ပိုင်းမှာ ပညာ သမ္မာ ဒိဋ္ဌိကလည်း မဖြစ်မနေလိုက်လာမှာပါပဲ။
အဲလိုဆိုရင် မကြာခင် အစိုးရဖြစ်ပြီပေါ့။
မှန်ပါတယ်ဗျာ
အသိနဲ.သဓိ အရေးကြီးပါတယ်ဗျာ
Right
Up vote 😁😁
ဝk:-) :-) :-)
သတိဆိုတာပိုတယ်မရှိ၊ အမြဲသတိရှိဖို့လိုပါတယ်
ဟုတ်ပါတယိဗျာ
Like👍
:-)
အမှန်ပါဘဲဗျာ အသိတစ်ခုရသွားပါတယ်...
ကျေးဇူးတင်ပါတယ်
သတိတရားနဲ့အမြဲဆင်ခြင်နိုင်ဖို့လိုပါတယ်
မှန်ပါတယ်ဗျာ
အသိနဲ့ သတိဟာအရေးအကြီးဆုံးပါဗျ
✔ ✔ ✔ ✔
ရေးထားတာကောင်းတယ်ဗျာ
ကျေးဇူး
Good writing!
Thank
well done
သတိလွတ့်ခံခဲ့ရတာရှိတယ်