လူတော်လူကောင်း

in #myanmar • 9 years ago (edited)

လူအမျိုးမျိုးရှိတဲ့အနက် လူအများစုဟာ လူတော်ဖြစ်အောင်ကြိုးစားကြတယ် လူကောင်းဖြစ်အောင် ကြိုးစားတဲ့လူနည်းတယ်မိဘတွေအများစုကလည်း ကလေးတွေကို တော်အောင်ပဲ ဆုံးမကြတယ် ကောင်းအောင် သွန်သင်မဲ့မိဘရှားတယ် အရွယ်ရောက်စာသင်ကျောင်းပို့ လောကီသင်ညာကိုပဲသင်ပေးကြတော့တယ် image
ကျွန်တော်တို့်ငယ်ငယ်က အဖိုးအဖွားတွေဆိုဘုန်းကြီးကျောင်းတို့တရားပွဲတို့သွားရင် ကလေးတွေကိုခေါ်ခေါ်သွားတယ် ဘာလို့ခေါ်တာလည်းဆိုရင် လူကောင်းဖြစ်စေချင်လို့ အခုခေတ်မှာ မိဘတွေကိုယ်တိုင်ကလည်း တရားအသိနည်းလာတော့ ကလေးတွေကို ဘုန်ကြီးကျောင်းတို့ တရားပွဲတွေကို ခေါ်ရကောင်းမှန်းမသိတော့ပါဘူး ပညာမတတ်တဲ့လူမကောင်းရင် ဒုက္ခရောက်မဲ့သူကအနည်းငယ်ပါပဲ ပညာတတ် စာတတ် လူတော်ဆိုတဲ့သူတွေမကောင်းရင် ကိုယ့်ရပ်ရွာ ကိုယ့်လူမျိုး နောက်ဆုံးနိုင်ငံ ပါဒုက္ခရောက်နိုင်ပါတယ်
ဒါကြောင့်မိဘများအနေနဲ့ သားသမီးများကိုတော်နေယုံ နဲ့ကျေနပ်မနေပဲနဲ ကောင်းအောင်လည်းဆုံးမ နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ.........
image
Msc 236
Photo facebook

Sort:  

ကောင်းဖို့လည်းလို တော်ဖို့လည်းလိုပါတယ်။လူကြီးများက များများလေ့ကျင့် သွန်သင်ပေးသင့်ပါတယ်ဗျ

ဟုတ်ပါတယ်ဗျာ

အခုက​လေး​တွေကမယဉ်​​ကျေး​တော့ဘူး။
နည်းနည်းရိုင်းလာချင်​တယ်

ဟုတ်တယ်ခင်ဗျ

2000ခုနှစ်နောက်ပိုင်းမွေးသော ခလေးများ မည်သူမျှ မယဉ်ကျေးပါ

တိကျလှချည့်လား:-)

Like👍👍👍