About the Jumping Spiders behaviour ( Final part )

in #myanmar7 years ago

ကဲ .. နောက်ဆုံး အပိုင်းမှာတော့ Jumping spider တွေရဲ့ မျိုးပွားခြင်း အကြောင်း လေ့လာရအောင် ... ...

ss.jpg

Jumping Spider တွေသည် sexually reproduction ( လိင် ရှိမျိုးပွားနည်း ) ဖြင့် မျိုးပွားကြပါသည်။

ပင့်ကူ အဖို တွေ၏ ခရိုမိုဇုန်း ( Chromosome ) အဖွဲ့အစည်းဟာဆိုရင် X1X2O ဖြစ်ပြီးတော့ အမ တွေ၏ ခရိုမိုဇုန်း ( Chromosome ) အဖွဲ့အစည်းဟာဆိုရင် X1X1X2X2 ဖြစ်ပါတယ်။

Jumping spiders တွေမှာ ခရိုမိုဇုန်း ( Chromosome ) ၂၆ ခု ( ၁၂ စုံ ) ပါ ရှိတယ်။ လူတွေမှာတော့ ခရိုမိုဇုန်း ( Chromosome ) ၂၃ စုံ ပါရှိကြပါတယ်။

Jumping spiders တွေဟာဆိုရင် အသက်အရွယ် ၉ လ ခန့် ရောက်ရှိလျှင် မျိုးပွားခြင်း ကို စတင် ဆောင်ရွက်ကြပါတယ်။

ss.jpg

Jumping spiders တွေ မိတ်ဖက် မှု့ကို များသော အားဖြင့် နွေရာသီ အစောပိုင်းတွေမှာ ပြုလုပ်တက်ပါတယ်။

Jumping Spiders ပင့်ကူအမ တွေဟာဆိုရင် ပြိုင်ဘက် ကင်းလောက်အောင် ပင့်ကူ အထီးတွေကို ဆွဲဆောင်နိုင်ပါတယ်။

ဲJumping Spider အထီး တွေကလည်း ပင့်ကူအမတွေကို ဆွဲဆောင်လျှင် ၄င်းတို့အချင်းအချင်း မျက်လုံးခြင်းဆုံမိပါက အမတွေကို ရွှင်မြူး ( '' က '' ချင် ) လာအောင်လို့ အထီးတွေက ဆွဲဆောင်ကြပါတယ်။

s2.jpg

Jumping Spider ပင့်ကူအထီးတွေကလည်း ၄င်းတို့ ခန္ဓာကိုယ်အတွင်းထဲမှာ beating ( စည်းချက်ညီစွာ ) ဖြစ်ပေါ်နေတယ်။ ( အကြည့်ချင်းဆုံ ရင်တွေခုန်တာနေမာ......)

ဲJumping spider အမ တွေက အထီးတွေ၏ ဒီလိုလူပ်ရှားမှု့တွေကို သူက ကြည့်ပြီးတော့ အထီးတွေ၏ beating တွေကို နားထောင်နေတတ်တယ်။

ဒီလိုနဲ့ တစ်ကောင် နဲ့ တစ်ကောင် အချင်းချင်း ဆွဲဆောင်မှု့ ကြီး ပြီးသွားရင်တော့ မိတ်လိုက်ခြင်းကို စတင်ရန် ကြိုးစားပါတော့တယ်။

ပင့်ကူ အမတွေသည် ပင့်ကူ အထီးတွေကို မိတ်လိုက်ရန် အခွင့်အရေး တစ်ကြိမ်သာလျှင် ခွင့်ပြုတတ်ကြသည်။

sss.jpg

ဒီတစ်ကြိမ်မှာ မကြိုးစားရင်တော့ ဒင်းထိုက်နဲ့ ဒင်းကံ ပဲပေါ့နော်..... ( ဟီးးး ... )

မိတ်လိုက်ခြင်းကို စတင်လျှင် အထီးသည် ပင့်ကူအမ၏ ကိုယ်ပေါ်သို့တက်ပြီး ၄င်း၏ မျိုးရိုးဗီဇပစ္စည်းတွေဖြစ်တဲ့ သုတ်ကောင်များကို အမ၏ ကိုယ်ပေါ်ဘယ်ဖက်ခြမ်းရှိ မျိုးရိုးဗီဇဆိုင်ရာ ဖွဲစည်းတည်ဆောက်ထားတဲ့ အရာ ( genital structure ) ဆီသို့ ထည့်သွင်းသည်။

ထိုအခါ အမ ( genital structure ) က ထို သုတ်ကောင်များ ၀င်ရောက်လာခြင်းကို ခွင့်ပြုလိုက်ပါက ထိုသုတ်ကောင်များသည် မျိုးဥ ပြွန်ဆီသို့ ရောက်ရှိသွားကြပါသည်။

ဒါဆိုရင်တောင် မိတ်လိုက်ခြင်း အောင်မြင်လို့ ပင့်ကူ မျိုးဆက်များ ထပ်မံပေါက်ပွားရန် အတွက် သန္ဓေအောင်ပြီဖြစ်ပါတယ်

ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........

Original Writer @steemloverr
Photo Credit >>> Google Image

Sort:  

ကောင်းပါတယ် ဗဟုသုတရတာပေါ့ဗျာ

ကြိုးစားလျှက်ပါအကို

တီကောင်၊ ပင့်ကူ ထို့နောက်... ဂေါ်ဇီလာ😀😀

ဟီးးး နောက်တစ်ကောင် ဘာရေးရမလဲ စဉ်းစားနေတာ ဆရာ

စိတ်ဝင်စားစရာပဲ..

ဟုတ်ကဲ့ ကျေးဇူးပါ

ပင့်ကူတော့မဖြစ်ပရစေနဲ့

ဟားးဟားး ကျော်တိဒယ်နော် . . .