ဆန္ဒဟူသည် ……

in #myanmar8 years ago (edited)

ဆန္ဒဟူသည် လူတိုင်းမှာ ရှိကြတဲ့အတွက် ကိုယ့်ဖြစ်ချင်တဲ့ဆန္ဒတွေကိုယ်စီနဲ့ ကိုယ့်ဘဝကို ရှင်သန်ဖြတ်သန်းနေကြရပါတယ် ။

ကိုယ့်ဆန္ဒတွေဟာ မှန်သည်လည်းရှိမည် ။ မှားသည်လဲရှိခဲ့မည် ။ ဖြစ်နိုင်တာလည်းရှိသလို မဖြစ်နိုင်တာခည်းရှိမည် ။

ကိုယ့်တယောက်ထဲကောင်းစားဘို့ ဆန္ဒလား ?

ကိုယ့်မိသားစုကောင်းစားဘို့ အတွက် ဆန္ဒလား ?

ကိုယ်ရော ကိုယ့်မိသားစုရောအပြင် အများကောင်းစားဘို့ အတွက် ဆန္ဒလား ?

ဒါကိုတော့ ကိုယ်တိုင်သာအသိဆုံးဖြစ်မှာပါ ။

images (1).jpeg

credit image source

ဆန္ဒဆိုတဲ့ ဘဖစ်လိုတဲ့အရာလေးဟာ ပြာရ ရေးရတာလွယ်သလောက် လက်တွေ့မှာက မလွယ်လှပါဘူး ။ ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်ယူမှ ရသလို ကိုယ်က မကြိုးစားဘဲ မလုပ်ဘဲ ပါးစပ်ကလေးက " ငါဟိုဟာလေးလိုချင်လိုက်တာ ။ ငါ့မှာ ဒါလေးရှိရင်ကောင်းမယ် " လို့  ပါးစပ်က ညည်းငြူနေလို့  မရနိုင်ပါဘူး ။

ကျနော် ရွှေလက်စွပ်လေး ဝတ်ချင်တယ်ဗျာ ။
အဲ့ဒီရွှေလက်စွပ်ဟာ ကျနော့်ပါးစပ်က အော်လိုက်လို့  ရောက်မလာနိုင်ပါဘူး ။ ကျနော့်မှာ ခေတ်စကားနဲ့ပြောရမယ်ဆို ပါဝါမရှိဘူးလေဗျာ ။

ဒီတော့ ရွှေလက်စွပ်ဝတ်ချင်တဲ့ကျနော်ဟာ ရွှေဆိုင်သွား ပုတိမ်ဆိုင်ကိုသွားပြီး ရွှေလက်စွပ်ရရန် ထိုရွှေလက်စွပ်နဲ့တန်ဘိုးတူတဲ့ ငွေနဲ့ဝယ်ယူမှသာ ကျနော်ရွှေလက်စွပ်ကို ရမှာပါ ။ တန်ဘိုးတူတဲ့ပိုက်ဆံမရှိဘဲ ရွှေဆိုင်ရှေ့သွားပြီး ကျနော်ရွှေလက်စွပ်ဝတ်ချင်လိုက်တာလို့ အော်ပြီး လုယူပြန်ရင်လည်း သူခိုးဆိုပြီး ဝိုင်းရိုက်တာခံရမယ့်အပြင် ရဲဖမ်းလို့  ထောင်ပါကျအုံးမှာ ။

images (2).jpeg

credit image source

ဒါကြောင့် ဆန္ဒဟူသည် ရှိနိုင်ပါသည် ။

ထိုဆန္ဒကို လက်တွေ့ဖြစ်ဖို့ က ကိုယ်တိုင်လုပ်နိုင်ရပါမည် ။

ကိုယ့်မှာ ကိုယ့်ဆန္ဒနဲ့ ကိုက်ညီတဲ့ ကြိုးစားမှုတွေနဲ့ ပိုင်ဆိုင်မှုတွေရှိရပါမည် လို့  ဆိုချင်ပါတယ် ။

ဖြစ်ပေါ်တဲ့ဆန္ဒတိုင်းကို အကောင်အထည်ဖော်ရန်ကလည်း မလွယ်ကူပါ ။

ထီပေါက်ချင်တဲ့ ဆန္ဒရှိရင် ထီထိုးရပါမယ် ။
ထီထိုးတိုင်းက ထီမပေါက်နိုင်တာကိုလည်း သိနားလည်ပခ ။
တနေ့ ပေါက်လာနိုးဆိုတဲ့ မျှော်လင့်ချက်ထားပြီး ထီကိုလည်း လစဉ်ထိုးမှသာ ထီပေါက်ရန် ဖြစ်နိုင်ပါမည် ။

images (3).jpeg

credit image source

ကျနော်လည်း ရေးပြချင်တာ ပြီးပါပြီဗျာ ။
ဆန္ဒကို အကောင်အထည်ဖော်နိုင်ကြပါစေလို့  ပြောပါရစေ ။
မှန်ကန်တဲ့ဆန္ဒတော့ ထားကြပေါ့ဗျာ ။

@thatkozaw

MSC 005

Sort:  

ကိုသက် ဘယ်ကနေ ကုန်ကြမ်းရှာလဲ ချီတက်က သိတယ်နော် ... လက်ဆုပ်လက်ကိုင်နဲ့ လာပြသွားပြီ LOL 😂

ဒုတ်ခေါ ဘာကြီးလဲဟ
အမလေး ဒါကြီနဲ့မှလာတယ်

ကိုသက်ခိုးကြည့်တာတွေ ပေါ်လာပြီ ဟားးးး

ကျိလိုက်အူးကွ vote တောင်ရသေး ဟေးဟေး

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဆိုတာ သိပ်မှန်တာပဲ အခုတော့ပေါ်ပြီလေ။😁😁😁

ဟာ cheetah က ဘယ်လို ချိလဲကွာ ရူးနေပီလားမိသိဘူး ။

မူးနေတာ

ဆန္ဒပြင်းပြလာတော့လည်း ရေးဖြစ်သွားတာပေါ့နော် ကိုသက်

ဒါပေါ့ဗျာ

I am a silly robot!

Lol ! you wrong robot !
Where and which ?

!cheetah bad robot

hey anyx, cheetah has gone kinda wonky recently and leaving plagiarism messages in #comedyopenmic post which were damn hell awesome original as nuts!

any idea how to stop this from happening?

https://steemit.com/comedyopenmic/@doomsdaychassis/comedy-open-mic-round-11-lets-go-to-the-strip-club#@groovatti/re-dj123-re-doomsdaychassis-comedy-open-mic-round-11-lets-go-to-the-strip-club-20180504t045036216z

This particular issue (from 2 days ago) should already be addressed.
Please use our discord here: https://discord.gg/9Gy3Ecz if you want to get in contact with us easier. :)

Any word back yet on this?

yeah i think it's fixed now

ပန်းတိမ် ပါကိုသက်ရယ် ဟင်နရီဖို့ကပြောတယ် တစ်ယောက်ထဲစားဖို့ရှာရင် တစ်ယောက်အတွက်ပဲရမယ်၊ လူအများစားဖို့ရှာရင်လူအများစားနိုင်လောက်အောင်ရပါ မယ်တဲ့ဗျာ။