ကိုယ်သာ သူတို့ဆိုလျှင်--(၁)

in #myanmar6 years ago

IMG_20180511_154012.JPG
Image Credit Source

တစ်ခုသော ညနေခင်းအချိန်ကလေးတွင် ကျွန်တော်တို့အိမ်နီးနားမှ ကလေး(၃)ယောက် လေးခွကိုယ်စီဖြင့် သစ်ပင်ကလေးအပေါ်သို့ တဖြောင်းဖြောင်းဖြင့် ပစ်နေကြပါတော့သည်။ထိုကလေးများသည် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်များရရှိထားသဖြင့် ဒီအတိုင်းဟိုသွားဒီသွားလျှောက်သွားနေကြခြင်းဖြစ်ပါသည်။သွားသည်လာသည်က ကလေးသဘာဝဆိုပေမယ့် အခုလိုလုပ်ဆောင်နေကြခြင်းတွေအတွက်တော့ စိတ်မကောင်းတော့ဖြစ်မိရပါသည်။
သူတို့ပစ်လိုက်သော အသံများနှင့်အတူ အပင်ပေါ်မှ ငှက်ကလေးများ၏ အော်မြည်သံများက အတိုင်းသားကြားနေရပါတော့သည်။ထိုအချိန်တွင် မိခင်ငှက်မကြီးကလည်း သားသမီးများအတွက် အစာရှာထွက်နေသော အချိန်ပင်ဖြစ်ပါသည်။ငှက်ကလေးများသည် သူတို့၏ကမ္ဘာငယ်လေးအား လာရောက်ဖျက်ဆီးနေသော လူငယ်လေးများ၏ရန်ကို ခုခံကာကွယ်ခြင်းက မစွမ်းသာ။
three-baby-birds-nest-illustration-75950523.jpg
Image Credit Source

သူတို့၏ ကမ္ဘာငယ်လေးပျက်စီးသွားခြင်းကြောင့် ပူဆွေးသောကရောက်ကာ အော်မြည်နေကြသည်မှာ ကြားရသူများအဖို့ စိတ်မချမ်းမြေ့ဖွယ်ရာများသာဖြစ်နေပါတော့သည်။
သူတို့၏ အော်မြည်သံများဖြင့် ဆူညံပွက်လောရိုက်နေသော အပင်ပေါ်သို့ကာ ကလေး(၃)ယောက်သည် တရစပ်တိုက်စစ်ဆင်ကာ အားရပါးရပစ်နေကြပါတော့သည်။ထိုသို့တိုက်စစ်ဆင်ပစ်ခတ်ပြီး မကြာခင်မှာပင် ငှက်ကလေးများသည် သူတို့၏လက်ဝယ်ပေါ်သို့ရောက်ရှိသွားကြပါတော့သည်။
IMG_20180511_154612.JPG
Image Credit Source
ငှက်ကလေးများသည် ရန်သူ့လက်ပေါ်သို့ ကျရောက်သွားသောအခါ သူတို့၏ဘ၀လေးများကို သူတို့တွေးတောမိသွားကြပုံရကာ အော်မြည်ခြင်းကား မပြုကြတော့ပေ။အဘယ်ကြောင့်ဆိုသော် သူတို့၏နောက်ဆုံးအခြေအနေအား သုံးသပ်သွားမိလို့များလား ၊ အော်မြည်ဖို့အတွက်ခွန်အားမရှိတော့လို့လား ကျွန်တော်လည်း အသေအချာတော့ မပြောတတ်တော့ပေ။ကလေး(၃)ယောက်လည်း ငှက်ကလေးများ ကိုယ်စီကိုင်ကာ ထိုအပင်အောက်မှ ထွက်ခွာသွားကြပါတော့သည်။ငှက်ကလေးကိုယ်စီရသွားသော ကလေးများကတော့ တိုက်ပွဲအောင်မြင်လာသော စစ်သူကြီးများအသွင်။
IMG_20180511_155005.JPG
Image Credit Source
ကလေးများထွက်သွားပြီး များမကြာခင်မှာဘဲ မိခင်ငှက်မကြီးလည်း အစာရှာကာသစ်ပင်ပေါ်သို့ပြန်လည်ရောက်ရှိလာပုံရပါသည်။ခုနကကြားရသော အသံထက်ပိုမိုကျယ်လောင်သော အသံဖြင့်အော်မြည်ကာ ပတ်ဝန်းကျင်တစ်ဝိုက် ပျံသန်းလိုက် မြေပြင်ဆင်းသက်လိုက်ဖြင့်ရှိနေပါတော့သည်။မြေပြင်ပေါ်ဟိုဘက်သွားလိုက် ဒီသွားလိုက်ဖြင့် သူတို့၏သားသမီးများအား လိုက်လံရှာဖွေနေပါတော့သည်။ပတ်ဝန်းကျင်တွင်မတွေ့ရသောအခါ လွန်စွာပူဆွေးသောကရောက်သော အသံဖြင့်အော်မြည်ကာ သစ်ပင်ပေါ်သို့ထပ်မံပျံသန်းပြန်ပါသည်။သစ်ပင်ပေါ်သို့ ရောက်ရှိသွားသော်လည်း သူ၏အသံများကား တိုးတိတ်သွားခြင်းမရှိဘဲ ပိုမိုကျယ်လောင်လျက်ရှိပါတော့သည်။
မိခင်ငှက်မကြီးသည် သူ၏သားသမီးများအား ရှာဖွေဖို့ရန်မနီးမဝေးသော ပတ်ဝန်းကျင်များသို့ထိ သွားရောက်ကာ ရှာဖွေပါတော့သည်။ငှက်မကြီးလိုက်လံရှာဖွေနေသည်မှာအတော်ပင်သနားစရာကောင်းလို့နေပါတော့သည်။ငှက်မကြီးလည်း ပူဆွေးသောအသံများဖြင့်ဘယ်ဆီဘယ်ဝယ်သို့ထိ လိုက်လံရှာဖွေနေသည်ကိုတော့ မသိတော့ပါ။ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြန်ပါသည်။တိတ်ဆိတ်ခြင်းကား အချိန်အနည်းငယ်အတွင်းမှာပင် ပျက်စီးသွားရပြန်ပါသည်။

IMG_20180511_153414.JPG
Image Credit Source
ထိုအချိန်တွင် ငှက်မကြီးသည် သားသမီးများအားရှာမတွေ့သဖြင့် ပြန်လည်ရောက်ရှိလာကာ မိမိတို့ခိုအောင်းရာ အသိုက်ကလေးအနီးတွင်ပင် ပူဆွေးသောကများဖြင့် အသံကုန်ဟစ်ကာ ငိုကြွေးနေပုံရပါသည်။အသံလေးများကလည်း မရပ်မနားကို ထိုသစ်ပင်ပေါ်မှ ပေါ်ထွက်လျှက်ရှိနေခဲ့ပါသည်။
ဆက်ရန် -
စာဖတ်သူ ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာချမ်းသာကြပါစေ။

Writter @theinzawlin
MSC - 128

Sort:  

နားညီးလက်ထှာဟယ်.. နိပိုစ့်.. ရျူ..း. ရှူး

မိခင်ကြီး ငိုနေတာလေ

သနားပါတယ်😔😔

ဟုတ်တယ် မမ သနားစရာလေးတွေပါဗျ

စိတ်တောင်ကောင်းဘူး

တကယ်ပါဗျာ

စိတ်​မ​ကောင်းလိုက်​တာ😥....

ဟုတ်တယ် အစ်မရယ် တကယ်စိတ်မကောင်းစရာပါဘဲဗျာ

ပုံပြင်​​လေးလိုဘဲ ဖတ်​​ကောင်းတယ်​​နော်