တန်ဘိုးဟူသည်

in #myanmar6 years ago (edited)

ရှိနေစဉ်အခါက အမှတ်တမဲ့ဖြင့်နေလာခဲ့ကြသော်လည်း မရှိတော့သောအခါမှ တမ်းတမ်းတတနဲ့ သတိတရရှိနေတတ်ကြတဲ့အရာတွေကလည်း အများကြီးပါ ။

received_214512925797192.jpeg

လူတယောက်ဆိုပါတော့ …
သူရှိစဉ်တုန်းက သူ့ စေတနာ သူ့ လေးစားစရာဂုဏ်အင်တွေကို သိပေမယ့် အမှတ်တမဲ့နေခဲ့ကြတယ် ။ အဲဒီလူမရှိတော့ဘူး ပြန်မလာနိုင်တော့ဘူးဆိုတဲ့အခါကျမှသာ သူ့ ရဲ့အရည်အချင်းတွေကို တန်ဘိုးရှိလှပါလားလို့  နားလည်တတ်တာမျိုးပေါ့ ။

received_214512962463855.jpeg

အခုလဲ ကျမမြင်တွေ့ရတဲ့ မြောင်းမြက တံတားကြီးရဲ့ပုံရိပ်တွေကို ကြည့်ရင်း သတိတရဖြစ်လာမိပါတယ် ။ တံတားကြီးမပျက်ခင်က ဥတဟိုသွားလာနေကြရင်း စားဝတ်နေရေးရုန်းကန်နေကြရတဲ့အတွက်ကြောင့် တံတားကြီးပေါ်က နေ့စဉ်သာဖြတ်သွားရင်း အချိန်တွေကုန်သွားရတာပါ ။

received_214512939130524.jpeg

တံတားကြီးပျက်ပြီးတော့ လမ်းပမ်းဆက်သွယ်ရေးတွေ အခက်ကြုံလာရတာ ပုံရိပ်တွေမြင်ပြီး သိနိုင်လာခဲ့ပါတယ် ။ စက်လှေတိုးစီးရတာတွေ ကားတွေဆိုင်ကယ်တွေကို ဇက်ပေါ်တင်ပြီးမှ လိုရာခရီးကို ရောက်အောင်သွားရတာမျိုးတွေဆိုတော့ အတော်ခက်ခဲတာ မြင်ရသိရပါတယ် ။

အသွားတခေါက်တင်ပြီးကမ်းကိုကူးရတာရယ်
အပြန်ကျလဲတခေါက်ပြန်တင်ပြီး ကမ်းကူးရတာရယ်
တကူးတကလုပ်လာရတော့ တံတားကြီးပေါ်က အလွယ်တကူဖြတ်သန်းသွားလာရတဲ့ တန်ဘိုးကို နားလည်သဘောက်လာသလို တံတားကြီးပျက်သွားရခြင်းကိုလည်း ပိုပြီးနှမြောတသ သတိရလာမိတယ် ။

received_214512915797193.jpeg

ရှိနေခြင်းထက် မရှိတော့မှ မရှိတော့သူရဲ့တန်ဘိုးကို ပိုပြီးနားလည်သလိုမျိုး ဖြစ်မိလာတယ် ။ ကျမတို့ သတိထားရမှာက ရှိနေစဉ်တုန်းအချိန်မှာ သူ့ ရဲ့တန်ဘိုးကိုနားလည်သဘောပေါက်ပြီး သူမရှိတော့ရင်ဆိုတဲ့ အတွေးလေးတခု ထည့်စဉ်းစားကြည့်ပြီး ပြင်ဆင်ရမှာတွေကို ပြင်ဆင်ခဲ့ရမှာပါ ။

အခုတော့ ရှိတုန်းက ရှိတယ်လို့ မှတ်ပြီး
မရှိရင် မရှိဘူးလို့ မှတ် ဆိုသလို ဖြစ်ခဲ့ရပြီ ။ မြောင်းမြတံတားကြီးနဲ့ လက်ရှိသွားလာလှုပ်ရှားနေရသော ပြည်သူများ၏ ပုံရိပ်များကို ကြည့်မိရင်း ခံစားမိတာလေးကို ပြန်လည်ဝေမျှခြင်းပါ ။ MSC မိသားစုများ မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေရှင် ။

all photos credit # facebook news

@thetlyar

MSC 027

Sort:  

မှန်ကန်သော စကားတွေပါပဲဗျာ
ဘယ်အရာပဲဖြစ်ဖြစ် တန်ဖိုးဆိုတာကို မရှိတော့မှ မရနိုင်တော့မှသာ သိကြတာများတယ်ထင်ပါတယ်

ကျေးဇူးပါအကို

အမှန်တွေပြောနေကြတယ်ပေါ့လေ

Good

:)

ဟုတ်တာပေါ့သမီးရယ်..ပစ္စည်းတခု..တစုံတရာရဲ့တန်ဖိုးကိုမရှိတော့ကာမှ..ပိုပီးသိလာတယ်။ဒီလိုအသိဆိုတာလည်း..တန်ဖိုးကိုသိတတ်မှမြင်တာလေ..။ဒီထက်ပိုပီး..အဆင့်မြင့်တဲ့..အတွေးတွေ..အသိတွေ..ဆက်တွေးပီးရေးပါဦး။
အလုပ်လုပ်တဲ့နေရာမှာ..လုပ်တာခြင်းတူစေဦးတော့..စေတနာကွာခြားမူ့လေးဟာ..ဘယ်လောက်အရေးပါသလဲဆိုတာလေးတွေပေါ့....။

ဟုတ်ကဲ့ပါအန်တီ
သမီးကြိုးစားတွေးပြီးရေးပါ့မယ်ရှင်

အန်တီကိုတော့ postတော်တော်များများမှာတွေ့ရတာ
အရမ်းကိုပဲ ဝမ်းသာမိတယ်ဗျာ
MSCထဲမှာ ကျနော်စာရေးတာ အညံ့ဆုံးပဲ အန်တီရေ ဟီး😁

ညံ့တယ်မဟုတ်ပါဘူးကွယ်..ကျိုးစားပါ။ငုပ်လျိုးနေတဲ့မခံခြင်စိတ်ကို..ရှေ့ကိုထုတ်လိုက်..ရေးတတ်လာပီး..ROOL ..
1နေရာဟာ..သားအတွက်ဖြစ်လာမယ်။

😍😍ကျေးဇူးတင်ပါတယ် အန်တီရေ
ခွန်အားတွေရရှိရပါပြီ။ ကြိုးစားပြီး ရေးသားပါ့မယ် အန်တီ

ဟုတယ်နော်

တန်ဖိုး ပေါ့ဗျာ

ဟုတ်အကို

ရှိနေရင်တန်ဖိုးမထားတက်တာ ကျွန်တော်အပါအဝင်လူတွေတော်
တော်များများက အကျင့်တစ်ခုလိုဖြစ်နေကြတယ်...
ဒီ ပိုစ်လေးက ထိုအကျင့်ကိုပြင်ဖို့ မီးမှောင်းထိုးပြလိုက်သလိုပါပဲ

ကျေးဇူးပါရှင်

ဟုတ်​တယ်​​နော့...စိတ်​မ​ကောင်းစရာပါ

ဟုတ်

တံတားကြီးမရှိတော့ ဒုက္ခရောက်ကြရပြီပေါ့နော်

အင်းပေါ့နော့