လာလည်စေချင်သည် အညာမြေတစ်ခွင်ဆီသို့

in #myanmar6 years ago

အညာဒေမှာကျွန်တော့ကိုမွေးတယ် အညာဒေသမှာဘဲ ကျွန်တော်ကြီးပျင်းခဲ့တယ် အညာဒေသမှာဘဲ ကျွန်တော်အလုပ်လုပ်တယ်
တစ်ချို့သူတွေက အညာဆိုရင်ဖုန်တထောင်းထောင်းကိုမြင်ယောင်ကြတယ် တစ်ချို့သူတွေက အညာဆိုရင် ထန်းရည်ကိုသတိယတတ်ကြတယ် တစ်ချို့သူတွေက အညာဆိုရင် နေပူပျင်းတာကိုသိကြတယ် အဲကျွန်တော်သိတဲ့အညာကတော့ လမ်းပမ်းဆက်သွယ်ရေးကောင်းတဲ့အညာ ရာသီသုံးပါးစလုံး လမ်းပမ်းဆက်သွယ်ရေးအတွက်မပူမပင်ရတဲ့အညာပေါ့ အညာနွေဟာ တစ်ခြားဒေသတွေထက်ပူတာကျွန်တော်ဝန်ခံပါတယ်
FB_IMG_1513671223351.jpg ဒါပေမယ့် ကျွန်တော့နေတဲ့မြို့လေးက ပါတ်ဝန်းကျင်ဒေသတွေထက်မပူတာတော့ အမှန်ပါဘဲ မိုးတွင်းဆိုမိုးရွာမိုးကြီးတတ်ပေမယ့် ရေကြီးလို့မိသားစုပါပြောင်းပြီး အနေအထိုင်ဆင်းရဲတဲ့ထိတော့မေကြီးဘူးပေါ့ ဆောင်းတွင်းမှာတော့ အညာဆောင်းက အေးဘီပေါ့ဗျာ အဲမြန်မာပြည်မြောက်ဖျားပိုင်းကမြို့တွေလောက်တော့မအေးပေမယ့် အညာဆောင်းကလဲကြောက်စရာကောင်းတယ်နော် FB_IMG_1513694078768.jpgခုလိုဆောင်းတွင်းရောက်ပီဆိုရင် ကျွန်တော်တို့ဒေသရဲ့ နာမည်ကြီး မုံရွာဗောဒိတစ်ထောင်ရပ်တော်မူ မိုးညှင်းသမ္ဗုဗ္ဒေဘုရားတို့ဆီကို လည်ပါတ်သူတွေအင်မတန်ပေါများနေဘီပေါ့ FB_IMG_1513694171078.jpgအဲ့ဘက်ကနေတစ်ဆပ်တည်းရှိတဲ့ ဆရာသန်းထွန်းလေးရဲ့ ကျောက်ကာတောင်ရွာနဲ့ ထန်းဇလုပ်ချောင်းနဲ့ ကျောက်ကာရွှေဂူနီဘုရားတြိ့ဟာ နာမည်ကြီးတွေဘဲပေါ့ FB_IMG_1513693986771.jpgမုံရွာမှာတစ်ညလောက်နားပြီး ချင်းတွင်းမြစ်တစ်ဖက်ကမ်းကူးကြပြီး ဖိုလ်ဝင်တောင်ဆိုတာကတော့ ရှေးဟောင်းသမိုင်းဝင်နေရာဘဲပေါ့ FB_IMG_1513694953929.jpgနိုင်ငံလှည့်ခရီးသွားတွေ မပြတ်တဲ့နေရာဘဲပေါ့ အဲ့ကနေတစ်ဆင့် အလောင်းတော်ကဿ ဖဘုရားရှင်စံပါယ်တော်မူရာသို့ သွားနိုင်ပါတယ် FB_IMG_1513694259587.jpg
မြူဆိုင်းတဲ့ ညာမြေတစ်ခွင်
အေချမ်းသာယာလှတဲ့အညာမြေမှ ကြိုဆိုလျက်ပါ

Post Writer : Thet Naing Min(@thetnaingmin)
From Myanmar
Photo Credit google Image
MSC-129

Sort:  

အညာကိုစာဖွဲ့တာ ကောင်းတယ်ဗျာ ဒီထက်ပိုပီးစာကိုရှည်အောင်ဆွဲဆန့်ရေးပါ အကိုသက်ရေ

နည်းနည်းတိုသွားတယ် ခုလိုဝေဖန်ပေးတာကျေးဇူးတင်ပါတယ်

ပုံလေးတွေကောင်ပါတယ် ဗျ

ကျေးဇူးပါညီရေ

အညာကလူတွေ အညာမြေကို ပြန်လွမ်းပါတယ်

လာလည်ခဲ့ပါဗျာ

ဂယ်လာလည်မှာနော်

လာခဲ့ပါဗျာ