အချစ်နှင့်ပိုက်ဆံ - ၁

in #myanmar6 years ago

 ကျွန်မနှင့်မောင် သာယာသော ဘဝတစ်ခုကို ဖန်တီး ချင်တဲ့ အတွက် အချစ်ဆိုသော ဟင်းတစ်ခွက်ကို နှစ်ယောက်အတူ ချက်ခဲ့ဘူးသည်။ ထိုအထဲတွင် ပိုက်ဆံဆိုသော ဟင်းချိုမှုန့်လေးပါမှ ပြည့်စုံသော ဟင်းတခွက်ရခဲ့ရသည်။  ကျွန်မ အလုပ်ကိစ္စနှင့် ခရီးထွက်ရင်း အမှတ်မထင်  မောင်နဲ့ ဆုံတွေ့ခဲ့သည်။ ကျွန်မ၏ စိတ်ကူးထဲကမင်းသားလေး ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်သော မောင်နှင့် စဆုံခဲ့ရသည်။ ထိုနေ့က နေသာသည်။ထို့ကြောင့် ကျွန်မ မောင့်ကို  ချစ်သည်။ ကျွန်မနှင့်မောင့်ရဲ့ဘဝဟာ တစ် ကနေစခဲ့ရတယ်လို့  မောင်ကပြောတယ်။      No ကျွန်မကတော့ သုည ကနေစခဲ့ရတယ်လို့ပဲပြောချင်ပါတယ်။ 

 ချစ်သူဖြစ်ပီးစ ပထမဆုံးအကြိမ် စတွေ့ခဲ့တယ် လေ ကျွန်မစိတ်ကူးနဲ့ ပုံဖော်ထားလိုက်တယ်။ဆံပင်အထောင် ဂျင်းဘောင်းဘီရှည် အင်္ကျီလက်တို နဲ့ Ro ဆန်တဲ့ဆိုင်လေးမှာတွေ့ရမယ်ပေါ့လေ။ မောင် ရောက်လာပုံက စတစ်အဖြူလက်ရှည် ပုဆိုးအကွက်စိမ်းပြာ ဆံပင်ဘေးခွဲ ဆိုင်ကယ် အစုတ်နဲ့ လက် ဖက်ရည်ဆိုင်မှာ ချိန်းပါတယ်။ ကျွန်မ စိတ်ထဲမှာ လုံးဝ မဖြစ်နိုင်ဘူး ကျွန်မလို ငယ် ရွယ်တဲ့သူတစ်ယောက် အလုပ်နဲ့အကိုင်နဲ့ လိုချင်တာ ဝယ်နိုင်နေတဲ့သူတစ်ယောက်က လုံးဝပဲမချစ်နိုင်တော့ဘူးလို့တွေးမိတယ် ။ ကျွန်မတို့ပျော်ရွှင်ဖို့ အိမ်မက်တွေ စိတ်ကူးတွေ  ဘာမှဖြစ်မလာနိုင်ဘူးလို့ ကျွန်မတွေးတယ်။ 

ကျွန်မ မောင်က အလုပ်မရှိအကိုင်မရှိ ဘာပိုင်ဆိုင်မှု့မှမရှိ တစ်လောကလုံးမှာ တစ်ယောက်ထဲ တစ်ကောင်      ကြွက် မိဘမရှိ မေတ္တာငတ်နေတဲ့သူတစ်ယောက်ပါ။သူ့မှာပိုင်ဆိုင်တာ နှစ်ခုပဲရှိတယ်။အဲ့ဒါ ကျွန်မနဲ့ရိုးသားမှု့ပါပဲ။ထို့ကြောင့်ကျွန်မရှေ့တစ်လှမ်းတိုးခဲ့သည်။ မိန်းမတစ်ယောက်က ငွေမရှိပဲဘာပိုင်ဆိုင်မှု့မှမရှိပဲ ယောကျာ်းတစ်ယောက်ကို လက်ခံရဲတဲ့သတ္တိရှိလား။ ယောကျာ်းတစ်ယောက်ကရော ကိုယ့်ချစ်သူပျော်ရွှင်ဖို့ မရှက်မကြောက် ဘာအလုပ်ဖြစ်ဖြစ် အလုပ်ဝင်လုပ်ရဲတဲ့သိတ္တိရှိလား လို့ ကျွန်မမေးချင်ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံးမှာရှိခဲ့တယ်။ ကျွန်မစွန့်စားမယ် မောင့်ကို ကျွန်မလိုချင်တဲ့ပုံစံရ အောင် ကျွန်မ Train မယ်လို့စဉ်းစားခဲ့တယ်။ ကျွန်မ မောင့်အပေါ် မေတ္တာ အပြည့်ပေးခဲ့တယ်၊ နားလည်မှု့အပြည့်ပေးခဲ့တယ် အရာရာခွင့်လွတ်ပေးခဲ့တယ်။ မောင်သည်ကျွန်မအပေါ် သစ္စာမပေါက်ပဲ ချစ်ပေး အလိုလိုက်ပေးခဲ့တယ်။ 

 First Training  မောင့်ကိုပုံစံပြောင်းပေးခဲ့တယ်။မောင့်ရဲ့အပြောအဆိုကနေစပီး မောင့်ရဲ့အဝတ်အစား ဆံပင်မှအစအသားအရေထိပါ ချိန်းပေးခဲ့တယ်။  Second Training  ကျွန်မနဲ့မောင် ဆိုင်တစ်ဆိုင်မှာထိုင်ရင်း ညားခါစ လင်များအတွဲလေးကိုမြင်ခဲ့တယ် သူတို့နှစ်ယောက်က ဖုန်းဆိုင်လေးတစ်ဆိုင်ဖွင့်ပီးအေးချမ်းစွာပျော်နေတဲ့ပုံလေး တွေ့ခဲ့ရတယ်။ မောင်ကပြောတယ် အားကျလို့လားတဲ့ ကျွန်မခေါင်းငြိမ့်ပြခဲ့တယ်။အဲ့လိုဆိုင်လေးပိုင်ချင်လိုက်တာလို့ပြောခဲ့တယ်။ နောက်ရက်ရောက်တော့ မောင်က လိပ်စာကဒ် သွားလုပ်ရအောင်တဲ့ ဖုန်းဆိုင်လိပ်စာကဒ်လေး လုပ်ခဲ့ တယ်။  စိတ်ကူးနဲ့ဆိုင်နာမည်လေးပေးပြီး လိပ်စာမပါတဲ့ လိပ်စာကဒ်လေးတစ်ခု ဖန်တီးခဲ့တယ်။ကျွန်မမောင့်ကို အထင်မသေးပါ ယုံကြည်မှု့အပြည့်ပေးခဲ့တယ်။ 

ကျွန်မတို့နှစ်ယောက်ပိုက်ဆံတစ်ပြားမှမရှိပဲ ဖုန်းဆိုင်တစ်ဆိုင်ပိုင်ချင်တာ ရူးနေလို့လားလို့ အများထင်နိုင်ပါတယ်။ ကျွန်မ မောင့်ကိုအားဖြစ်စေအောင် ယုံကြည်မှု့တစ်ခု အမြဲပေးနေတဲ့ စကားတခွန်းရှိတယ်၊ အဲ့ဒါက လူတိုင်းမှာ well power တစ်ခုရှိတယ် လူတွေက အဲ့ဒါကိုမသိပဲကောင်းကောင်းအသုံးမချတက်လို့ မအောင်မြင်ကြတာလို့အမြဲပြောဖြစ်တယ်။ဥပမာ အနေနဲ့ မီးးးမီးးး မီးလောင်နေတယ်လို့  အော်လိုက်တာပဲဖြစ်ဖြစ် တခုခုပေါ့ “ဘယ်မှာလဲ ဘယ်မှာလဲ နင့်တို့နောက်မှာလို့”ပြောလိုက်တာနဲ့ လန့်ပြီး အိမ်ရှေ့က ခြံစည်းရိုးကို ဘယ်လိုကဘယ်လို လွှားကနဲ ကျော်လွှားနိုင်လိုက်လဲမသိဘူး။ သွေးအေးသွားမှ ပြန်ကျော်ကြည့်မရ တော့ဘူး အဲ့ဒါ စိတ်စွမ်းအင်ပဲ။

ဒါကြောင့် ကျွန်မလဲ မောင့်ကို စိတ်စွမ်းအင်တွေပေးခဲ့တယ် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အားတွေသွင်းပေးခဲ့ တယ်။ ဒီလိုနဲ့ မောင်က ရရာအလုပ်လေးလုပ်ရင်း  ဖုန်းလေးတွေဝယ်ရောင်းလုပ် လွယ်အိတ်တစ်လုံးနဲ့  ဖုန်းလေးတွေလိုက်ရောင်းလို့ရတဲ့ပိုက်ဆံလေးတွေ  ကျွန်မကိုအပ်ပေါ့။ ဖုန်းပြင်သင်တန်းတွေ မတက်နိုင်တော့ ညပိုင်းမှာ သူများဆိုင်မှာ အလုပ်လုပ်ကူရင်း သင်တန်ပေးတာလေး တွေနားထောင်ရင်း ပညာယူခဲ့ရတာပေါ့။ ဒီလိုနဲ့ ကံတရားက ကျွန်မတို့ဘက်ပါလာခဲ့တယ်  ဆိုင်ခန်းကျဉ်းကျဉ်းလေးနဲ့ဖုန်းဆိုင်လေးတခုက  ရောင်းအားမရှိလို့ ပိတ်မယ်၊စာချုပ် (6)လစာ ကျန် သေးတယ်ဆိုပီး ကျွန်မတို့ကို လွှဲပေးခဲ့တယ်။ စုထားတဲ့ပိုက်ဆံလေးနဲ့ ဆိုင်ခန်းကျဉ်းကျဉ်းလေးအားလွှဲယူခဲ့တယ်။

 တစ်ဖြည်းဖြည်းပိုက်ဆံလေးတွေစုရင်း ဆိုင်ခန်းလေး ကြီးလာခဲ့တယ်။ အရမ်းတော်တဲ့မောင် အရမ်းဉာဏ်ကောင်းတဲ့မောင် အရမ်းအရည်အချင်းရှိတဲ့မောင်ဆိုပီး တိတ်တိတ်လေး ကျိတ်ပျော်နေမိတယ်။  Third Training  ကျွန်မ လောဘကြီးလာတယ်။ကျွန်မလိုချင်မှု့တွေပိုင်ဆိုင်ချင်မှု့တွေ အရမ်းများလာခဲ့တယ်။ ဘာပြောလိုက်ပြောလိုက် မောင့်ဘက်က အကုန်ဖြစ်လာတော့ ကျွန်မ ပိုတောင်းဆိုမိခဲ့တယ်။ ကျွန်မ ကိုယ်ပိုင်ကားလေးစီးချင်တယ်လို့ပြောမိတယ်။တစ်ကယ်ပါပဲ ရလာခဲ့တယ်။ ကျွန်မ အရမ်းကြောက်လာမိတယ်။မောင့်အရည်အချင်းကြောင့်လားကျွန်မတို့နှစ်ယောက်ရဲ့ကံလား ကျွန်မပေးခဲ့တဲ့စွမ်းအင်ကြောင့်လား ဘာမျှော်လင့်ချက်မှမရှိပဲ ရိုးသားစွာချစ်လာခဲ့မိလို့လား ဝေခွဲမရပါ။ 

အခက်အခဲတွေ အများကြီးရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်။လွယ်လွယ်နဲ့မရခဲ့ပါဘူး။ ယုံကြည်မှု့သစ္စာရှိမှု့ကြိုးစားမှု့တွေပေါင်းစပ်ပြီးမှ ရလာသောအရာတစ်ခုပါပဲ။ ဘဝနာခဲ့ရတယ်၊လူတွေအကြောင်းကောင်းကောင်းသိ ပြီး အောင်မြင်မှု့တစ်ခု ရခဲ့ရတယ်။ ကျွန်မ မောင့်အတွက်ဂုဏ်ယူမိတယ်။ ပိုက်ဆံ 30000 နဲ့ အိမ်မက်တွေကိုစခဲ့တယ်၊ဆိုင်ရှင် တစ်ယောက်ဖြစ်လာခဲ့တယ်၊ဒီနေ့ဒီအချိန် phone service လောကမှာ ဆရာ ဖြစ်ခဲ့ရတယ်။  Fourth Training  ကျွန်မတို့ မန္တလေးမြို့တွင် ရှိသော နာမည်ကြီးဖုန်းဆိုင်များနှင့် ယှဉ်လျှင်ကျွန်မတို့ဆိုင်လေးမှာ လူသိနဲခဲ့ သည်။အောင်မြင်ချင်သောစိတ် တိုးတက်ချင်သော စိတ်များ မောင့်တွင်ရှိခဲ့သည်။

 ထို့ကြောင့် ကျွန်မကိုယ်တိုင် ဖုန်းcoverများအား  Hand Make ပြုလုပ်၍ နာမည်ကြီးဖုန်းဆိုင်များအား  လက်ကားဖြန့်ဝေရေးစတင်ခဲ့သည်။ထိုမှတဆင့်ခင်မင်ရင်းနှီးမှု့ဖြင့် ကျွန်မတို့ဆိုင်အား စတင်မိတ်ဆက်ခဲ့သည်။မန္တလေးတစ်မြို့လုံး နာမည်ကြီးဆိုင်များအပါအဝင် မည်သည့်ဆိုင်မျှမလုပ်နိုင်သော Samsung အပေါ်မှန်ခုံးများအား ပထမဆုံး လုပ်နိုင်ခဲ့တဲ့ မောင့်ကို ထိုဆိုင်များမှ စတင်အပ်ခဲ့ပါသည်။မောင့်ရဲ့ အပြုံးပန်းများ ပွင့်လန်းခဲ့ရတယ်။ အောင်မြင်မှု့တခု စတင်ရလာခဲ့တယ်။ လူတော်တော်များများအောင်မြင်မှု့ဒဏ်ကို ခံနိုင်ရည်ရှိဖို့လိုအပ်တယ်။ကျွန်မနဲ့ မောင်က အောင်မြင်မှု့ဒဏ်ကို ခံနိုင်ဖို့ အမြဲတစ်ယောက်နဲ့တစ်ယောက် သတိပေးကြတယ်။ နောက်ဆုံးခံနိုင်ရည်မရှိခဲ့ပါဘူး။ မောင့်ရဲ့ အားနည်းချက် တခုကြောင့် စတင် လောင်ကျွမ်းခဲ့ပါတယ်။                                                                                        

ဆက်ရန် 

Author - Thin Zar Nyi Nyi

Sort:  

ဖတ်ကောင်းတယ် အားကျတယ်။ ပျော်စရာကောင်းတယ် အဲ့လိုလေးဖြစ်ခဲ့တာ။ အသိမ်းနားတော့ တစ်မျိုးကြီးဖြစ်သွားတယ်။ ဒါပေမဲ့ ဆက်စောင့်နေပါ့မယ်ဗျ။ ဖိုက်တင်း

ဖိုက်တင်း

ဖတ်လို့ကောင်းတယ်ဗျ

ကျေးဇူးတင်ပါတယ်

အားနည်းချက်ကတော့ ရှိစမြဲပါပဲ ပြန်လည်တည်ဆောက် ဖို့တော့လိုမှာပေါ့

ဟုတ်ကဲ့ပါရှင့်

အားပေးနေပါတယ် ဆက်ရေးပါဦး

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်

အာြေ​နေတယ်​​နော်

ဟုတ်ကဲ့