အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာ ချမ်းသာ ကြပါစေ။
ဒီနေ့တော့ သည်းခံစိတ်ထားတဲ့သူတွေနဲ့ယနေ့ခေတ်လူတွေရဲ့ကြား ဖြစ်ပျက်ပုံနဲ့ပတ်သက်ပြီးတင်ပြချင်ပါတယ်။ခန္တီ ဆိုသော သည်းခံတတ်တဲ့ စိတ်သည် လူတိုင်းတွင်မရှိနိုင်ပေ။အတော်ပင် အဆင့်မြှင့်သော စကားလုံးဖြစ်သည်ဟုဆိုရပေမည်။ကျွန်မအသက် နဲ့အမျှတွေ့ခဲ့ဖူးသော သူတိုင်းသည်းခံစိတ်နည်းကြသည်။အပြည့်အဝသည်းခံရမည်ဟုပြောလျှင် ဘုရားမှတစ်ပါး မည်သူမှမလုပ်နိုင်ပေ။လူတစ်ဦးနဲ့တစ်ဦးကြားပေါင်းသင်းဆက်ဆံရေးခိုင်ခံဖို့အတွက် သည်းခံစိတ်သည်အရေးကြီးသည်။သည်းခံစိတ်မထားလျှင်ရေရှည်လက်တွဲရန်မဖြစ်နိုင်ပေ။
အခုခေတ်လူငယ်အချို့သည် သည်းခံစိတ်ကို သိပ်နားမလည်ပုံရသည်။သူ့တို့ကိုယ်၌ သည်းခံတတ်သူကြီးဟု ယူဆသော်လည်း ဆတ်ဆတ်ထိမခံတတ်သူများဖြစ်နေကြသည်။ သည်းခံစိတ်တိုသည်မှာ မိမိအပေါ်၌မိမိအလိုမကြသည်များ လုပ်လာသူကိုခွင့်လွှတ်ပေးနိုင်ခြင်း၊ မိမိစေတနာအား ဝေဒနာလို့မြင်သူကို ခွင့်လွှတ်ပေးနိုင်ခြင်း စသည့် ခွင့်လွှတ်မှုနဲ့ဆိုင်သည်။ တစ်ဖက်သားကိုနားလည်သော မျက်လုံးနဲ့ကြည့်တတ်ဖို့ဆိုလိုခြင်းဖြစ်သည်။ အချို့ကိစ္စအသေးလေးများ အားမိမိကခွင့်လွှတ်ပေးလိုက်သည်ကို သည်းခံခြင်းဟုမဆိုသာပေ။ ဤအရာကိုလူတိုင်းခွင့်လွှတ်ပေးနိုင်သည်။မိမိအပေါ် ထိခိုက်မှုတစ်စုံတစ်ရာရှိမေပယ့် အပစ်မမြင် ခွင့်လွှတ်ပေးတာမျိုးကိုမှ သည်းခံသည်ဟုပြောလို့ရသည်မဟုတ်ပါလော။
သည်းခံစိတ်ထားသူ၏စိတ်နှလုံးသည် အေးချမ်းသည်။အမြဲတမ်းပျော်နေရတတ်သည်။သည်းခံစိတ်မရှိသူ၏စိတ်ထဲတွင် မိမိအား ဤကဲ့သို့လုပ်သွားသည်၊ကျောသွားသည်ဟု တွေးကာ စိတ်မချမ်းမသာ ဖြစ်ကြရသည်။မိမိ၏ပျော်ရွှင်စရာအချိန်များကို စိတ်ဆင်းရဲမှုနဲ့ လဲပစ်နေကြသည်။ လူတစ်ယောက်အပေါ်တွင် ကိုယ်ချင်းစာစိတ်ထားလျှင် နားလည်မှုပိုရှိသွားသည်။နားလည်မှုရှိလျှင် အပစ်မမြင်တတ်တော့ပေ။ ဤတွင်ကား သည်းခံခြင်းအစ ဖြစ်သည်။ တစ်ခုခုဆို ကိုယ့်ထက်သာသွားသည်၊ကိုယ်ကအကောင်းပြောတာ သူကတစ်မျိုးထင်တယ်၊ငါမကြိုက်ပါဘူးဆိုတာကို ငါ့အပေါ်လုပ်သွားတာ စသော ဒေါသတရားများနဲ့ ချည်နှောင်ပစ်ကြသည်။ဤသည်ကား သည်းခံခြင်းနဲ့ဝေးကွာသွားတော့သည်။
ယနေ့ခေတ်လူငယ်အချို့သည် သည်းခံခြင်းကို မထားတာကောင်းသည်ဟု ယူဆကြသည်။အကြောင်းမှာ သည်းခံလျှင်ခေါင်းပေါ်တက်ကြသည် ဟု ပြောကြသည်။အမှန်ပင် သည်းခံစိတ်ထားသူများအပေါ်၌လွယ်လွယ်ကူကူ အနိုင်ယူကြသည်။အားမနာ လျှာမကျိုး လုပ်ရက်ကြသည်။ကိုယ်အဆင်ပြေလျှင်ပြီးရော့ ညှာတာမှုကင်းပြုကျင့်လာကြသည်။ ပြသာနာတက်တာခြင်းတူသော်ညားလည်း သည်းခံတတ်သူအား ပို၍ ဖိအားပေးပြောဆိုကြသည်။ဤအချက်များသည် သည်းခံတတ်သူအပေါ်အနိုင်ကျင့် ခေါင်းပေါ်တက်နေကြခြင်းပင်ဖြစ်သည်။ သူကဘာမှမပြောဘူး သူ့ဆို ငါဘာမဆိုလုပ်ရဲတယ်၊ခိုင်းရဲတယ်။သူကသည်းမခံဘူးဟ သူကိုတော့ ငါမပြောရဲဘူး၊ငါကြောက်တယ် စသော စကားလုံးအသုံးနှုန်းကိုကြည့်ယုံဖြင့် သည်းခံတတ်သူအပေါ်အနိုင်ယူဖို့ဝန်မလေးခြေ။ဤအတွက်ကြောင့်လည်း သည်းခံလျှင်ခေါင်းပေါ်တက်သည်ဟု ယူဆသွားကြဖြသ်ပေမယ်။
သို့သော် မိမိ၏သည်းခံစိတ် ကိုတော့ မဖျောက်ပစ်ကြပါနဲ့လို့တောင်းတိုပါရစေ။အခုလို ရမ်မက်လောဘကြီးသော ယနေ့ခေတ်ကြီးမှာ လူဖြစ်လာကြသော သူတွေကြားမှာ မိမိသည် သည်းခံစိတ်ထားတတ်ပြီးစိတ်ကောင်းနှလုံးကောင်းကိုပိုင်ဆိုင်သူဖြစ်နေသည်မှာ ဂုဏ်ပုဒ်တစ်ခုပင်ဖြစ်သည်။ဤစိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားသော မိမိသည် ချမ်းသာခြင်းအစစ် နေ့တိုင်းခံစား၊စံစားရသည်မဟုတ်ပါလော။ လူတိုင်းအပေါ်တွင် အပစ်မမြင် နားလည်ပေးတတ်ခြင်းသည် လည်း မင်္ဂလာ ထဲကမင်္ဂလာတစ်ခုဖြစ်သည် မဟုတ်ပါလော။
နောက်ဆုံးအကြံပေးချင်တာကတော့ မိမိသည် သည်းခံ တတ်သူဖြစ်ပေမယ့်အဆိပ်ရှိသည်ကိုတော့ လူတွေသိအောင်ပြသရမည်။ဤနေရာတွင် ပုံပြင်တစ်ပုဒ်သတိရသွားမိသည်။ရသေ့ကြီးက အရမ်းဆိုးသွမ်းပြီိး သောင်းကျန်းနေတဲ့မြွေဆိုးကို အခြားသူများအပေါ် သည်းခံပြီး မေတ္တာ ထားခြင်းဟာ အင်မတန်မွန်မြတ်လှကြောင်း ဆုံးမစကားဆိုပြီးကတည်းက ပြောင်ူလဲသွားသော မြွေဆိုးခင်ဗျ အားလုံးရဲ့ ကစားစရာအရုပ်တစ်ရုပ်သဖွယ်အဖြင့် အနိုင်ကျင့်ခံရသည်။ သူသည်းခံသော်လည်း လူတို့သည် အခွင့်ကောင်းယူပြီး အနိုင်ကျင့်သည်ကို ရသေ့အားပြန်ပြောပြရာ ရသေ့မှ ထပ်၍ဆုံးမစကားဆိုသည်မှာ သည်းခံလိုက်ပါလို့ပဲ ဆုံးမတာ ပြန်မတုံ့ပြန်ရဘူးလို့ မဆိုလိုဘူးတဲ့လေ။ဤစကားအဓိပ္ပါယ်မှာ မိမိမြွေ အဆိပ်ရှိတယ်ဆိုတာတော့ သိအောင် အမောက်ထောင်ပြသင့်တာပေါ့။
အမှန်ပင် ဤကဲ့သို့မတုံ့ပြန်လျှင် အနိုင်ကျင့်ခံရမည်။အနှိမ်ခံရမည်။မိမိတန်ဖိုး အလကားအဖြစ်သတ်မှတ်ခံရမည်။အခုခေတ်သည် ပို၍ပင်ဆိုးသေးသည်။သည်းခံမှုအပေါ် အခွင့်ရေးယူပြီး အသုံးချသူများ ပေါများလှသည်။သည်းခံလျှင်ခေါင်းပေါ်တက်ထိုင်ဖို့ ဝန်မလေးချေ။ဒါကြောင့် သည်းခံပါ။တန်ဖိုးသော သူတစ်ပါးသိပါစေ။ ကူညီပါ ။အနှိမ်တော့ မခံပါနဲ့။နားလည်မှုထားပါ။အသုံးချမခံပါနဲ့။သူတစ်ပါးကြောင့် မိမိကောင်းသော စိတ်အားမပြောင်းလဲမိပါစေနဲ့။မိမိသည် ခွင့်လွှတ်နားလည်ပေးတတ်သူဖြစ်သလို မိမိတွင် အဆိပ်ရှိသည်ကိုလည်း မခြားသူများသိပါစေ။အရာရာတွင် ကန့်သတ်ချက်ရှိသည်။ကန့်သတ်ချက်ထက်ကျော်သော ကိစ္စများအား သည်းခံစိတ် ထားလျှင်နုံအားသော အတန်းစားထဲတွင် စာရင်းသွင်းခံရတတ်သည်။ဒါကြောင့် သည်းခံမှုအား အကြောင်းပြု၍ အနိုင်ကျင့်မခံပါနဲ့။နုံအတယ်လို့ အထင်မခံပါနဲ့။
အားလုံးကို ကျေးဇူးတင်ပါတယ်။
@thithisann
Author Thi Thi San
Msc 262
ကောင်းမွန်သောစကားပါ
ဟုတ်ကဲ့အကို့ ကျေးဇူးပါ
တခါတလေတော့ လည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြရမယ် 😁
မဟုတ်ရင် တက်နင်းခံရမှာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
တစ်ကယ် သတ္တိရှိမှ သည်းခံနိုင်တာပါ
သည်းခံနိုင်ဖို့ သတ္တိ မွေးတော့မယ်
သည်းခံစိတ်ဟာ အလေ့အကျင့်နဲ့ဆိုင်တယ် ။သည်းခံတာကို လူတိုင်း မလုပ်နိုင်ပါဘူး ။များများသည်းခံနိုင်လေ ကောင်းလေပါ။နဂါးမှန်း သိအောင် အမောက်ထောင် ပြဘို့ လိုတယ်ဆိုပေမယ့် တော်တော်များများက သင် နဂါးမှန်း သိကြတာက များပါတယ်။
နဂါးမှန်းသိရင်တော့ အမောက်မလိုတော့ဘူးနော်...
မှန်ကန်သောစကားများနှင့်အရမ်းကောင်းပါတယ်.....မှတ်သားစရာ ပါ....
မှတ်သားပါ
တစ်ချို့က သည်းခံနေတာကို အကောင်းမှတ်နေကြတယ် ညီမရေ ☺ ☺
သည်းခံခြင်းဆိုတာ လူတော်တွေမှလုပ်နိုင်တာတဲ့ညီမရေ
တချက်တချက် သတိထားနေရတယ်